တရုတ်သွင်းကုန်ကြောင့် အခက်တွေ့နေတဲ့ အာလူးဈေးကွက်

(Unicode)⤵⤵⤵
မြန်မာ့ဈေးကွက်ထဲကို တရုတ်နိုင်ငံက အာလူးတွေ ဝင်ရောက်နေတာကြောင့် ဈေးကွက် ကမောက်ကမဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်းက အာလူးစိုက်တောင်သူတွေ အခက်အခဲ ဖြစ်နေပါတယ်။

ရှမ်းပြည်တောင်ပိုင်း နောင်တယား၊ ဟဲဟိုး၊ ညောင်ရွေသိမ်ကုန်းနဲ့ တောင်ကြီးမြို့နယ် တောင်နီကျေးရွာတွေမှာ အာလူးအဓိက စိုက်ပျိုးအသက်မွေးဝမ်းကျောင်းပြုသူတွေ အများအပြားရှိပါတယ်။

ပြီးခဲ့တဲ့လပိုင်းက အာလူးဈေးဟာ တပိဿာကို ကျပ် ခြောက်ရာကျော်ရှိပေမယ့် တရုတ်နိုင်ငံဘက်က အာလူးတွေ ဝင်ရောက်လာတာကြောင့် အာလူးစိုက်တောင်သူတွေ အခက်အခဲတွေ ဖြစ်နေကြပါတယ်။

တရုတ်အာလူးတွေဝင်လာပြီး ဈေးထိုးကျသွားတယ်လို့ နောင်တယားဒေသက အားလူးစိုက်တောင်သူ ခွန်စန်းဦးက ပြောပါတယ်။

ဟဲဟိုး၊ နောင်တယားဒေသဘက်မှာ အာလူးတစ်ဧကကို ပိဿာ ငါးထောင်ကနေ ရှစ်ထောင်လောက် အထိထွက်ပြီး တရုတ်နိုင်ငံမှာတော့ နည်းပညာမြင့်တာကြောင့် တစ်ဧကကို ပိဿတစ်သောင်းလောက်ထိထွက်တယ်လို့ အာလူး စိုက်တောင်သူတွေ ပြောပြချက်အရ သိရပါတယ်။

မြန်မာပြည်က အာလူးစိုက်တောင်သူတွေဟာ မျိုးစေ့နဲ့ မြေသြဇာကို တရုတ်က ဝယ်ယူရတာကြောင့် စိုက်ပျိုး စရိတ်ဟာ တပိဿာကို ကျပ်လေးရာကနေ ကျပ် ငါးရာလောက်အထိ ကုန်ကျပါတယ်။

အာလူးမျိုးကောင်းအသုံးပြုနိုင်ပြီး နည်းပညာပိုမြင့်တဲ့ တရုတ်ပြည်မှာ အထွက်နှုန်းကောင်းတာကြောင့်   မြန်မာ ပြည်မှာလောက် စရိတ်မကုန်ကျပါဘူး။

တရုတ်အာလူး မြန်မာပြည်ကို ဝင်ရောက်ပြီဆိုရင် ဈေးကွက်မှာ မယှဉ်နိုင်ဘဲ အမြဲအရှုံးပေါ်နေတယ်လု့ိ အာလူးစိုက်တောင်သူတွေက ပြောပါတယ်။

လက်ရှိ ရန်ကုန် ဘုရင်နောင်ဈေးကွက်မှာ  အရောင်၊ အရွယ်အစားပိုင်း ရောင်းပန်းလှတဲ့ တရုတ်အာလူးကို ဝယ်သူများတယ်လို့ ဘုရင်နောင်ပွဲရုံ အာလူးကုန်သည်တွေက ပြောပါတယ်။

ဈေးနှုန်းသက်သာတဲ့ တရုတ်အာလူးရဲ့ အားသာချက်တွေထဲမှာ  နယ်စပ်အခွန်နည်းပြီး တရားမဝင်တင်သွင်း လို့ရတဲ့အချက်တွေလည်း ပါဝင်ကြောင်း အာလူးစိုက်တောင်သူတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

