အလုပ်အကိုင် ဖန်တီးရေးကို အထူးအလေးပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က သူရဲ့ facebook ကနေ ယနေ့အသိပေးလိုက်ပါတယ်


(Unicode)⤵⤵⤵
ကျွန်မတို့ ယခုလုပ်ဆောင်မှုများဟာ နောင်အတွက် ရင်းနှီးမှုများဖြစ်စေချင်ကြောင်း ကျွန်မ မနေ့က ရေးခဲ့ပါတယ်။ ဘယ်အခြေအနေမဆို အဆိုးဘက်ကို ရောက်သွားမလား၊ အကောင်းဘက်ကို ရောက်သွားမလားဆိုတာ ကာယကံရှင်များအပေါ် အများကြီးမူတည်ပါတယ်။

ပြည်ပမှ ကျွန်မတို့နိုင်ငံသားတွေ အများအပြား ပြန်လာနေချိန်မှာ အတွေးလေးတွေ ဝင်လာပါတယ်။ ပြန်လာသူများအတွက် ကျန်းမာရေး၊ ခရီးသွားရေးအစီအစဉ်တွေ ချမှတ်ဆောင်ရွက်ရတာ ကြီးမားတဲ့ တာဝန်ဖြစ်ပေမဲ့၊ အခက်အခဲနဲ့ ကြုံချိန်မှာ ကိုယ့်နိုင်ငံကိုအားကိုးစိတ်နဲ့ ပြန်လာကြတာကို ကျေနပ်ဂုဏ်ယူမိပါတယ်။ အချို့ အင်အားကြီးနိုင်ငံများရဲ့ ပြည်သူတွေဟာ၊ နိုင်ငံရပ်ခြားရောက်တုန်း ပြဿနာတစ်ခုခုဖြစ်ရင်၊ “ကျုပ်တို့က ဘယ်နိုင်ငံသား” ဆိုပြီး မိမိတို့နိုင်ငံရဲ့ အင်အားအရှိန်ကိုယူကြပါတယ်။ ကျွန်မကတော့ ဘယ်သူ့ကိုမှ ကျောချင်တဲ့စိတ်နဲ့မဟုတ်ပဲ၊ ဘယ်လိုအခြေအနေမှာမဆို၊ ဒို့နိုင်ငံက ဒို့ကိုပစ်ထားမှာမဟုတ်ဘူး ဆိုတဲ့ စိတ်လုံခြုံမှုမျိုး ကျွန်မတီုပြည်သူတွေမှာရှိစေချင်ပါတယ်။

စီးပွါးရေးလိုအပ်ချက်ကြောင့်ကျွန်မတို့ပြည်သူတွေ တိုင်းတစ်ပါးကိုသွားရတဲ့ အခြေအနေတွေကိုလည်းပြောင်းချင်ပါတယ်။ Covidရဲ့ အကျိုးဆက်တွေကိုအောင်နိုင်စွာကိုင်တွယ်ဆောင်ရွက်ရေးစီမံချက်တွေထဲမှာ အလုပ်အကိုင် ဖန်တီးရေးကိုအထူးအလေးပေးမှာဖြစ်ပါတယ်။ အရာရာတိုင်းမှာလိုပဲ ရည်ရွယ်ချက်တွေအောင်မြင်ဖို့ ပြည်သူရဲ့ ပူးပေါင်းအားပေးမှုဟာအဓိကပါ။ ပြည်တွင်းအလုပ်အကိုင်တွေအတွက် ရမဲ့ဝင်ငွေက ချက်ချင်းတော့ ပြည်ပမှာရနိုင်တာကိုမမီတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံမှာနေရတဲ့ သုခ အကျိုးအမြတ်တွေရဲ့ တန်ဖိုးလည်းရှိပါသေးတယ်။

ယခုလိုကျွန်မတို့နိုင်ငံရဲ့ပြန်လည်ထူထောင်ရေးကာလလို့ ဆိုနိုင်တဲ့အချိန်မှာ တစ်ထောင့်တစ်နေရာက ပါဝင်နိုင်တဲ့အခွင့်အရေးရဲ့တန်ဖိုးကလည်းကြီးမားပါတယ်။  နောင်မျိုးဆက်တွေအတွက် ရုပ်ပိုင်းဆိုင်ရာသာမက၊ စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်တွေ စုဆောင်းရေးမှာပါဝင်ကြစေချင်ပါတယ်။

Aung San Suu Kyi
------------------------------------

(Zawgyi)⤵⤵⤵
အလုပ္အကိုင္ ဖန္တီးေရးကို အထူးအေလးေပးမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ က သူရဲ႕ facebook ကေန ယေန႔အသိေပးလိုက္ပါတယ္

