အသံတုဝိဇ္ဇာ ဦးရဲမြင့်လေး ကွယ်လွန်


(Unicode)⤵⤵⤵
တစ်ခေတ်တစ်ခါက နောက်ခံအသံတုလောကတွင် ပါးစပ်သေနတ်ပစ် အသံတု၊ တိရစ္ဆာန်အသံတု၊ လူအသံတုဖြင့် ကျော်ကြားခဲ့သော အသံတု ရဲမြင့်လေးသည် မေ ၂၄ ရက် ညနေ ၅နာရီက ၎င်းနေထိုင်ရာ သာကေတ မြို့နယ်ရှိ နေအိမ်တွင် လူကြီးရောဂါဖြင့်  ကွယ်လွန်သွားကြောင်း သိရသည်။

အသံတုရဲမြင့်လေး၏ အမည်ရင်းမှာ ဦးမောင်မြင့်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီး ဒလမြို့နယ် ရခိုင်ချောင်ကျေးရွာတွင် အဖ ဦးကျော်ဆိုင်၊ အမိ ဒေါ်ချစ်မြတို့မှ မွေးဖွားခဲ့သည်။

၁၀ တန်းကျောင်းသားဘဝ သာကေတမြို့နယ်ရှိ အောင်ခေတ်မီ အနုပညာကျောင်း၌ ပညာဆည်းပူးနေစဉ် အနုပညာကျောင်းပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲတွင် ''ကျွန်တော်သာ ရုပ်ရှင်မင်းသားဖြစ်ခဲ့ရင်''  ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ရာ ပထမဆုရရှိခဲ့ပြီး ထိုအချိန်မှစ၍ အသံတု လုပ်ခြင်းကို ဝါသနာပါခဲ့ကြောင်း ၎င်း၏ အင်တာဗျူးတစ်ခုတွင် ဖြေကြား ထားသည်။

အသံတုရဲမြင့်လေးသည် မျက်လှည့်ပညာကို အကယ်ဒမီဖိုးပါကြီး၊ ဆရာပဏ္ဏဝ၊ ဆရာပြည်ဘိုလာ၊ အသံတုနှင့်မျက်လှည့် ချန်ပီယံ တင်ညွန့်တို့ ထံတွင် သင်ယူခဲ့ပြီး အသံတုပညာရှင် (ရွှေတံဆိပ်ဆုရှင်) ၊ စိတ်-အာရုံ- မနောပညာရှင်၊  မျက်လှည့်ပညာရှင်အဖြစ် ထင်ရှားသည်။

  အသံတု လုပ်ရာတွင် ဗိုလ်ချုပ်အောင်ဆန်း ငါးဘဝပြဇာတ်အတွက် ဗိုလ်ချုပ်၏ အသံနှင့် မိန့်ခွန်းများကို နောက်ခံအသံဖြင့် သရုပ်ဆောင်ခဲ့သည်။ တွံတေး သိန်းတန်၊ ဟင်္သာတထွန်းရင်၊ အညာသားအေးလွင်၊ မောင်မောင်ညွန့်တို့ ၏ ကက်ဆက်တိပ်ခွေ ဇာတ်လမ်းများတွင် သရုပ်ဆောင်ပေးခဲ့သည်။

ယခုနောက်ပိုင်း MRTV 4 မျက်လှည့်အစီအစဉ်မှ သင်တန်းများ ပို့ချ ခဲ့ပြီး Channel 9 မှ ထုတ်လွှင့်ခဲ့သော ဤဘဝဝယ်  အစီအစဉ်တွင်  စည်သူ ဗိုလ်ကလေးတင့်အောင်၏   တာဝန်ပေးချက်အရ   ဥဩဘသောင်၏ ဘဲကျောင်းသားသီချင်းကို အသံတုဖြင့် သရုပ်ဆောင်ခဲ့ရကာ အသက် ၈၁ နှစ်အရွယ်တွင် ကျန်းမာရေးအရ အနားယူလျက်ရှိသည်။

အသံတုရဲမြင့်လေးသည်   နဝမအကြိမ်မြောက်   သက်ကြီးဂီတ ပညာရှင်များ ပူဇော်ကန်တော့ပွဲမှစပြီး ကန်တော့ခံအဖြစ် စတင်ပါဝင်ခဲ့ကာ သာကေတမြို့နယ် (၃) ရန်ပြေရပ်ကွက်  ၂ ဈေးလမ်း အမှတ် ၂၁/က နေအိမ်တွင် မိသားစုနှင့် နေထိုင်လျက်ရှိစဉ် အသက် ၈၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။   

The Mirror Daily
-----------------------------------------
(Zawgyi)⤵⤵⤵
အသံတုဝိဇၨာ ဦးရဲျမင့္ေလး ကြယ္လြန္

တစ္ေခတ္တစ္ခါက ေနာက္ခံအသံတုေလာကတြင္ ပါးစပ္ေသနတ္ပစ္ အသံတု၊ တိရစာၦန္အသံတု၊ လူအသံတုျဖင့္ ေက်ာ္ၾကားခဲ့ေသာ အသံတု ရဲျမင့္ေလးသည္ ေမ ၂၄ ရက္ ညေန ၅နာရီက ၎ေနထိုင္ရာ သာေကတ ၿမိဳ႕နယ္ရွိ ေနအိမ္တြင္ လူႀကီးေရာဂါျဖင့္  ကြယ္လြန္သြားေၾကာင္း သိရသည္။

