ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိခဲ့တဲ့ မူဆယ်မှာ ဒီကနေ့ လက်လုပ်မိုင်းပေါက်ကွဲ

မူဆယ်မြို့ရှိ လက်လုပ်မိုင်း နှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာ။ (ဓာတ်ပုံ - MOI - မေ ၂၆၊ ၂၀၂၀)
(Unicode)⤵⤵⤵
တရုတ်နိုင်ငံထုတ် ဖောက်ခွဲရေးသုံးပစ္စည်းတွေ တင်လာတဲ့ ကုန်ကားတစီးကို မူဆယ်ကုန်သွယ်ရေးဇုန်မှာ မနေ့က နေ့လယ်ပိုင်းက ဖမ်းမိပြီး ဒီနေ့လယ်ပိုင်း မူဆယ်မှာ လက်လုပ်မိုင်း နှစ်လုံးပေါက်ကွဲခဲ့တယ်ဆိုတဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ဆက်ပေးပါမယ်။

Detonator ဖောက်ခွဲရေးသုံးပစ္စည်း အရေအတွက် ၁၀၀,၀၀၀ နီးပါးကို မူဆယ်မြို့ မန်ဝိန်းနယ်စပ်ဂိတ်နား ရပ်ထားတဲ့ ကုန်ကားပေါ်မှာ မနေ့က နေ့လယ်ပိုင်းက ဖမ်းဆီးမိပြီး စစ်ဆေးမှုတွေ မပြီးသေးဘူးလို့ မူဆယ်မြို့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ယာဉ်မောင်းက မြန်မာလူမျိုးဖြစ်ပါတယ်။

တရုတ်နိုင်ငံ ကြယ်ဂေါင်ကနေ မန်းဝိန်းဂိတ်ကြားမောင်းပို့ဖို့ တရုတ်ကုန်သည်အဖွဲ့တွေ ရွေးထားတဲ့ ယာဉ်မောင်း အယောက် ၂၀ ထဲက တဦးဖြစ်တယ်လို့ မူဆယ်ခရိုင်အုပ်ချုပ်ရေး လက်ထောက်ညွှန်မှူး ဦးမောင်မောင်သန်းက ပြောပါတယ်။

“ကျနော်သိတာကတော့ မောင်းပေးတဲ့ ယာဉ်မောင်းကတော့ မြန်မာလူမျိုးပဲလေ။ ဒါပေမဲ့ တရုတ်က ရွေးထားတဲ့ တရုတ်ကိုယ်စားလှယ်ယာဉ်မောင်းပေါ့။ အမှုအခင်း အသေးစိတ်ကတော့ ရဲမေးမှ ရမယ်ဗျ။”

ပြည်တွင်းမှာ ဥပဒေအရ ကန့်သတ်ထားတဲ့ ပစ္စည်းတွေဖြစ်လို့ တရားမဝင် သယ်ဆောင်ခိုင်းတဲ့သူကို မူဆယ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဝယ်ယူတဲ့သူကို မဖမ်းမိသေးဘူးလို့ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီနေ့နေ့လယ်ပိုင်းလည်း မူဆယ် မန်ဝိန်းနားမှာ လက်လုပ်မိုင်း နှစ်လုံးပေါက်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်ကျော်ဦး ကပြောပါတယ်။

“ဟုတ်တယ်။ ကျနော်တို့ တကယ်ကို အလုပ်များနေတယ်။ ကျနော်တို့ ဗုံးကွဲလို့ ဒီဘက်မှာ လက်လုပ်မိုင်းကွဲလို့ အလုပ်ရှုပ်နေတယ်နော်။”

