လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ဖြုတ်ချဖို့ ပြည်ခိုင်ဖြိုး နဲ့တပ်ကိုယ်စားလှယ်တွေပေါင်းပြီးအဆိုတင်


(Unicode)⤵⤵⤵
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ အရေးကြီးအဆိုလွှာ လက်မှတ်ရေးထိုး တင်သွင်းခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ၁၁၀ မှာ ပြည်ခိုင်ဖြိုးနဲ့တပ်မတော်သား ကိုယ်စားလှယ်တွေ အဓိက ပါဝင်တယ်လို့ လွှတ်တော် အရာထမ်းတစ်ဦးက ပြောပါတယ်။

ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာက ရုပ်သိမ်းရေး အရေးကြီးအဆို တင်သွင်းဖို့အတွက် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁ အရ လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ရေးထိုးဖို့ လိုအပ်ပြီး ကိုယ်စားလှယ် ၄၄၀ ရှိတဲ့ ပြည်သူ့လွှတ်တော်မှာ တော့ ၁၁၀ ဦး အနည်းဆုံး လိုအပ်မှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ် အရေအတွက် ၃၀ ကျော်လောက်ပဲ ရှိပြီး ရခိုင်နဲ့ရှမ်း ပါတီတွေက ကိုယ်စားလှယ်တွေကလည်း ခွင့်ယူထားတာ များတာကြောင့် တပ်မတော်သားကိုယ်စားလှယ်တွေဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ လက်မှတ်ရေးထိုးတဲ့နေရာမှာ ပါဝင်တာ သေချာတယ်လို့ နေပြည်တော်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်း ပုံပြင်ဆင်ရေး ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် မဆောင်ရွက်နိုင်ခဲ့ဘူးဆိုတဲ့အချက်တွေကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ အရေးကြီးအဆိုတင်ခဲ့သူတွေ ကိုယ်စားပြည်ခိုင်ဖြိုးပါတီကကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ဒီနေ့လွှတ်တော် မှာ အဓိက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ တောင်းဆိုရတဲ့ အဓိက အချက် ၃ ချက်ရှိပြီး အဲဒီထဲကမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးအောင်ကြည်ညွန့်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆောင်ရွက်နိုင်ရန် ပူးပေါင်းကော်မတီဖွဲ့စည်းပေးဖို့ အရေးကြီးအဆိုကို ခွင့်ပြုပေးခဲ့တာဟာ ဟာ ဥပဒေနဲ့မညီတဲ့အချက်ဖြစ်တယ်လို့ဦး စိုင်းထွန်းစိန်က ပြောခဲ့ပါတယ်။

ဒီအချက်ဟာ ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၆၆ (က)နဲ့ မကိုက်ညီဘဲ ခွင့်ပြုခဲ့တာလို့လည်း လွှတ်တော်မှာ သူက ပြောသွားခဲ့ပါတယ်။

ဒါအပြင် ဦးတီခွန်မြတ်ဟာ အခြေခံဥပဒေပြင်ဆင်ရေး ဥပေဒကြမ်းတွေကို ဦးသိန်းထွန်း၊ ဒေါက်တာမောင်သင်း၊ ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးချုပ် အောင်ဆန်းချစ်နဲ့ ဦးစိုင်းသန်းနိုင် တို့ တင်သွင်းခဲ့ရာမှာ အခြေခံဥပဒေပြဌာန်းချက်အတိုင်း ဆောင်ရွက်ဖို့ ပျက်ကွက်တာတွေရှိတယ်လို့လည်း သူက ပြောသွားပါတယ်။

ဒါအပြင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးသောင်းအေး ၊ ဒေါက်တာမောင်သင်း ၊ ဦးမောင်မြင့်တို့ လွှတ်တော်ကို တင်သွင်းတဲ့ အရေးကြီးအဆိုကို ဆွေးနွေးခွင့်မပြုတာ ဆိုတဲ့ အချက် တွေလည်း ပြောသွားပါတယ်။

အဲဒီပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေ အရေးကြီးအဆိုအဖြစ် တင်သွင်းဖို့ ကြိုးစားတာတွေကတော့ လျှပ်စစ်ဓာတ်အားခ တိုးကောက်တာကို ဆိုင်းငံထားဖို့အဆို ၊ အခြေခံပညာ ဒသမတန်း ရဲ့ ဘဝသက်တွက်တာ ကျွမ်းကျင်စရာဘာသာရပ်မှာ ပါဝင်တဲ့ လိင်ပညာပေးနဲ့ ပတ်သက်တဲ့အဆို ၊ အိုင်စီဂျေ အရေးနဲ့ပတ်သက်တဲ့အဆို ၊ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်တဲ့အဆို ၊ ကိုဗစ် - ၁၉ ရောဂါ နဲ့ပတ်သက်ပြီး ကာလုံနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့အဆိုတွေ ပါဝင်တာကို တွေ့ရပါတယ်။

ဒါအပြင် အိုင်စီဂျေ ရဲ့ ကြားဖြတ်အစီအမံ လေးချက်ဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာကို ထိပါးနေလို့ အစိုးရ ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ မေးခွန်းတွေကို ပယ်ချခဲ့တာဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်ကနေ ရုပ်သိမ်းပေးဖို့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် က တင်သွင်းတဲ့ဒီအဆိုကို ဝင်ရောက်ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်ရှိရင် မေလ၂၉ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး နာမည်စာရင်းပေးဖို့ လွှတ်တော်က ကြေညာထားခဲ့ပါတယ်။

ဦးတီခွန်မြတ်ဟာ၂၀၁၅ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အစိုးရလက်ထက်မှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဖြစ်လာကာ ပြည်ခိုင်ဖြိုးပါတီကနေ နုတ်ထွက်ပြီး တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ဦးဝင်းမြင့် သမ္မတ ဖြစ်သွားချိန်မှာတော့ ဦးတီခွန်မြတ်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်တင်သွင်းတဲ့ အခြေခံဥပဒေပြင်ဆင်ရေး အဆိုနဲ့ ပတ်သက်ပြီး တင်သွင်းစဉ်က လုပ်ထုံးလုပ်နည်းနဲ့မညီဘူးဆိုကာ ပြည်ခိုင်ဖြိုး နဲ့တပ်ကိုယ်စားလှယ်တွေက ပြင်းပြင်းထန်ထန်ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော်မှာ နာယက တာဝန်ယူစဉ် အခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ သူ့ကို လွှတ်တော်အတွင်းမှာ စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

သူကိုယ်တိုင်ကလည်း အခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီးတပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် တချို့ကို သတိပေးပြောဆိုတာတွေ ရှိခဲ့ပါတယ်။

ဒီနေ့တင်သွင်းတဲ့ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ အရေးကြီး အဆိုနဲ့ပတ်သက်လို့ လွှတ်တော်က ဆွေးနွေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။

လက်ရှိ ပြဌာန်းထားတဲ့ ဥပဒေ၊နည်းဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌကို တာဝန်က ရုပ်သိမ်းတဲ့ အစီအစဉ် အောင်မြင်ဖို့အတွက်ဆိုရင် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ သုံးပုံနှစ်ပုံ ထောက်ခံမဲ ရရှိဖို့လိုတယ်လို့လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

ဦးတီခွန်မြတ်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သလို ပြည်ထောင်စုလွှတ်တော်မှာ နာယက တာဝန်လည်း ထမ်းဆောင်နေသူဖြစ်ပါတယ်။

ပြည်သူလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သုံးပုံနှစ်ပုံကျော် ရှိတဲ့အတွက် ပြည့်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ဖြုတ်ချဖို့အရေးဟာ အောင်မြင်မှာ မဟုတ်ဘူးလို့လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

BBC Burmese
-----------------------------------------
(Zawgyi)⤵⤵⤵
လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကို ျဖဳတ္ခ်ဖို႔ ျပည္ခိုင္ၿဖိဳး နဲ႔တပ္ကိုယ္စားလွယ္ေတြေပါင္းၿပီးအဆိုတင္

ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကို တာဝန္က ႐ုပ္သိမ္းဖို႔ အေရးႀကီးအဆိုလႊာ လက္မွတ္ေရးထိုး တင္သြင္းခဲ့သူ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၁၀ မွာ ျပည္ခိုင္ၿဖိဳးနဲ႔တပ္မေတာ္သား ကိုယ္စားလွယ္ေတြ အဓိက ပါဝင္တယ္လို႔ လႊတ္ေတာ္ အရာထမ္းတစ္ဦးက ေျပာပါတယ္။

ဦးတီခြန္ျမတ္ကို ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ေနရာက ႐ုပ္သိမ္းေရး အေရးႀကီးအဆို တင္သြင္းဖို႔အတြက္ ျပည္သူ႔လႊတ္ေတာ္ဆိုင္ရာ ဥပေဒ ပုဒ္မ ၂၁ အရ လႊတ္ေတာ္ကိုယ္စားလွယ္ ေလးပုံတစ္ပုံက လက္မွတ္ေရးထိုးဖို႔ လိုအပ္ၿပီး ကိုယ္စားလွယ္ ၄၄၀ ရွိတဲ့ ျပည္သူ႔လႊတ္ေတာ္မွာ ေတာ့ ၁၁၀ ဦး အနည္းဆုံး လိုအပ္မွာ ျဖစ္ပါတယ္။

ျပည္သူ႔လႊတ္ေတာ္မွာ ျပည္ခိုင္ၿဖိဳးပါတီက ကိုယ္စားလွယ္ အေရအတြက္ ၃၀ ေက်ာ္ေလာက္ပဲ ရွိၿပီး ရခိုင္နဲ႔ရွမ္း ပါတီေတြက ကိုယ္စားလွယ္ေတြကလည္း ခြင့္ယူထားတာ မ်ားတာေၾကာင့္ တပ္မေတာ္သားကိုယ္စားလွယ္ေတြဟာ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကို တာဝန္က ႐ုပ္သိမ္းဖို႔ လက္မွတ္ေရးထိုးတဲ့ေနရာမွာ ပါဝင္တာ ေသခ်ာတယ္လို႔ ေနျပည္ေတာ္က ဘီဘီစီ သတင္းေထာက္က ေျပာပါတယ္။

လႊတ္ေတာ္အတြင္း ၂၀၀၈ ဖြဲ႕စည္း ပုံျပင္ဆင္ေရး ကိစၥရပ္မ်ားနဲ႔ ပတ္သက္ၿပီး ဥပေဒအရ ေပးအပ္တဲ့ တာဝန္ေတြကို ေက်ပြန္ေအာင္ မေဆာင္႐ြက္ႏိုင္ခဲ့ဘူးဆိုတဲ့အခ်က္ေတြကို ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကို တာဝန္က ႐ုပ္သိမ္းဖို႔ အေရးႀကီးအဆိုတင္ခဲ့သူေတြ ကိုယ္စားျပည္ခိုင္ၿဖိဳးပါတီကကိုယ္စားလွယ္ ဦးစိုင္းထြန္းစိန္က ဒီေန႔လႊတ္ေတာ္ မွာ အဓိက ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ဦးတီခြန္ျမတ္ကို တာဝန္က ႐ုပ္သိမ္းဖို႔ ေတာင္းဆိုရတဲ့ အဓိက အခ်က္ ၃ ခ်က္ရွိၿပီး အဲဒီထဲကမွ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ဦးေအာင္ၾကည္ၫြန္႔ရဲ႕ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရးေဆာင္႐ြက္ႏိုင္ရန္ ပူးေပါင္းေကာ္မတီဖြဲ႕စည္းေပးဖို႔ အေရးႀကီးအဆိုကို ခြင့္ျပဳေပးခဲ့တာဟာ ဟာ ဥပေဒနဲ႔မညီတဲ့အခ်က္ျဖစ္တယ္လို႔ဦး စိုင္းထြန္းစိန္က ေျပာခဲ့ပါတယ္။

ဒီအခ်က္ဟာ ျပည္ေထာင္စုလႊတ္ေတာ္ နည္းဥပေဒ ၆၆ (က)နဲ႔ မကိုက္ညီဘဲ ခြင့္ျပဳခဲ့တာလို႔လည္း လႊတ္ေတာ္မွာ သူက ေျပာသြားခဲ့ပါတယ္။

