ကွတ်ခိုင်-နမ့်ဖတ်ကာ ကြား စစ်တပ် ကားတစီး တိုက်ခိုက်ခံရ

ယနေ့ ပစ်ခတ်မှုကြောင့် မီးလောင်သွားသည့် စစ်တပ်ကားတဦး (ဓာတ်ပုံ TNLA သတင်းပြန်ကြားရေး)

(Unicode)⤵⤵⤵
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားကာ မြန်မာစစ်တပ် ကားတစီး လက်နက်ကြီးထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ မနက် ၁၀နာရီတွင် ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာ အနီးတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မြန်မာ့စစ်တပ် ကားထိမှန်ခဲ့သည် ဟု တအာင်း တပ်မတော် သတင်းထုတ်ပြန်ချက် အရသိရသည်။

မြန်မာ စစ်တပ် သည် မူဆယ်မြို့ဘက်မှ ကွတ်ခိုင်မြို့ သို့ဆင်းလာရာ TNLA စစ်ကြောင်း နှင့် ထိတွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLAထုတ်ပြန်ချက်တွင်ရေးသားသည်။
ယနေ့ ပစ်ခတ်မှုကြောင့် မီးလောင်သွားသည့် စစ်တပ်ကားပေါ် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ TNLA သတင်းပြန်ကြားရေး)
ထို့ပြင် တပ်စစ်ကား လက်နက်ထိမှန်ပြီး မီးလောင်ကာ၊ ထိုကားပေါ်တွင် လက်နက်ခဲယမ်းများကို လည်း TNLA ဘက်မှ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ်ကား ကို TNLA က မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ လောလောဆယ် သတင်းအရ လူတဦးတယောက်မှ သေဆုံးခြင်းမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဧရာဝတီသတင်းဌာနကို ဖြေကြားခဲ့သည်။
ယနေ့ ပစ်ခတ်မှုကြောင့် မီးလောင်သွားသည့် စစ်တပ်ကားပေါ် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ TNLA သတင်းပြန်ကြားရေး)
သို့သော် သျှမ်းသံတော်ဆင့် သတင်းဌာန အနေဖြင့် အဆိုပါ တိုက်ပွဲ နှင့် ပတ်သက်ပြီး အသေးစိတ် သတင်းအချက်အလက် ကို သီးသန့် အတည်ပြုချက်ရယူရန် အတွက် TNLA နှင့် မြန်မာ့တပ်မတော် သတင်းမှန်ပြန်ကြားရေး ကို ဆက်သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။

ကွတ်ခိုင်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ကွတ်ခိုင်-နမ့်ဖက်ကာ လမ်းကြောတွင် ခရီးသည်တင် ကုန်တင်ကား ရာကျော် ညနေ ၅နာရီထိ ပိတ်မိကြောင်းကားသမားအသိုင်းအဝန်းက ပြောသည်။

“ အခုတော့ လက်နက်သံတွေ မကြားရဘူး။ ကျနော်တို့ ကားတွေ ကွတ်ခိုင်တိုးဂိတ်မှာ တနေကုန် စောင့်နေရတယ်။ ညနေ ၅နာရီမှ ထွက်ရတယ်။ ရှေ့မှာ ဘာဖြစ်မလဲတော့မသိဘူး” ဟု ကားသမားတဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

ထို့ပြင် ကွတ်ခိုင် မှ နမ့်ဖတ်ကာဘက်ကို စစ်ကား ၁၀ စီးနှင့် တပ်သားများ ညနေ ၄နာရီခွဲတွင် တက်သွားကြောင်းလည်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

ယနေ့ဖြစ်ပွားသည့် တိုက်ပွဲမှ မြန်မာ့စစ်တပ် ၏ကား လက်နက်ထိမှန်၊ လက်နက်ခဲယမ်းများဆုံးရှုံးရသည့်အပေါ် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည်ဟုလည်း ကွတ်ခိုင်ဒေသခံများ က သုံးသပ်သည်။

Nang Seng Nom - သျှမ်းသံတော်ဆင့်
---------------------------------------------------------
(Zawgyi)⤵⤵⤵
ကြတ္ခိုင္-နမ့္ဖတ္ကာ ၾကား စစ္တပ္ ကားတစီး တိုက္ခိုက္ခံရ

သွ်မ္းျပည္ ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ကြတ္ေက်း႐ြာ အနီးတြင္ တိုက္ပြဲျဖစ္ပြားကာ ျမန္မာစစ္တပ္ ကားတစီး လက္နက္ႀကီးထိမွန္ခဲ့ေၾကာင္း စုံစမ္းသိရသည္။