ကြၽန္မတို႔ ယခုလုပ္ေဆာင္မႈမ်ားဟာ ေနာင္အတြက္ ရင္းႏွီးမႈမ်ားျဖစ္ေစခ်င္ေၾကာင္း ကြၽန္မ မေန႔က ေရးခဲ့ပါတယ္။
ဘယ္အေျခအေနမဆို အဆိုးဘက္ကို ေရာက္သြားမလား၊ အေကာင္းဘက္ကို ေရာက္သြားမလားဆိုတာ ကာယကံရွင္မ်ားအေပၚ အမ်ားႀကီးမူတည္ပါတယ္။

ျပည္ပမွ ကြၽန္မတို႔ႏိုင္ငံသားေတြ အမ်ားအျပား ျပန္လာေနခ်ိန္မွာ အေတြးေလးေတြ ဝင္လာပါတယ္။ ျပန္လာသူမ်ားအတြက္ က်န္းမာေရး၊ ခရီးသြားေရးအစီအစဥ္ေတြ ခ်မွတ္ေဆာင္႐ြက္ရတာ ႀကီးမားတဲ့ တာဝန္ျဖစ္ေပမဲ့၊ အခက္အခဲနဲ႔ ႀကဳံခ်ိန္မွာ ကိုယ့္ႏိုင္ငံကိုအားကိုးစိတ္နဲ႔ ျပန္လာၾကတာကို ေက်နပ္ဂုဏ္ယူမိပါတယ္။ အခ်ိဳ႕ အင္အားႀကီးႏိုင္ငံမ်ားရဲ႕ ျပည္သူေတြဟာ၊ ႏိုင္ငံရပ္ျခားေရာက္တုန္း ျပႆနာတစ္ခုခုျဖစ္ရင္၊ “က်ဳပ္တို႔က ဘယ္ႏိုင္ငံသား” ဆိုၿပီး မိမိတို႔ႏိုင္ငံရဲ႕ အင္အားအရွိန္ကိုယူၾကပါတယ္။ ကြၽန္မကေတာ့ ဘယ္သူ႔ကိုမွ ေက်ာခ်င္တဲ့စိတ္နဲ႔မဟုတ္ပဲ၊ ဘယ္လိုအေျခအေနမွာမဆို၊ ဒို႔ႏိုင္ငံက ဒို႔ကိုပစ္ထားမွာမဟုတ္ဘူး ဆိုတဲ့ စိတ္လုံၿခဳံမႈမ်ိဳး ကြၽန္မတီုျပည္သူေတြမွာရွိေစခ်င္ပါတယ္။

စီးပြါးေရးလိုအပ္ခ်က္ေၾကာင့္ကြၽန္မတို႔ျပည္သူေတြ တိုင္းတစ္ပါးကိုသြားရတဲ့ အေျခအေနေတြကိုလည္းေျပာင္းခ်င္ပါတယ္။ Covidရဲ႕ အက်ိဳးဆက္ေတြကိုေအာင္ႏိုင္စြာကိုင္တြယ္ေဆာင္႐ြက္ေရးစီမံခ်က္ေတြထဲမွာ အလုပ္အကိုင္ ဖန္တီးေရးကိုအထူးအေလးေပးမွာျဖစ္ပါတယ္။ အရာရာတိုင္းမွာလိုပဲ ရည္႐ြယ္ခ်က္ေတြေအာင္ျမင္ဖို႔ ျပည္သူရဲ႕ ပူးေပါင္းအားေပးမႈဟာအဓိကပါ။ ျပည္တြင္းအလုပ္အကိုင္ေတြအတြက္ ရမဲ့ဝင္ေငြက ခ်က္ခ်င္းေတာ့ ျပည္ပမွာရႏိုင္တာကိုမမီတာျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ ကိုယ့္ရပ္ကိုယ့္႐ြာ၊ ကိုယ့္ႏိုင္ငံမွာေနရတဲ့ သုခ အက်ိဳးအျမတ္ေတြရဲ႕ တန္ဖိုးလည္းရွိပါေသးတယ္။

ယခုလိုကြၽန္မတို႔ႏိုင္ငံရဲ႕ျပန္လည္ထူေထာင္ေရးကာလလို႔ ဆိုႏိုင္တဲ့အခ်ိန္မွာ တစ္ေထာင့္တစ္ေနရာက ပါဝင္ႏိုင္တဲ့အခြင့္အေရးရဲ႕တန္ဖိုးကလည္းႀကီးမားပါတယ္။  ေနာင္မ်ိဳးဆက္ေတြအတြက္ ႐ုပ္ပိုင္းဆိုင္ရာသာမက၊ စိတ္ပိုင္းဆိုင္ရာ အေမြအႏွစ္ေတြ စုေဆာင္းေရးမွာပါဝင္ၾကေစခ်င္ပါတယ္။

Aung San Suu Kyi
https://www.facebook.com/aungsan.suukyi.5661
အလုပ်အကိုင် ဖန်တီးရေးကို အထူးအလေးပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က သူရဲ့ facebook ကနေ ယနေ့အသိပေးလိုက်ပါတယ် အလုပ်အကိုင် ဖန်တီးရေးကို အထူးအလေးပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က သူရဲ့ facebook ကနေ ယနေ့အသိပေးလိုက်ပါတယ် Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.