ပြည်တွင်းမှာ စားသုံးဖို့ လုံလုံလောက်လောက် ထွက်နေတဲ့အချိန်မှာ တရုတ်ကနေ အာလူးဝင်လာမှာကို  အာလူးစိုက်တောင်သူတွေက မလိုလားကြပါဘူး။

အာလူးတောင်သူတွေဟာ သူတို့ရဲ့ စိုက်ပျိုးရေးထွက်ကုန်ကို သိုလှောင်ရာမှာ ကမ္ဘာ့အာလူးတင်ပို့မှု အများဆုံး နိုင်ငံတခု ဖြစ်တဲ့ တရုတ်နိုင်ငံမှာလို အပူချိန်ထိန်းတဲ့အခန်းတွေနဲ့ မဟုတ်ဘဲ ဂိုထောင်မှာပဲထားရတာကြောင့်  သိုလှောင်ချိန်ကြာလာတာနဲ့အမျှ ပျက်စီးဆုံးရှုံးနိုင်ပါတယ်။

နိုင်ငံအတွင်းစားသုံးဖို့ ဖူလုံအောင် နိုင်ငံအတွင်းမှာ ထုတ်နိုင်တဲ့အချိန်မှာ အစိုးရအနေနဲ့လည်း တရုတ်ကနေ တင်သွင်းခွင့် ပိတ်လိုက်ဖို့ တောင်သူတွေက လိုလားနေကြသလို အားလူးစိုက် တောင်သူအသင်းတွေကနေ အစိုးရကို တင်ပြတောင်းဆိုဖို့ ပြင်ဆင်နေပါတယ်။

တရားဝင်တင်သွင်းခွင့် ပေးထားခြင်း ရှိမရှိနဲ့ အာလူးဝင်ရောက်တာကို ကန့်သတ်ရေး အစီအစဉ် ရှိ၊ မရှိ သိရဖို့ RFA သတင်းဌာနက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ရှမ်းပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းညွှန်လွင်ကတော့ နယ်စပ်ကနေ တင်သွင်းခွင့် ပေးထားတဲ့ ကုန်စည်ထဲမှာ အာလူး မပါဘူးလို့ RFA ကို ပြောပါတယ်။

ထုတ်လုပ်စရိတ် အနိမ့်ဆုံး ကျပ် ၅၀၀ လောက် ရှိတာကြောင့် ကျပ် ၆၀၀ အထက် ဈေးရမှာသာ အဆင်ပြေပြီး မရောင်းရဘဲ ကြာရှည်ထားရမယ်ဆိုရင် ပျက်စီး ဆုံးရှုံးနိုင်တယ်လို့ အာလူးစိုက်တောင်သူတွေက ပြောပါတယ်။

တစ်နိုင်ငံလုံး  အာလူးစိုက်ဧက ကိုးသောင်းကျော်ရှိပြီး  အဲဒီထဲက ထက်ဝက်ကျော်ဟာ ရှမ်းပြည်နယ်မှာ ရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန အချက်အလက်တွေအရ သိရပါတယ်။

ကျော်လွင်ဦး / RFA Burmese
---------------------------------------------

(Zawgyi)⤵⤵⤵
တ႐ုတ္သြင္းကုန္ေၾကာင့္ အခက္ေတြ႕ေနတဲ့ အာလူးေဈးကြက္

ျမန္မာ့ေဈးကြက္ထဲကို တ႐ုတ္ႏိုင္ငံက အာလူးေတြ ဝင္ေရာက္ေနတာေၾကာင့္ ေဈးကြက္ ကေမာက္ကမျဖစ္ၿပီး ရွမ္းျပည္ေတာင္ပိုင္းက အာလူးစိုက္ေတာင္သူေတြ အခက္အခဲ ျဖစ္ေနပါတယ္။