ဒါအျပင္ ဦးတီခြန္ျမတ္ဟာ အေျခခံဥပေဒျပင္ဆင္ေရး ဥေပဒၾကမ္းေတြကို ဦးသိန္းထြန္း၊ ေဒါက္တာေမာင္သင္း၊ ဗိုလ္မႉးခ်ဳပ္ေမာင္ေမာင္၊ ဗိုလ္မႉးခ်ဳပ္ ေအာင္ဆန္းခ်စ္နဲ႔ ဦးစိုင္းသန္းႏိုင္ တို႔ တင္သြင္းခဲ့ရာမွာ အေျခခံဥပေဒျပဌာန္းခ်က္အတိုင္း ေဆာင္႐ြက္ဖို႔ ပ်က္ကြက္တာေတြရွိတယ္လို႔လည္း သူက ေျပာသြားပါတယ္။

ဒါအျပင္ ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္ေတြျဖစ္တဲ့ ဦးေသာင္းေအး ၊ ေဒါက္တာေမာင္သင္း ၊ ဦးေမာင္ျမင့္တို႔ လႊတ္ေတာ္ကို တင္သြင္းတဲ့ အေရးႀကီးအဆိုကို ေဆြးေႏြးခြင့္မျပဳတာ ဆိုတဲ့ အခ်က္ ေတြလည္း ေျပာသြားပါတယ္။

အဲဒီျပည္ခိုင္ၿဖိဳး ကိုယ္စားလွယ္ေတြ အေရးႀကီးအဆိုအျဖစ္ တင္သြင္းဖို႔ ႀကိဳးစားတာေတြကေတာ့ လွ်ပ္စစ္ဓာတ္အားခ တိုးေကာက္တာကို ဆိုင္းငံထားဖို႔အဆို ၊ အေျခခံပညာ ဒသမတန္း ရဲ႕ ဘဝသက္တြက္တာ ကြၽမ္းက်င္စရာဘာသာရပ္မွာ ပါဝင္တဲ့ လိင္ပညာေပးနဲ႔ ပတ္သက္တဲ့အဆို ၊ အိုင္စီေဂ် အေရးနဲ႔ပတ္သက္တဲ့အဆို ၊ ရခိုင္ျပည္နယ္အေရးနဲ႔ ပတ္သက္တဲ့အဆို ၊ ကိုဗစ္ - ၁၉ ေရာဂါ နဲ႔ပတ္သက္ၿပီး ကာလုံနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ဖို႔အဆိုေတြ ပါဝင္တာကို ေတြ႕ရပါတယ္။

ဒါအျပင္ အိုင္စီေဂ် ရဲ႕ ၾကားျဖတ္အစီအမံ ေလးခ်က္ဟာ ႏိုင္ငံရဲ႕ ဂုဏ္သိကၡာနဲ႔ အခ်ဳပ္အျခာအာဏာကို ထိပါးေနလို႔ အစိုးရ ဘယ္လိုေဆာင္႐ြက္မလဲဆိုတဲ့ ေမးခြန္းေတြကို ပယ္ခ်ခဲ့တာဆိုတဲ့ အခ်က္ကိုလည္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကို တာဝန္ကေန ႐ုပ္သိမ္းေပးဖို႔ ျပည္ခိုင္ၿဖိဳး ကိုယ္စားလွယ္ က တင္သြင္းတဲ့ဒီအဆိုကို ဝင္ေရာက္ေဆြးေႏြးလိုတဲ့ ကိုယ္စားလွယ္ရွိရင္ ေမလ၂၉ ရက္ေန႔ ညေန ၄ နာရီ ေနာက္ဆုံးထားၿပီး နာမည္စာရင္းေပးဖို႔ လႊတ္ေတာ္က ေၾကညာထားခဲ့ပါတယ္။

