တပ်မတော် အသုံးစရိတ် လွှတ်တော်က ဖြတ်တာ ဘာကြောင့်လဲ

စစ်ဆင်ရေး ခရီးသွား နေ့တွက်စရိတ်နှုန်းကို ကျပ်၁၂၀၀နှုန်းနဲ့ တိုးမြှင့်ပေးအပ်ဖို့အတွက်လည်း တောင်းတဲ့ အထဲမှာ ပါဝင်တယ်လို့ဆို
တပ်မတော်ရဲ့ အသုံးစရိတ်ကို လာမယ့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက်ဖြည့်စွက် ဘတ်ဂျက် အဖြစ် ကျပ်သန်း ၂ သိန်း နီးပါးတောင်းခံခဲ့ရာ လွှတ်တော်က ကျပ်သန်း ၁ သောင်းကျော် လျှော့ချပြီး ခွင့်ပြုလိုက်ပါတယ်။

ကာကွယ်ရေး ဘတ်ဂျက်ကို အခုလို ဖြတ်တောက်ခံရမှုဟာ အခုအစိုးရလက်ထက် လွှတ်တော် သက်တမ်းမှာ ပထမဆုံးလည်း ဖြစ်ပါတယ်။

ဆီဈေးတွေကျနေတဲ့အတွက် ဆီနဲ့ပတ်သက်တဲ့ အသုံးစားရိတ်တွေကို အရပ်သားဘက်က ကိုယ်စားလှယ်တွေက မှန်းပြီးဖြတ်လိုက်တာလို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဖြည့်စွက်တောင်းခံလာတဲ့ ကာ ကွယ်ရေး အသုံးစရိတ် ကျပ်သန်း ၁ သိန်း ၉ သောင်းကျော်ထဲ က ကျပ်သန်း ၂ သောင်း ၂ ထောင်ကျော်အထိ (၂၂၇၀၀) လျှော့ချ ခွင့်ပြုဖို့ NLD ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်လည်း ဖြစ်သူ ဒေါက်တာ မေဝင်းမြင့်က ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ထောင်စု လွှတ်တော်ကို တင်ပြခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ကြိုတင်ညှိနိုင်းကာ ကျပ်သန်းတစ်သောင်းကျော်ကို ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။
ဘတ်ဂျတ်ဖြတ်တောက်မှုကို သဘောတူ
ယခုနှစ် ဖြည့်စွက်ဘတ်ဂျက်အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက သာမန်သုံးငွေ အဖြစ် ကျပ်သန်း ၆ သောင်းကျော် (၆၇၆၃၀.၃၄၀) တောင်းခံရာမှာ လွှတ်တော်က ကျပ်သန်း ၆၅၀၀ လျှော့ချခွင့်ပြုခဲ့ပြီး ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် သန်း ၁ သိန်း ၃ သောင်း (၁၃၀၀၅၈.၆၄၅ ) ကျော် တောင်းခံရာမှာ လွှတ်တော်က ကျပ်သန်း ၄၁၀၀ လျှော့ချ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

