ဘင်္ဂလားဒေ့ရှ်မှာ COVID-19 ကူးစက်သူ ၂၄ နာရီအတွင်း စံချိန်တင်မြင့်တက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka မြို့က ဘဏ်ထဲ မဝင်ခင် အဝင်ပေါက်မှာ ကိုယ်အပူချိန်တိုင်းနေတဲ့ ဝန်ထမ်း တဦး။ (ဧပြီ ၀၂၊ ၂၀၂၀)
(Unicode)⤵⤵⤵
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 အတည်ပြုလူနာ ၂,၀၂၉ ယောက်ရှိပြီး စံချိန်တင်အောင်များခဲ့တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေ ဒီကနေ့ ပြောကြားလိုက်ပါတယ်။ သေဆုံးသူကလည်း ၁၅ ယောက်ရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေရှ့်မှာ စုစုပေါင်း အတည်ပြုလူနာ ၄၀,၀၀၀ ကျော်သွားပြီဖြစ်သလို သေဆုံးသူက ၅၅၀ ကျော်သွားပါပြီ။

တချိန်ထဲမှာပဲ မီးရထားအပါအဝင် အများပြည်သူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ သင်္ဘော၊ ရထားတွေပေါ်မှာ နေ့လည်စာရောင်းတဲ့ ဝန်ဆောင်မှုတွေကို အရေအတွက် အကန့်အသတ်၊ ကျန်းမာရေးဌာနရဲ့ စည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ခွင့်ပြုတယ်လို့ အစိုးရက ကြေညာပါတယ်။

ဒါပေမဲ့ ခရိုင်တခုကနေ တခုသွားလာတာ၊ ည ၈ နာရီကနေ ၆ နာရီအတွင်း ခရီးသွားလာတာ အပါအဝင် ကန့်သတ်ချက်တချို့ကို ဆက်လက် ထုတ်ပြန်ထားပါတယ်။ လူတွေအနေနဲ့လည်း လူစုလူဝေးမလုပ်ရဘဲ တယောက်နဲ့ တယောက် ခပ်ခွာခွာ နေရကြမှာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------------
(Zawgyi)⤵⤵⤵
ဘဂၤလားေဒ့ရွ္မွာ COVID-19 ကူးစက္သူ ၂၄ နာရီအတြင္း စံခ်ိန္တင္ျမင့္တက္

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 အတည္ျပဳလူနာ ၂,၀၂၉ ေယာက္ရွိၿပီး စံခ်ိန္တင္ေအာင္မ်ားခဲ့တယ္လို႔ က်န္းမာေရးတာဝန္ရွိသူေတြ ဒီကေန႔ ေျပာၾကားလိုက္ပါတယ္။ ေသဆုံးသူကလည္း ၁၅ ေယာက္ရွိတယ္လို႔ ေျပာပါတယ္။ ဒါေၾကာင့္ ဘဂၤလားေဒရွ႕္မွာ စုစုေပါင္း အတည္ျပဳလူနာ ၄၀,၀၀၀ ေက်ာ္သြားၿပီျဖစ္သလို ေသဆုံးသူက ၅၅၀ ေက်ာ္သြားပါၿပီ။

တခ်ိန္ထဲမွာပဲ မီးရထားအပါအဝင္ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး ဝန္ေဆာင္မႈ လုပ္ငန္းေတြနဲ႔ သေဘၤာ၊ ရထားေတြေပၚမွာ ေန႔လည္စာေရာင္းတဲ့ ဝန္ေဆာင္မႈေတြကို အေရအတြက္ အကန႔္အသတ္၊ က်န္းမာေရးဌာနရဲ႕ စည္းကမ္းခ်က္ေတြနဲ႔အညီ ျပန္လည္ခြင့္ျပဳတယ္လို႔ အစိုးရက ေၾကညာပါတယ္။

ဒါေပမဲ့ ခ႐ိုင္တခုကေန တခုသြားလာတာ၊ ည ၈ နာရီကေန ၆ နာရီအတြင္း ခရီးသြားလာတာ အပါအဝင္ ကန႔္သတ္ခ်က္တခ်ိဳ႕ကို ဆက္လက္ ထုတ္ျပန္ထားပါတယ္။ လူေတြအေနနဲ႔လည္း လူစုလူေဝးမလုပ္ရဘဲ တေယာက္နဲ႔ တေယာက္ ခပ္ခြာခြာ ေနရၾကမွာျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/bangladesh-covid/5439293.html
 
ဘင်္ဂလားဒေ့ရှ်မှာ COVID-19 ကူးစက်သူ ၂၄ နာရီအတွင်း စံချိန်တင်မြင့်တက် ဘင်္ဂလားဒေ့ရှ်မှာ COVID-19 ကူးစက်သူ ၂၄ နာရီအတွင်း စံချိန်တင်မြင့်တက် Reviewed by THITHTOOLWIN on 22:24 Rating: 5
Powered by Blogger.