ဦးတီခြန္ျမတ္ဟာ၂၀၁၅ ေ႐ြးေကာက္ပြဲအၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ပါတီ အစိုးရလက္ထက္မွာ ျပည္သူ႔လႊတ္ေတာ္ ဒုတိယဥကၠ႒ ျဖစ္လာကာ ျပည္ခိုင္ၿဖိဳးပါတီကေန ႏုတ္ထြက္ၿပီး တစ္သီးပုဂၢလအျဖစ္ ရပ္တည္ေနတာ ျဖစ္ပါတယ္။

အဲ့ဒီေနာက္ ဦးဝင္းျမင့္ သမၼတ ျဖစ္သြားခ်ိန္မွာေတာ့ ဦးတီခြန္ျမတ္ဟာ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ျဖစ္လာပါတယ္။

လႊတ္ေတာ္ဥကၠ႒ ျဖစ္လာခ်ိန္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ဦးေဆာင္တင္သြင္းတဲ့ အေျခခံဥပေဒျပင္ဆင္ေရး အဆိုနဲ႔ ပတ္သက္ၿပီး တင္သြင္းစဥ္က လုပ္ထုံးလုပ္နည္းနဲ႔မညီဘူးဆိုကာ ျပည္ခိုင္ၿဖိဳး နဲ႔တပ္ကိုယ္စားလွယ္ေတြက ျပင္းျပင္းထန္ထန္ေဝဖန္တာေတြ ရွိခဲ့ပါတယ္။

ျပည္ေထာင္စု လႊတ္ေတာ္မွာ နာယက တာဝန္ယူစဥ္ အေျခခံ ဥပေဒျပင္ဆင္ေရး ေဆြးေႏြးမႈေတြမွာ သူ႔ကို လႊတ္ေတာ္အတြင္းမွာ စြပ္စြဲေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။

သူကိုယ္တိုင္ကလည္း အေျခခံ ဥပေဒျပင္ဆင္ေရး ေဆြးေႏြးမႈေတြမွာ ေျပာဆိုမႈေတြနဲ႔ ပတ္သက္ၿပီးတပ္မေတာ္နဲ႔ ျပည္ခိုင္ၿဖိဳး ကိုယ္စားလွယ္ တခ်ိဳ႕ကို သတိေပးေျပာဆိုတာေတြ ရွိခဲ့ပါတယ္။

ဒီေန႔တင္သြင္းတဲ့ ဦးတီခြန္ျမတ္ကို တာဝန္က ႐ုပ္သိမ္းဖို႔ အေရးႀကီး အဆိုနဲ႔ပတ္သက္လို႔ လႊတ္ေတာ္က ေဆြးေႏြးဆုံးျဖတ္ရမွာျဖစ္ပါတယ္။

လက္ရွိ ျပဌာန္းထားတဲ့ ဥပေဒ၊နည္းဥပေဒအရ လႊတ္ေတာ္ဥကၠ႒ကို တာဝန္က ႐ုပ္သိမ္းတဲ့ အစီအစဥ္ ေအာင္ျမင္ဖို႔အတြက္ဆိုရင္ လက္ရွိျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ သုံးပုံႏွစ္ပုံ ေထာက္ခံမဲ ရရွိဖို႔လိုတယ္လို႔လည္း အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ေျပာပါတယ္။

ဦးတီခြန္ျမတ္ဟာ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ျဖစ္သလို ျပည္ေထာင္စုလႊတ္ေတာ္မွာ နာယက တာဝန္လည္း ထမ္းေဆာင္ေနသူျဖစ္ပါတယ္။

ျပည္သူလႊတ္ေတာ္မွာ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက သုံးပုံႏွစ္ပုံေက်ာ္ ရွိတဲ့အတြက္ ျပည့္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္ကို ျဖဳတ္ခ်ဖို႔အေရးဟာ ေအာင္ျမင္မွာ မဟုတ္ဘူးလို႔လည္း အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးက ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52835952
လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ဖြုတ်ချဖို့ ပြည်ခိုင်ဖြိုး နဲ့တပ်ကိုယ်စားလှယ်တွေပေါင်းပြီးအဆိုတင် လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ဖြုတ်ချဖို့ ပြည်ခိုင်ဖြိုး နဲ့တပ်ကိုယ်စားလှယ်တွေပေါင်းပြီးအဆိုတင် Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.