သမဂ္ဂဝင်အလုပ်သမားတွေ ကိုဗစ်အကြောင်းပြ အလုပ်ထုတ်ခံရ


(Unicode)⤵⤵⤵
COVID 19 ကပ်ရောဂါကာလအတွင်း အလုပ်သမားသမဂ္ဂ လှုပ်ရှားသူတွေ အလုပ်ထုတ်ခံရတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

လှိုင်သာယာ စက်မှုဇုန်က သမဂ္ဂအဖွဲ့ဝင် အလုပ်သမား ၃၀၀ ကျော် အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်လို့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကို တိုင်ကြားထားတယ်လို့ မြန်မာယူနီဗျူး စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုထက်လှိုင်ဖြိုးက VOA ကိုပြောပါတယ်။ ILO ဘက်ကတော့ ၁၅ ရက်အတွင်းမှာ ပြန်ဆက်သွယ်မယ်လို့ အကြောင်းပြန်တယ်လို့သိရပါတယ်။

အလုပ်ရှင်နဲ့ အလုပ်သမားကြား ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ကို ဖောက်ဖျက်ရာရောက်တဲ့အပြင် စက်ရုံပိုင်ရှင်နဲ့ အလုပ်သမားကြား သဘောတူထားတဲ့ အချက်တစ်ချက်ဖြစ်တဲ့ စက်ရုံဖျက်တာ၊ လုပ်သားလျှော့ချတာလုပ်ရင် အလုပ်သမားတွေနဲ့ ညှိနှိုင်းတိုင်ပင်ရမယ်၊ ဥပဒအတိုင်း ဆောင်ရွက်ရမယ်ဆိုတဲ့ အချက် ပျက်ကွက်တာကြောင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အလုပ်ရှင်ကို တရားစွဲဆိုဖို့ လုပ်ဆောင်နေတယ်လို့လည်း အလုပ်သမားခေါင်းဆောင်ကိုထက်လှိုင်ဖြိုးက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနဘက်ကိုရော အလုပ်ရှင်ဘက်ကိုပါ ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။

အခုကာလအတွင်းမှာ အလုပ်ရှင်ဘက်က ကပ်ရောဂါကို အကြောင်းပြပြီး အလုပ်သမား သမဂ္ဂတွေကို ဖြိုခွဲချင်နေတာဖြစ်တယ်လို့ ကိုထက်လှိုင်ဖြိုးက ယူဆပါတယ်။

“အလုပ်ရှင်ကတော့ ဒီ COVID - 19 အကြောင်းပြပြီးတော့ပေါ့နော်။ ကျနော်တို့ သမဂ္ဂကို ဖြို့ခွဲချင်တယ်။ ပြီးရင် ဒီ COVID - 19 အကြောင်းပြတယ်၊ လူအင်အားလျှော့တယ်ဆိုပြီးတော့ ကျနော်တို့ သမဂ္ဂတစ်ခုလုံးကို ဖြိုခွဲလိုက်တာ၊ အဲ့လိုမျိုးပဲ ကျနော်က ယူဆတယ်ပေါ့။ သူ့ဘက်မှာကျတော့ သူက တစ်ခု ခံသာသွားတာကကျတော့ COVID - 19 ဆိုတဲ့ ခေါင်းစဉ်ကို တပ်ပြီးတော့ပေါ့နော်။ စက်ရုံတွေက သမဂ္ဂတွေကို အလုပ်ထုတ်လိုက်ရင် ဥပဒေပါအချက်တွေကို သူတို့က မပေးရတော့ဘူးပေါ့နော်။ အဲ့လိုဆိုပြီးတော့ ကျနော်တို့ရဲ့ သမဂ္ဂအဖွဲ့ဝင် ၃၅၅ ယောက်ကို ထုတ်လိုက်တယ်လို့ပဲ ကျနော်က ယူဆတယ်။”