အသံတုရဲျမင့္ေလး၏ အမည္ရင္းမွာ ဦးေမာင္ျမင့္ျဖစ္ၿပီး ရန္ကုန္ တိုင္းေဒသႀကီး ဒလၿမိဳ႕နယ္ ရခိုင္ေခ်ာင္ေက်း႐ြာတြင္ အဖ ဦးေက်ာ္ဆိုင္၊ အမိ ေဒၚခ်စ္ျမတို႔မွ ေမြးဖြားခဲ့သည္။

၁၀ တန္းေက်ာင္းသားဘဝ သာေကတၿမိဳ႕နယ္ရွိ ေအာင္ေခတ္မီ အႏုပညာေက်ာင္း၌ ပညာဆည္းပူးေနစဥ္ အႏုပညာေက်ာင္းေပါင္းစုံ က်ပန္းစကားေျပာၿပိဳင္ပြဲတြင္ ''ကြၽန္ေတာ္သာ ႐ုပ္ရွင္မင္းသားျဖစ္ခဲ့ရင္''  ေခါင္းစဥ္ျဖင့္ ပါဝင္ယွဥ္ၿပိဳင္ရာ ပထမဆုရရွိခဲ့ၿပီး ထိုအခ်ိန္မွစ၍ အသံတု လုပ္ျခင္းကို ဝါသနာပါခဲ့ေၾကာင္း ၎၏ အင္တာဗ်ဴးတစ္ခုတြင္ ေျဖၾကား ထားသည္။

အသံတုရဲျမင့္ေလးသည္ မ်က္လွည့္ပညာကို အကယ္ဒမီဖိုးပါႀကီး၊ ဆရာပဏၰဝ၊ ဆရာျပည္ဘိုလာ၊ အသံတုႏွင့္မ်က္လွည့္ ခ်န္ပီယံ တင္ၫြန႔္တို႔ ထံတြင္ သင္ယူခဲ့ၿပီး အသံတုပညာရွင္ (ေ႐ႊတံဆိပ္ဆုရွင္) ၊ စိတ္-အာ႐ုံ- မေနာပညာရွင္၊  မ်က္လွည့္ပညာရွင္အျဖစ္ ထင္ရွားသည္။

  အသံတု လုပ္ရာတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ငါးဘဝျပဇာတ္အတြက္ ဗိုလ္ခ်ဳပ္၏ အသံႏွင့္ မိန႔္ခြန္းမ်ားကို ေနာက္ခံအသံျဖင့္ သ႐ုပ္ေဆာင္ခဲ့သည္။ တြံေတး သိန္းတန္၊ ဟသၤာတထြန္းရင္၊ အညာသားေအးလြင္၊ ေမာင္ေမာင္ၫြန႔္တို႔ ၏ ကက္ဆက္တိပ္ေခြ ဇာတ္လမ္းမ်ားတြင္ သ႐ုပ္ေဆာင္ေပးခဲ့သည္။

ယခုေနာက္ပိုင္း MRTV 4 မ်က္လွည့္အစီအစဥ္မွ သင္တန္းမ်ား ပို႔ခ် ခဲ့ၿပီး Channel 9 မွ ထုတ္လႊင့္ခဲ့ေသာ ဤဘဝဝယ္  အစီအစဥ္တြင္  စည္သူ ဗိုလ္ကေလးတင့္ေအာင္၏   တာဝန္ေပးခ်က္အရ   ဥဩဘေသာင္၏ ဘဲေက်ာင္းသားသီခ်င္းကို အသံတုျဖင့္ သ႐ုပ္ေဆာင္ခဲ့ရကာ အသက္ ၈၁ ႏွစ္အ႐ြယ္တြင္ က်န္းမာေရးအရ အနားယူလ်က္ရွိသည္။

အသံတုရဲျမင့္ေလးသည္   နဝမအႀကိမ္ေျမာက္   သက္ႀကီးဂီတ ပညာရွင္မ်ား ပူေဇာ္ကန္ေတာ့ပြဲမွစၿပီး ကန္ေတာ့ခံအျဖစ္ စတင္ပါဝင္ခဲ့ကာ သာေကတၿမိဳ႕နယ္ (၃) ရန္ေျပရပ္ကြက္  ၂ ေဈးလမ္း အမွတ္ ၂၁/က ေနအိမ္တြင္ မိသားစုႏွင့္ ေနထိုင္လ်က္ရွိစဥ္ အသက္ ၈၂ ႏွစ္အ႐ြယ္တြင္ ကြယ္လြန္ခဲ့ေၾကာင္း သိရသည္။   

The Mirror Daily
https://www.facebook.com/TheMirrorDaily
အသံတုဝိဇ္ဇာ ဦးရဲမြင့်လေး ကွယ်လွန် အသံတုဝိဇ္ဇာ ဦးရဲမြင့်လေး ကွယ်လွန် Reviewed by THITHTOOLWIN on 08:59 Rating: 5
Powered by Blogger.