ရွမ္းျပည္ေတာင္ပိုင္း ေနာင္တယား၊ ဟဲဟိုး၊ ေညာင္ေ႐ြသိမ္ကုန္းနဲ႔ ေတာင္ႀကီးၿမိဳ႕နယ္ ေတာင္နီေက်း႐ြာေတြမွာ အာလူးအဓိက စိုက္ပ်ိဳးအသက္ေမြးဝမ္းေက်ာင္းျပဳသူေတြ အမ်ားအျပားရွိပါတယ္။

ၿပီးခဲ့တဲ့လပိုင္းက အာလူးေဈးဟာ တပိႆာကို က်ပ္ ေျခာက္ရာေက်ာ္ရွိေပမယ့္ တ႐ုတ္ႏိုင္ငံဘက္က အာလူးေတြ ဝင္ေရာက္လာတာေၾကာင့္ အာလူးစိုက္ေတာင္သူေတြ အခက္အခဲေတြ ျဖစ္ေနၾကပါတယ္။

တ႐ုတ္အာလူးေတြဝင္လာၿပီး ေဈးထိုးက်သြားတယ္လို႔ ေနာင္တယားေဒသက အားလူးစိုက္ေတာင္သူ ခြန္စန္းဦးက ေျပာပါတယ္။

ဟဲဟိုး၊ ေနာင္တယားေဒသဘက္မွာ အာလူးတစ္ဧကကို ပိႆာ ငါးေထာင္ကေန ရွစ္ေထာင္ေလာက္ အထိထြက္ၿပီး တ႐ုတ္ႏိုင္ငံမွာေတာ့ နည္းပညာျမင့္တာေၾကာင့္ တစ္ဧကကို ပိႆတစ္ေသာင္းေလာက္ထိထြက္တယ္လို႔ အာလူး စိုက္ေတာင္သူေတြ ေျပာျပခ်က္အရ သိရပါတယ္။

ျမန္မာျပည္က အာလူးစိုက္ေတာင္သူေတြဟာ မ်ိဳးေစ့နဲ႔ ေျမၾသဇာကို တ႐ုတ္က ဝယ္ယူရတာေၾကာင့္ စိုက္ပ်ိဳး စရိတ္ဟာ တပိႆာကို က်ပ္ေလးရာကေန က်ပ္ ငါးရာေလာက္အထိ ကုန္က်ပါတယ္။

အာလူးမ်ိဳးေကာင္းအသုံးျပဳႏိုင္ၿပီး နည္းပညာပိုျမင့္တဲ့ တ႐ုတ္ျပည္မွာ အထြက္ႏႈန္းေကာင္းတာေၾကာင့္   ျမန္မာ ျပည္မွာေလာက္ စရိတ္မကုန္က်ပါဘူး။

တ႐ုတ္အာလူး ျမန္မာျပည္ကို ဝင္ေရာက္ၿပီဆိုရင္ ေဈးကြက္မွာ မယွဥ္ႏိုင္ဘဲ အၿမဲအရႈံးေပၚေနတယ္လု႔ိ အာလူးစိုက္ေတာင္သူေတြက ေျပာပါတယ္။

လက္ရွိ ရန္ကုန္ ဘုရင္ေနာင္ေဈးကြက္မွာ  အေရာင္၊ အ႐ြယ္အစားပိုင္း ေရာင္းပန္းလွတဲ့ တ႐ုတ္အာလူးကို ဝယ္သူမ်ားတယ္လို႔ ဘုရင္ေနာင္ပြဲ႐ုံ အာလူးကုန္သည္ေတြက ေျပာပါတယ္။

ေဈးႏႈန္းသက္သာတဲ့ တ႐ုတ္အာလူးရဲ႕ အားသာခ်က္ေတြထဲမွာ  နယ္စပ္အခြန္နည္းၿပီး တရားမဝင္တင္သြင္း လို႔ရတဲ့အခ်က္ေတြလည္း ပါဝင္ေၾကာင္း အာလူးစိုက္ေတာင္သူေတြနဲ႔ ကုန္သည္ေတြက ေျပာပါတယ္။