မေလ ၁၅ ရက်ကနေ ၂၅ ရက်အတွင်းမှာ မူဆယ်တဝိုက်မှာ လက်နက် ၂၀ ကျော်ဖမ်းမိပြီး မူးယစ်ဆေးဝါးတွေလည်း ဖမ်းမိထားလို့ အခုလိုပေါက်ကွဲမှုဖြစ်တဲ့ ကိစ္စတွေဟာ ဆက်နွယ်မှုရှိနိုင်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
မူဆယ်မြို့ရှိ လက်လုပ်မိုင်း နှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာကို ရဲတပ်ဖွဲ့ဝင်တချို့ စစ်ဆေးနေပုံ။ (ဓာတ်ပုံ - MOI - မေ ၂၆၊ ၂၀၂၀)
“အဲဒီရပ်ကွက်ပိုင်မြေပေါ်မှာ ကွဲတယ် ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး၊ သူက အသံမိုင်းသဘောမျိုးပါပဲ။ ပလတ်စတစ်အိတ်ထဲမှာ ယမ်းပျော့နဲ့ ဒီတိုနေတာ ထည့်ပြီးတော့မှ ခွဲတယ်လို့ ပဏာမ စစ်ဆေးချက်အရ သိရပါတယ်။ အဲဒီရှေ့မှာလည်း မူဆယ် ၁၀၅ မိုင်ဂိတ်မှာတော့ ဆိုင်ကယ်နဲ့ လာတဲ့ နှစ်ယောက်ကနေ လက်လုပ်မိုင်းပုံစံမျိုး ချသွားလို့ ဂိတ်အနည်းငယ် ပျက်စီးသွားတာလည်း ရှိပါတယ်။”

Detonator စံနက်တံတွေကို ဖေါက်ခွဲရေးပစ္စည်း မိုင်း စတာတွေမှာ အသုံးပြုတာမို့၊ သတ္ထုမိုင်းလုပ်ငန်းတွေမှာလည်း အများအပြား အသုံးပြုရတာရှိပါတယ်။ ဒါပေမဲ့ အခု ပစ္စည်းတွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ သယ်ဆောင်သလဲဆိုတဲ့ အသေးစိတ်ကိုတော့ တာဝန်ရှိသူတွေ စုံစမ်းနေဆဲရှိပါတယ်။

 ဇော်ထက်  / ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------------
(Zawgyi)⤵⤵⤵
ေဖာက္ခြဲေရးပစၥည္းေတြ ဖမ္းမိခဲ့တဲ့ မူဆယ္မွာ ဒီကေန႔ လက္လုပ္မိုင္းေပါက္ကြဲ

တ႐ုတ္ႏိုင္ငံထုတ္ ေဖာက္ခြဲေရးသုံးပစၥည္းေတြ တင္လာတဲ့ ကုန္ကားတစီးကို မူဆယ္ကုန္သြယ္ေရးဇုန္မွာ မေန႔က ေန႔လယ္ပိုင္းက ဖမ္းမိၿပီး ဒီေန႔လယ္ပိုင္း မူဆယ္မွာ လက္လုပ္မိုင္း ႏွစ္လုံးေပါက္ကဲြခဲ့တယ္ဆိုတဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ဆက္ေပးပါမယ္။

Detonator ေဖာက္ခြဲေရးသံုးပစၥည္း အေရအတြက္ ၁၀၀,၀၀၀ နီးပါးကို မူဆယ္ၿမိဳ႕ မန္ဝိန္းနယ္စပ္ဂိတ္နား ရပ္ထားတဲ့ ကုန္ကားေပၚမွာ မေန႔က ေန႔လယ္ပိုင္းက ဖမ္းဆီးမိၿပီး စစ္ေဆးမႈေတြ မၿပီးေသးဘူးလို႔ မူဆယ္ၿမိဳ႕ အုပ္ခ်ဳပ္ေရး တာဝန္ရွိသူေတြက ေျပာပါတယ္။ ယာဥ္ေမာင္းက ျမန္မာလူမ်ိဳးျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံ ၾကယ္ေဂါင္ကေန မန္းဝိန္းဂိတ္ၾကားေမာင္းပို႔ဖို႔ တ႐ုတ္ကုန္သည္အဖြဲ႕ေတြ ေ႐ြးထားတဲ့ ယာဥ္ေမာင္း အေယာက္ ၂၀ ထဲက တဦးျဖစ္တယ္လို႔ မူဆယ္ခ႐ိုင္အုပ္ခ်ဳပ္ေရး လက္ေထာက္ၫႊန္မႉး ဦးေမာင္ေမာင္သန္းက ေျပာပါတယ္။

