COVID-19 ကြောင့် လူ သန်းပေါင်း ၂၆၀ ကျော် အစားအစာပြတ်မယ်လို့ WFP သတိပေး

WFP အကြီးအကဲ David Beasley
(Unicode)⤵⤵⤵
ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါကြောင့် လူပေါင်း ၂၆၅ သန်းလောက် အစားအသောက် အလွန်အမင်း ရှားပါးမှုနဲ့ ရင်ဆိုင်ကြရလိမ့်မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကသုံးသပ်ထားပါတယ်။

New York မြို့အခြေစိုက် Hunger Project အစီအစဉ် ပရဟိတအဖွဲ့ကလည်း ကမ္ဘာမှာ ဆာလောင်မှုကို ရေရှည်ကြုံနေကြရသူပေါင်းက သန်း ၈၂၀ လောက်ရှိနေတယ်လို့ ဒီကနေ့ မေလ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာတဝန်း ဆာလောင်မွတ်သိပ်မှု တိုက်ဖျက်ရေးနေ့မှာ ပြောကြားလိုက်ပါတယ်။

အစထဲက စားရေရိက္ခာ မလုံလောက်တဲ့ ပြဿနာကြီးဟာ ကပ်ရောဂါကြီးကြောင့် ပိုဆိုးစေပြီး လူ ကိုး ယောက်မှာ တစ် ယောက်ဟာ ဝဝလင်လင် မစားသောက်နိုင်ကြတဲ့ အခြေအနေဖြစ်နေတယ်လို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။ ကျန်းမာရေးပြဿနာထက် ပိုဆိုးနေပြီး ဆာလောင်မွတ်သိပ်မှု ပြဿနာဟာ လူတဦးတယောက်ချင်းစီကို အကြီးအကျယ် ထိခိုက်နေတယ်လို့ Hunger Project အစီအစဉ်ပြောခွင့်ရ Sara Wilson ကပြောကြားပါတယ်။

လက်ရှိကမ္ဘာမှာ အစားအသောက်မလောက်ငှတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေကြရသူ ၁၃၅ သန်းရှိနေပြီး ကပ်ရောဂါတိုက်ဖျက်ရေးကို မြန်မြန်ဆန်ဆန် မလုပ်ရင် လူပေါင်း ၂၆၅ သန်းလောက် ပြဿနာကြုံကြရလိမ်မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြောထားပါတယ်။

လောလောဆယ် အငတ်ဘေးပြဿနာမရှိသေးပေမဲ့ လာမယ့်လပိုင်းတွေအတွင်း တော်တော်များများ အငတ်ဘေး ပြဿနာနဲ့ ရင်ဆိုင်ကြရနိုင်တယ်လို့ WFP အကြီးအကဲ David Beasley က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မကြာခင်ကပြောကြားခဲ့ပါတယ်။ COVID-19 ကပ်ရောဂါကြောင့် အစားအသောက် စိုက်ပျိုး၊ ထုပ်ပိုး၊ တင်ပို့၊ ဖြန့်ဝေမှုပိုင်းအားလုံး ထိခိုက်နေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------
(Zawgyi)⤵⤵⤵
COVID-19 ေၾကာင့္ လူ သန္းေပါင္း ၂၆၀ ေက်ာ္ အစားအစာျပတ္မယ္လို႔ WFP သတိေပး

ကမာၻတဝန္း COVID-19 ကပ္ေရာဂါေၾကာင့္ လူေပါင္း ၂၆၅ သန္းေလာက္ အစားအေသာက္ အလြန္အမင္း ရွားပါးမႈနဲ႔ ရင္ဆိုင္ၾကရလိမ့္မယ္လို႔ ကမာၻ႔စားနပ္ရိကၡာအဖြဲ႕ WFP ကသုံးသပ္ထားပါတယ္။

New York ၿမိဳ႕အေျခစိုက္ Hunger Project အစီအစဥ္ ပရဟိတအဖြဲ႕ကလည္း ကမာၻမွာ ဆာေလာင္မႈကို ေရရွည္ႀကဳံေနၾကရသူေပါင္းက သန္း ၈၂၀ ေလာက္ရွိေနတယ္လို႔ ဒီကေန႔ ေမလ ၂၈ ရက္ေန႔မွာ က်ေရာက္တဲ့ ကမာၻတဝန္း ဆာေလာင္မြတ္သိပ္မႈ တိုက္ဖ်က္ေရးေန႔မွာ ေျပာၾကားလိုက္ပါတယ္။

အစထဲက စားေရရိကၡာ မလုံေလာက္တဲ့ ျပႆနာႀကီးဟာ ကပ္ေရာဂါႀကီးေၾကာင့္ ပိုဆိုးေစၿပီး လူ ကိုး ေယာက္မွာ တစ္ ေယာက္ဟာ ဝဝလင္လင္ မစားေသာက္ႏိုင္ၾကတဲ့ အေျခအေနျဖစ္ေနတယ္လို႔ အဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာၾကားထားပါတယ္။ က်န္းမာေရးျပႆနာထက္ ပိုဆိုးေနၿပီး ဆာေလာင္မြတ္သိပ္မႈ ျပႆနာဟာ လူတဦးတေယာက္ခ်င္းစီကို အႀကီးအက်ယ္ ထိခိုက္ေနတယ္လို႔ Hunger Project အစီအစဥ္ေျပာခြင့္ရ Sara Wilson ကေျပာၾကားပါတယ္။

လက္ရွိကမာၻမွာ အစားအေသာက္မေလာက္ငွတဲ့ ျပႆနာနဲ႔ ရင္ဆိုင္ေနၾကရသူ ၁၃၅ သန္းရွိေနၿပီး ကပ္ေရာဂါတိုက္ဖ်က္ေရးကို ျမန္ျမန္ဆန္ဆန္ မလုပ္ရင္ လူေပါင္း ၂၆၅ သန္းေလာက္ ျပႆနာႀကဳံၾကရလိမ္မယ္လို႔ ကမာၻ႔စားနပ္ရိကၡာအဖြဲ႕က ေျပာထားပါတယ္။

ေလာေလာဆယ္ အငတ္ေဘးျပႆနာမရွိေသးေပမဲ့ လာမယ့္လပိုင္းေတြအတြင္း ေတာ္ေတာ္မ်ားမ်ား အငတ္ေဘး ျပႆနာနဲ႔ ရင္ဆိုင္ၾကရႏိုင္တယ္လို႔ WFP အႀကီးအကဲ David Beasley က ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ မၾကာခင္ကေျပာၾကားခဲ့ပါတယ္။ COVID-19 ကပ္ေရာဂါေၾကာင့္ အစားအေသာက္ စိုက္ပ်ိဳး၊ ထုပ္ပိုး၊ တင္ပို႔၊ ျဖန႔္ေဝမႈပိုင္းအားလုံး ထိခိုက္ေနပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/covid-wfp/5439128.html
COVID-19 ကြောင့် လူ သန်းပေါင်း ၂၆၀ ကျော် အစားအစာပြတ်မယ်လို့ WFP သတိပေး COVID-19 ကြောင့် လူ သန်းပေါင်း ၂၆၀ ကျော် အစားအစာပြတ်မယ်လို့ WFP သတိပေး Reviewed by THITHTOOLWIN on 22:27 Rating: 5
Powered by Blogger.