မေလ၂၇ ရက် ဘတ်ဂျက်ကိစ္စကို ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းကိုယ်တိုင် လွှတ်တော်ကို လာရောက်ခဲ့ပြီး ကာကွယ်ရေး အသုံးစရိတ် တောင်းခံရတဲ့အကြောင်းကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန်ထမ်းဆောင်နေရတဲ့ တပ်မတော်သားများအတွက် စစ်ဆင်ရေး အထူး နေ့တွက်စရိတ် နှုန်းထားပြောင်းလဲလိုက်တဲ့အတွက် ထပ်မံလိုအပ်တဲ့ငွေ ပါဝင်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။
တပ်ဘတ်ဂျက် လွှတ်တော်က ကျပ်သန်း ၁ သောင်းကျော် ဖြတ်
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက၂၀၁၉ခုနှစ် မေလ၁ရက်နေ့က စပြီးတာဝန် နဲ့ ခရီးသွားတဲ့ ဝန်ထမ်းတွေအတွက် ခရီးသွား နေ့တွက် စရိတ်နှုန်းကို ကျပ် ၃၀၀၀ ကနေကျပ် ၄၈၀၀ ကို တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးခဲ့ရာ တပ်မတော်သားတွေအတွက် အရင် ကျပ် ၇၅၀ နှုန်းက အခု နေ့တွက်စရိတ် ကျပ် ၄၈၀၀ ရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်တဲ့ ကျပ် ၁၂၀၀ နှုန်းနဲ့ တိုးမြှင့်ပေးအပ်နိုင်ရန်အတွက် အထက်ဖော်ပြပါငွေများ လိုအပ်ခြင်း ဖြစ်ပါတယ်လို့လည်း ဝန်ကြီးက ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေမှာ စက်ဆုံးဆီဈေးတွေ ကျဆင်းနေပေမယ့်လည်း ရခိုင်ပြည်နယ်၊ ရှမ်း ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသတွေကို ရိက္ခာစက်သုံးဆီ လေယာဉ်ဆီများနဲ့ စစ်ဆင်ရေး အထောက်အကူ ပစ္စည်းပေးပို့ခဲ့တဲ့အပေါ်လိုအပ်တဲ့ ငှားရမ်းခတွေ ပေးချေရမှာ ဖြစ်တဲ့အတွက် လက်ရှိတောင်းခံထားတာကို လျော့ချမဖြတ်တောက်ဖို့ ဝန်ကြီးက လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

"တပ်မတော်အနေဖြင့် နိုင်ငံ့ ဘဏ္ဍာဖြုန်းတီးခြင်း မရှိပါ။ အိမ်နီးချင်း တပ်မတော်များနှင့် နှိုင်းယှဉ်လေ့လာကြည့်လျှင်ပင် ကွာခြားချက်များကို ကိုယ်စားလှယ်တော်ကြီးများ တွေ့ရှိမှာ ဖြစ်ပါတယ်။ သူတပါးနိုင်ငံနဲ့ နှိုင်းယှဉ်ပြီး မိမိတို့တပ်မတော်သားများ အားမငယ်စေရန်အတွက်သာ အဆင့်မီအောင် တတ်စွမ်းသမျှ ကြိုးပမ်းလျက်ရှိပါတယ်"လို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောခဲ့ပါတယ်။

ဝန်ကြီးဌာနများရဲ့ အသုံးစရိတ်များကို အဓိက စိစစ်ရတဲ့အဖွဲ့ဖြစ်တဲ့ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ က တပ်အသုံးစရိတ် စိစစ်ဖြတ်တောက်ဖို့ တင်ပြသူ ဒေါက်တာ မေဝင်းမြင့်၊ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံးမှ တာဝန်ရှိသူတွေကို မေလ ၂၅ ရက်နေ့က လွှတ်တော်ကို ခေါ်ယူ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ညှိနှိုင်းခဲ့ကြပါတယ်။

ကြိုတင်ညှိနှိုင် နိုင်ခဲ့တာကြောင့် ဘတ်ဂျတ်ဖြတ်တောက်မှုကို တပ်မတော်ဘက်ကလည်း သဘောတူတယ်လို့ ပြောဆိုတာကြောင့် မဲခွဲစရာ မလိုဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

BBC Burmese
-----------------------------------
(Zawgyi)⤵⤵⤵
တပ္မေတာ္ အသုံးစရိတ္ လႊတ္ေတာ္က ျဖတ္တာ ဘာေၾကာင့္လဲ

တပ္မေတာ္ရဲ႕ အသုံးစရိတ္ကို လာမယ့္ ၂၀၁၉ -၂၀၂၀ ဘ႑ာႏွစ္အတြက္ျဖည့္စြက္ ဘတ္ဂ်က္ အျဖစ္ က်ပ္သန္း ၂ သိန္း နီးပါးေတာင္းခံခဲ့ရာ လႊတ္ေတာ္က က်ပ္သန္း ၁ ေသာင္းေက်ာ္ ေလွ်ာ့ခ်ၿပီး ခြင့္ျပဳလိုက္ပါတယ္။

ကာကြယ္ေရး ဘတ္ဂ်က္ကို အခုလို ျဖတ္ေတာက္ခံရမႈဟာ အခုအစိုးရလက္ထက္ လႊတ္ေတာ္ သက္တမ္းမွာ ပထမဆုံးလည္း ျဖစ္ပါတယ္။