ယေန႔ မနက္ ၁၀နာရီတြင္ ကြတ္ခိုင္ၿမိဳ႕နယ္ နမ့္ကြတ္ေက်း႐ြာ အနီးတြင္ တအာင္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (TNLA)ႏွင့္ ျမန္မာ့တပ္မေတာ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ျမန္မာ့စစ္တပ္ ကားထိမွန္ခဲ့သည္ ဟု တအာင္း တပ္မေတာ္ သတင္းထုတ္ျပန္ခ်က္ အရသိရသည္။

ျမန္မာ စစ္တပ္ သည္ မူဆယ္ၿမိဳ႕ဘက္မွ ကြတ္ခိုင္ၿမိဳ႕ သို႔ဆင္းလာရာ TNLA စစ္ေၾကာင္း ႏွင့္ ထိေတြ႕ၿပီး တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု TNLAထုတ္ျပန္ခ်က္တြင္ေရးသားသည္။

ထို႔ျပင္ တပ္စစ္ကား လက္နက္ထိမွန္ၿပီး မီးေလာင္ကာ၊ ထိုကားေပၚတြင္ လက္နက္ခဲယမ္းမ်ားကို လည္း TNLA ဘက္မွ သိမ္းဆည္းရမိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

စစ္တပ္ကား ကို TNLA က မိုင္းခြဲ တိုက္ခိုက္ခဲ့ေၾကာင္း၊ ေလာေလာဆယ္ သတင္းအရ လူတဦးတေယာက္မွ ေသဆုံးျခင္းမရွိေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးမွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း က ဧရာဝတီသတင္းဌာနကို ေျဖၾကားခဲ့သည္။

သို႔ေသာ္ သွ်မ္းသံေတာ္ဆင့္ သတင္းဌာန အေနျဖင့္ အဆိုပါ တိုက္ပြဲ ႏွင့္ ပတ္သက္ၿပီး အေသးစိတ္ သတင္းအခ်က္အလက္ ကို သီးသန႔္ အတည္ျပဳခ်က္ရယူရန္ အတြက္ TNLA ႏွင့္ ျမန္မာ့တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး ကို ဆက္သြယ္ေသာ္လည္း ဆက္သြယ္မရခဲ့ေပ။

ကြတ္ခိုင္ၿမိဳ႕နယ္ အတြင္း တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ကြတ္ခိုင္-နမ့္ဖက္ကာ လမ္းေၾကာတြင္ ခရီးသည္တင္ ကုန္တင္ကား ရာေက်ာ္ ညေန ၅နာရီထိ ပိတ္မိေၾကာင္းကားသမားအသိုင္းအဝန္းက ေျပာသည္။

“ အခုေတာ့ လက္နက္သံေတြ မၾကားရဘူး။ က်ေနာ္တို႔ ကားေတြ ကြတ္ခိုင္တိုးဂိတ္မွာ တေနကုန္ ေစာင့္ေနရတယ္။ ညေန ၅နာရီမွ ထြက္ရတယ္။ ေရွ႕မွာ ဘာျဖစ္မလဲေတာ့မသိဘူး” ဟု ကားသမားတဦးက သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

ထို႔ျပင္ ကြတ္ခိုင္ မွ နမ့္ဖတ္ကာဘက္ကို စစ္ကား ၁၀ စီးႏွင့္ တပ္သားမ်ား ညေန ၄နာရီခြဲတြင္ တက္သြားေၾကာင္းလည္း မ်က္ျမင္ေတြ႕ရွိသူမ်ားက ေျပာသည္။

ယေန႔ျဖစ္ပြားသည့္ တိုက္ပြဲမွ ျမန္မာ့စစ္တပ္ ၏ကား လက္နက္ထိမွန္၊ လက္နက္ခဲယမ္းမ်ားဆုံးရႈံးရသည့္အေပၚ တိုက္ပြဲမ်ားဆက္လက္ျပင္းထန္လာႏိုင္သည္ဟုလည္း ကြတ္ခိုင္ေဒသခံမ်ား က သုံးသပ္သည္။

Nang Seng Nom - သွ်မ္းသံေတာ္ဆင့္
https://burmese.shannews.org/archives/16858
ကွတ်ခိုင်-နမ့်ဖတ်ကာ ကြား စစ်တပ် ကားတစီး တိုက်ခိုက်ခံရ ကွတ်ခိုင်-နမ့်ဖတ်ကာ ကြား စစ်တပ် ကားတစီး တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 18:23 Rating: 5
Powered by Blogger.