အလုပ်သမားတွေကို မေလ ၂၂ ရက်မှာ လုပ်ငန်းခွင်ပြန်ဝင်ရမယ်ဆိုပြီး အကြောင်းကြားလာတာကြောင့် နယ်ကနေ လာကြရတဲ့ အလုပ်သမားတွေ ပြန်လာခဲ့ကြပေမဲ့ အလုပ်ရှင်ဘက်က အလုပ်သမား လျှော့ချတယ်ဆိုပြီး နစ်နာကြေးပေးပြီး အလုပ်ထုတ်လိုက်တာဖြစ်တယ်လို့ အလုပ်သမားတွေ ပြောပါတယ်။ စက်ရုံမှာ အလုပ်လုပ်ဖို့ ပြန်လာတဲ့ အလုပ်သမားပေါင်း ၉၀၀ ထဲကနေ သမဂ္ဂအဖွဲ့ဝင် ၃၀၀ ကျော်ကို ထုတ်လိုက်တာလို့ ဆိုပါတယ်။

အလုပ်သမားတွေကို ကြိုတင် အကြောင်းကြားတာမျိုး မလုပ်ဘဲ အလုပ်ထုတ်တာက အလုပ်သမားအဖွဲအစည်း ဥပဒေ ပုဒ်မ ၃၇ အရ တရားမဝင်ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ ကွန်ယက်ရဲ့ ဥပဒေ အကြံပေးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောပါတယ်။

“အလုပ်ရုံကို ဒီ COVID - 19 နဲ့ ပတ်သက်လို့ ဆက်စပ်ပြီးတော့ တစ်စိတ်တစ်ပိုင်း ပိတ်တာတို့၊ တစ်ခုလုံး ပိတ်တာတို့နှင့် အလုပ်ပိတ်တာတို့ကြောင့် ဖြစ်တယ်ဆိုရင်တော့ အလုပ်ပိတ်တာ ဥပဒေနဲ့ ညီသလား၊ အလုပ်သမား အဖွဲ့အစည်း ဥပဒေ ပုဒ်မ ၃၇ နဲ့အညီ ၁၄ ရက် ကြိုတင်ပြီး အလုပ်သမားတွေ ကို အကြောင်းကြားရတယ်၊ သမဂ္ဂကို အကြောင်းကြားတယ်၊ မြို့နယ် ညှိနှိုင်းပြန်ကြားရေးကို အကြောင်းကြားတယ်။ ခွင့်ပြုချက်ရှိရဲ့လား၊ မရှိဘူးဆိုရင်တော့ ဥပဒေနဲ့ မညီဘူးပေါ့နော်။ တည်ဆဲ အလုပ်သမားဥပဒေနဲ့ ကျနော်တို့က ဆုံးဖြတ်ကြရပါတယ်။”

အခုမေလထဲမှာပဲ ဒဂုံဆိပ်ကမ်းက အလုပ်သမားတစ်ချို့လည်း COVID ဖြစ်ပွားနေတဲ့ ကာလမှာ ဥပဒေအရ အလုပ်သမားခံစားခွင့်တွေ မရတဲ့အတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ILOနဲ့ NLD ဗဟိုရုံးကို သွားပြီး သူတို့ရဲ့ အခက်အခဲကို တင်ပြထားကြပါတယ်။

ကိုဗစ်ကာလမှာ တစ်ကမ္ဘာလုံး စီးပွားရေး ကျဆင်းနေချိန် ကုန်ထုတ်လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားရတာကြောင့် ဒီကာလမှာ ရပ်တည်နိုင်ဖို့ ရထိုက်တဲ့ ဥပဒေပါ အခွင့်အရေးတွေကို တောင်းဆိုခဲ့တဲ့ အလုပ်သမားတချို့ကို သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာဥပဒေနဲ့ အစိုးရက ဖမ်းဆီးထောင်ချတာတွေ ရှိခဲ့သလို အလုပ်ရှင်ဘက်ကလည်း အမှုဖွင့်အရေးယူတာတွေ ရှိနေပါတယ်ရှင်။

အိမ့်သန္တာထွန်း  / ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------------
(Zawgyi)⤵⤵⤵
သမဂၢဝင္အလုပ္သမားေတြ ကိုဗစ္အေၾကာင္းျပ အလုပ္ထုတ္ခံရ

COVID 19 ကပ္ေရာဂါကာလအတြင္း အလုပ္သမားသမဂၢ လႈပ္ရွားသူေတြ အလုပ္ထုတ္ခံရတဲ့သတင္းကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပေပးပါမယ္။