ျပည္တြင္းမွာ စားသုံးဖို႔ လုံလုံေလာက္ေလာက္ ထြက္ေနတဲ့အခ်ိန္မွာ တ႐ုတ္ကေန အာလူးဝင္လာမွာကို  အာလူးစိုက္ေတာင္သူေတြက မလိုလားၾကပါဘူး။

အာလူးေတာင္သူေတြဟာ သူတို႔ရဲ႕ စိုက္ပ်ိဳးေရးထြက္ကုန္ကို သိုေလွာင္ရာမွာ ကမာၻ႔အာလူးတင္ပို႔မႈ အမ်ားဆုံး ႏိုင္ငံတခု ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံမွာလို အပူခ်ိန္ထိန္းတဲ့အခန္းေတြနဲ႔ မဟုတ္ဘဲ ဂိုေထာင္မွာပဲထားရတာေၾကာင့္  သိုေလွာင္ခ်ိန္ၾကာလာတာနဲ႔အမွ် ပ်က္စီးဆုံးရႈံးႏိုင္ပါတယ္။

ႏိုင္ငံအတြင္းစားသုံးဖို႔ ဖူလုံေအာင္ ႏိုင္ငံအတြင္းမွာ ထုတ္ႏိုင္တဲ့အခ်ိန္မွာ အစိုးရအေနနဲ႔လည္း တ႐ုတ္ကေန တင္သြင္းခြင့္ ပိတ္လိုက္ဖို႔ ေတာင္သူေတြက လိုလားေနၾကသလို အားလူးစိုက္ ေတာင္သူအသင္းေတြကေန အစိုးရကို တင္ျပေတာင္းဆိုဖို႔ ျပင္ဆင္ေနပါတယ္။

တရားဝင္တင္သြင္းခြင့္ ေပးထားျခင္း ရွိမရွိနဲ႔ အာလူးဝင္ေရာက္တာကို ကန႔္သတ္ေရး အစီအစဥ္ ရွိ၊ မရွိ သိရဖို႔ RFA သတင္းဌာနက စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန တာဝန္ရွိသူေတြကို ဖုန္းနဲ႔ အႀကိမ္ႀကိမ္ ဆက္သြယ္ေမးျမန္းေပမယ့္ လက္ခံေျဖၾကားတာမရွိပါဘူး။

ရွမ္းျပည္နယ္ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းၫႊန္လြင္ကေတာ့ နယ္စပ္ကေန တင္သြင္းခြင့္ ေပးထားတဲ့ ကုန္စည္ထဲမွာ အာလူး မပါဘူးလို႔ RFA ကို ေျပာပါတယ္။

ထုတ္လုပ္စရိတ္ အနိမ့္ဆုံး က်ပ္ ၅၀၀ ေလာက္ ရွိတာေၾကာင့္ က်ပ္ ၆၀၀ အထက္ ေဈးရမွာသာ အဆင္ေျပၿပီး မေရာင္းရဘဲ ၾကာရွည္ထားရမယ္ဆိုရင္ ပ်က္စီး ဆုံးရႈံးႏိုင္တယ္လို႔ အာလူးစိုက္ေတာင္သူေတြက ေျပာပါတယ္။

တစ္ႏိုင္ငံလုံး  အာလူးစိုက္ဧက ကိုးေသာင္းေက်ာ္ရွိၿပီး  အဲဒီထဲက ထက္ဝက္ေက်ာ္ဟာ ရွမ္းျပည္နယ္မွာ ရွိတယ္လို႔ စိုက္ပ်ိဳးေရးဦးစီးဌာန အခ်က္အလက္ေတြအရ သိရပါတယ္။

ေက်ာ္လြင္ဦး / RFA Burmese
https://www.rfa.org/burmese/program_2/myanmar-import-china-potato-05282020035442.html
တရုတ်သွင်းကုန်ကြောင့် အခက်တွေ့နေတဲ့ အာလူးဈေးကွက် တရုတ်သွင်းကုန်ကြောင့် အခက်တွေ့နေတဲ့ အာလူးဈေးကွက် Reviewed by THITHTOOLWIN on 18:23 Rating: 5
Powered by Blogger.