ဆီေစ်းေတြက်ေနတဲ့အတြက္ ဆီနဲ႔ပတ္သက္တဲ့ အသုံးစားရိတ္ေတြကို အရပ္သားဘက္က ကိုယ္စားလွယ္ေတြက မွန္းၿပီးျဖတ္လိုက္တာလို႔ မဂၤလာဒုံၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လႈိင္ဝင္းက ဘီဘီစီကို ေျပာပါတယ္။

ျဖည့္စြက္ေတာင္းခံလာတဲ့ ကာ ကြယ္ေရး အသုံးစရိတ္ က်ပ္သန္း ၁ သိန္း ၉ ေသာင္းေက်ာ္ထဲ က က်ပ္သန္း ၂ ေသာင္း ၂ ေထာင္ေက်ာ္အထိ (၂၂၇၀၀) ေလွ်ာ့ခ် ခြင့္ျပဳဖို႔ NLD ပါတီ ဗဟိုအလုပ္မႈေဆာင္အဖြဲ႕ဝင္လည္း ျဖစ္သူ ေဒါက္တာ ေမဝင္းျမင့္က ၿပီးခဲ့တဲ့ ရက္ပိုင္းက ျပည္ေထာင္စု လႊတ္ေတာ္ကို တင္ျပခဲ့ၿပီး ကာကြယ္ေရးဝန္ႀကီးဌာန နဲ႔ ႀကိဳတင္ညႇိႏိုင္းကာ က်ပ္သန္းတစ္ေသာင္းေက်ာ္ကို ျဖတ္ေတာက္ခဲ့တာ ျဖစ္ပါတယ္။

ယခုႏွစ္ ျဖည့္စြက္ဘတ္ဂ်က္အတြက္ ကာကြယ္ေရး ဝန္ႀကီးဌာနက သာမန္သုံးေငြ အျဖစ္ က်ပ္သန္း ၆ ေသာင္းေက်ာ္ (၆၇၆၃၀.၃၄၀) ေတာင္းခံရာမွာ လႊတ္ေတာ္က က်ပ္သန္း ၆၅၀၀ ေလွ်ာ့ခ်ခြင့္ျပဳခဲ့ၿပီး ေငြလုံးေငြရင္း အသုံးစရိတ္ က်ပ္ သန္း ၁ သိန္း ၃ ေသာင္း (၁၃၀၀၅၈.၆၄၅ ) ေက်ာ္ ေတာင္းခံရာမွာ လႊတ္ေတာ္က က်ပ္သန္း ၄၁၀၀ ေလွ်ာ့ခ် ခြင့္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။

ေမလ၂၇ ရက္ ဘတ္ဂ်က္ကိစၥကို ကာကြယ္ေရး ဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းကိုယ္တိုင္ လႊတ္ေတာ္ကို လာေရာက္ခဲ့ၿပီး ကာကြယ္ေရး အသုံးစရိတ္ ေတာင္းခံရတဲ့အေၾကာင္းကို ရွင္းလင္းေျပာဆိုခဲ့ပါတယ္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းက စစ္ဆင္ေရးနဲ႔ လုံၿခဳံေရး တာဝန္ထမ္းေဆာင္ေနရတဲ့ တပ္မေတာ္သားမ်ားအတြက္ စစ္ဆင္ေရး အထူး ေန႔တြက္စရိတ္ ႏႈန္းထားေျပာင္းလဲလိုက္တဲ့အတြက္ ထပ္မံလိုအပ္တဲ့ေငြ ပါဝင္ေၾကာင္းလည္း ရွင္းျပခဲ့ပါတယ္။

စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီးဌာနက၂၀၁၉ခုႏွစ္ ေမလ၁ရက္ေန႔က စၿပီးတာဝန္ နဲ႔ ခရီးသြားတဲ့ ဝန္ထမ္းေတြအတြက္ ခရီးသြား ေန႔တြက္ စရိတ္ႏႈန္းကို က်ပ္ ၃၀၀၀ ကေနက်ပ္ ၄၈၀၀ ကို တိုးျမႇင့္ျပင္ဆင္ သတ္မွတ္ေပးခဲ့ရာ တပ္မေတာ္သားေတြအတြက္ အရင္ က်ပ္ ၇၅၀ ႏႈန္းက အခု ေန႔တြက္စရိတ္ က်ပ္ ၄၈၀၀ ရဲ႕ ၂၅ ရာခိုင္ႏႈန္းျဖစ္တဲ့ က်ပ္ ၁၂၀၀ ႏႈန္းနဲ႔ တိုးျမႇင့္ေပးအပ္ႏိုင္ရန္အတြက္ အထက္ေဖာ္ျပပါေငြမ်ား လိုအပ္ျခင္း ျဖစ္ပါတယ္လို႔လည္း ဝန္ႀကီးက ေျပာသြားခဲ့ပါတယ္။