“က်ေနာ္သိတာကေတာ့ ေမာင္းေပးတဲ့ ယာဥ္ေမာင္းကေတာ့ ျမန္မာလူမ်ိဳးပဲေလ။ ဒါေပမဲ့ တ႐ုတ္က ေ႐ြးထားတဲ့ တ႐ုတ္ကိုယ္စားလွယ္ယာဥ္ေမာင္းေပါ့။ အမႈအခင္း အေသးစိတ္ကေတာ့ ရဲေမးမွ ရမယ္ဗ်။”

ျပည္တြင္းမွာ ဥပေဒအရ ကန႔္သတ္ထားတဲ့ ပစၥည္းေတြျဖစ္လို႔ တရားမဝင္ သယ္ေဆာင္ခိုင္းတဲ့သူကို မူဆယ္ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ထားပါတယ္။ ဝယ္ယူတဲ့သူကို မဖမ္းမိေသးဘူးလို႔ မူဆယ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ဒီေန႔ေန႔လယ္ပိုင္းလည္း မူဆယ္ မန္ဝိန္းနားမွာ လက္လုပ္မိုင္း ႏွစ္လုံးေပါက္ခဲ့ေၾကာင္း ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ဦးေအာင္ေက်ာ္ဦး ကေျပာပါတယ္။

“ဟုတ္တယ္။ က်ေနာ္တို႔ တကယ္ကို အလုပ္မ်ားေနတယ္။ က်ေနာ္တို႔ ဗုံးကြဲလို႔ ဒီဘက္မွာ လက္လုပ္မိုင္းကြဲလို႔ အလုပ္ရႈပ္ေနတယ္ေနာ္။”

ေမလ ၁၅ ရက္ကေန ၂၅ ရက္အတြင္းမွာ မူဆယ္တဝိုက္မွာ လက္နက္ ၂၀ ေက်ာ္ဖမ္းမိၿပီး မူးယစ္ေဆးဝါးေတြလည္း ဖမ္းမိထားလို႔ အခုလိုေပါက္ကြဲမႈျဖစ္တဲ့ ကိစၥေတြဟာ ဆက္ႏြယ္မႈရွိႏိုင္တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးက ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

“အဲဒီရပ္ကြက္ပိုင္ေျမေပၚမွာ ကြဲတယ္ ထိခိုက္ဒဏ္ရာရရွိမႈ မရွိပါဘူး၊ သူက အသံမိုင္းသေဘာမ်ိဳးပါပဲ။ ပလတ္စတစ္အိတ္ထဲမွာ ယမ္းေပ်ာ့နဲ႔ ဒီတိုေနတာ ထည့္ၿပီးေတာ့မွ ခြဲတယ္လို႔ ပဏာမ စစ္ေဆးခ်က္အရ သိရပါတယ္။ အဲဒီေရွ႕မွာလည္း မူဆယ္ ၁၀၅ မိုင္ဂိတ္မွာေတာ့ ဆိုင္ကယ္နဲ႔ လာတဲ့ ႏွစ္ေယာက္ကေန လက္လုပ္မိုင္းပုံစံမ်ိဳး ခ်သြားလို႔ ဂိတ္အနည္းငယ္ ပ်က္စီးသြားတာလည္း ရွိပါတယ္။”

Detonator စံနက္တံေတြကို ေဖါက္ခဲြေရးပစၥည္း မိုင္း စတာေတြမွာ အသံုးျပဳတာမို႔၊ သတၳဳမိုင္းလုပ္ငန္းေတြမွာလည္း အမ်ားအျပား အသံုးျပဳရတာရိွပါတယ္။ ဒါေပမဲ့ အခု ပစၥည္းေတြကို ဘယ္လိုရည္ရြယ္ခ်က္နဲ႔ သယ္ေဆာင္သလဲဆိုတဲ့ အေသးစိတ္ကိုေတာ့ တာ၀န္ရိွသူေတြ စံုစမ္းေနဆဲရိွပါတယ္။

 ေဇာ္ထက္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/muse-border-gate-land-mine/5435968.html
ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိခဲ့တဲ့ မူဆယ်မှာ ဒီကနေ့ လက်လုပ်မိုင်းပေါက်ကွဲ ဖောက်ခွဲရေးပစ္စည်းတွေ ဖမ်းမိခဲ့တဲ့ မူဆယ်မှာ ဒီကနေ့ လက်လုပ်မိုင်းပေါက်ကွဲ Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.