ဒါ့အျပင္ လက္ရွိအေျခအေနမွာ စက္ဆုံးဆီေစ်းေတြ က်ဆင္းေနေပမယ့္လည္း ရခိုင္ျပည္နယ္၊ ရွမ္း ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝေဒသေတြကို ရိကၡာစက္သုံးဆီ ေလယာဥ္ဆီမ်ားနဲ႔ စစ္ဆင္ေရး အေထာက္အကူ ပစၥည္းေပးပို႔ခဲ့တဲ့အေပၚလိုအပ္တဲ့ ငွားရမ္းခေတြ ေပးေခ်ရမွာ ျဖစ္တဲ့အတြက္ လက္ရွိေတာင္းခံထားတာကို ေလ်ာ့ခ်မျဖတ္ေတာက္ဖို႔ ဝန္ႀကီးက လႊတ္ေတာ္ကို တင္ျပခဲ့ပါတယ္။

"တပ္မေတာ္အေနျဖင့္ ႏိုင္ငံ့ ဘ႑ာျဖဳန္းတီးျခင္း မရွိပါ။ အိမ္နီးခ်င္း တပ္မေတာ္မ်ားႏွင့္ ႏႈိင္းယွဥ္ေလ့လာၾကည့္လွ်င္ပင္ ကြာျခားခ်က္မ်ားကို ကိုယ္စားလွယ္ေတာ္ႀကီးမ်ား ေတြ႕ရွိမွာ ျဖစ္ပါတယ္။ သူတပါးႏိုင္ငံနဲ႔ ႏႈိင္းယွဥ္ၿပီး မိမိတို႔တပ္မေတာ္သားမ်ား အားမငယ္ေစရန္အတြက္သာ အဆင့္မီေအာင္ တတ္စြမ္းသမွ် ႀကိဳးပမ္းလ်က္ရွိပါတယ္"လို႔လည္း ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းက ေျပာခဲ့ပါတယ္။

ဝန္ႀကီးဌာနမ်ားရဲ႕ အသုံးစရိတ္မ်ားကို အဓိက စိစစ္ရတဲ့အဖြဲ႕ျဖစ္တဲ့ ျပည္သူ႔ေငြစာရင္း ပူးေပါင္း ေကာ္မတီ က တပ္အသုံးစရိတ္ စိစစ္ျဖတ္ေတာက္ဖို႔ တင္ျပသူ ေဒါက္တာ ေမဝင္းျမင့္၊ ကာကြယ္ေရး ဝန္ႀကီးဌာန စစ္ေထာက္ခ်ဳပ္႐ုံးမွ တာဝန္ရွိသူေတြကို ေမလ ၂၅ ရက္ေန႔က လႊတ္ေတာ္ကို ေခၚယူ အစည္းအေဝး ျပဳလုပ္ခဲ့ၿပီး ညႇိႏႈိင္းခဲ့ၾကပါတယ္။

ႀကိဳတင္ညႇိႏႈိင္ ႏိုင္ခဲ့တာေၾကာင့္ ဘတ္ဂ်တ္ျဖတ္ေတာက္မႈကို တပ္မေတာ္ဘက္ကလည္း သေဘာတူတယ္လို႔ ေျပာဆိုတာေၾကာင့္ မဲခြဲစရာ မလိုဘဲ ၿပီးဆုံးသြားခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52822287
တပ်မတော် အသုံးစရိတ် လွှတ်တော်က ဖြတ်တာ ဘာကြောင့်လဲ တပ်မတော် အသုံးစရိတ် လွှတ်တော်က ဖြတ်တာ ဘာကြောင့်လဲ Reviewed by THITHTOOLWIN on 06:18 Rating: 5
Powered by Blogger.