လႈိင္သာယာ စက္မႈဇုန္က သမဂၢအဖြဲ႕ဝင္ အလုပ္သမား ၃၀၀ ေက်ာ္ အလုပ္ထုတ္ခံရတာနဲ႔ ပတ္သက္လို႔ ILO အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕ကို တိုင္ၾကားထားတယ္လို႔ ျမန္မာယူနီဗ်ဴး စက္႐ုံ အလုပ္သမားသမဂၢ ဥကၠ႒ ကိုထက္လႈိင္ၿဖိဳးက VOA ကိုေျပာပါတယ္။ ILO ဘက္ကေတာ့ ၁၅ ရက္အတြင္းမွာ ျပန္ဆက္သြယ္မယ္လို႔ အေၾကာင္းျပန္တယ္လို႔သိရပါတယ္။

အလုပ္ရွင္နဲ႔ အလုပ္သမားၾကား ခ်ဳပ္ဆိုထားတဲ့ သေဘာတူစာခ်ဳပ္ကို ေဖာက္ဖ်က္ရာေရာက္တဲ့အျပင္ စက္႐ုံပိုင္ရွင္နဲ႔ အလုပ္သမားၾကား သေဘာတူထားတဲ့ အခ်က္တစ္ခ်က္ျဖစ္တဲ့ စက္႐ုံဖ်က္တာ၊ လုပ္သားေလွ်ာ့ခ်တာလုပ္ရင္ အလုပ္သမားေတြနဲ႔ ညႇိႏႈိင္းတိုင္ပင္ရမယ္၊ ဥပဒအတိုင္း ေဆာင္႐ြက္ရမယ္ဆိုတဲ့ အခ်က္ ပ်က္ကြက္တာေၾကာင့္ အလုပ္သမားၫႊန္ၾကားမႈဦးစီးဌာနက အလုပ္ရွင္ကို တရားစြဲဆိုဖို႔ လုပ္ေဆာင္ေနတယ္လို႔လည္း အလုပ္သမားေခါင္းေဆာင္ကိုထက္လႈိင္ၿဖိဳးက ေျပာပါတယ္။ ဒါနဲ႔ပတ္သက္လို႔ အလုပ္သမားၫႊန္ၾကားမႈဦးစီးဌာနဘက္ကိုေရာ အလုပ္ရွင္ဘက္ကိုပါ ဆက္သြယ္ေမးျမန္းလို႔ မရခဲ့ပါဘူး။

အခုကာလအတြင္းမွာ အလုပ္ရွင္ဘက္က ကပ္ေရာဂါကို အေၾကာင္းျပၿပီး အလုပ္သမား သမဂၢေတြကို ၿဖိဳခြဲခ်င္ေနတာျဖစ္တယ္လို႔ ကိုထက္လႈိင္ၿဖိဳးက ယူဆပါတယ္။

“အလုပ္ရွင္ကေတာ့ ဒီ COVID - 19 အေၾကာင္းျပၿပီးေတာ့ေပါ့ေနာ္။ က်ေနာ္တို႔ သမဂၢကို ၿဖိဳ႕ခြဲခ်င္တယ္။ ၿပီးရင္ ဒီ COVID - 19 အေၾကာင္းျပတယ္၊ လူအင္အားေလွ်ာ့တယ္ဆိုၿပီးေတာ့ က်ေနာ္တို႔ သမဂၢတစ္ခုလုံးကို ၿဖိဳခြဲလိုက္တာ၊ အဲ့လိုမ်ိဳးပဲ က်ေနာ္က ယူဆတယ္ေပါ့။ သူ႔ဘက္မွာက်ေတာ့ သူက တစ္ခု ခံသာသြားတာကက်ေတာ့ COVID - 19 ဆိုတဲ့ ေခါင္းစဥ္ကို တပ္ၿပီးေတာ့ေပါ့ေနာ္။ စက္႐ုံေတြက သမဂၢေတြကို အလုပ္ထုတ္လိုက္ရင္ ဥပေဒပါအခ်က္ေတြကို သူတို႔က မေပးရေတာ့ဘူးေပါ့ေနာ္။ အဲ့လိုဆိုၿပီးေတာ့ က်ေနာ္တို႔ရဲ႕ သမဂၢအဖြဲ႕ဝင္ ၃၅၅ ေယာက္ကို ထုတ္လိုက္တယ္လို႔ပဲ က်ေနာ္က ယူဆတယ္။”

အလုပ္သမားေတြကို ေမလ ၂၂ ရက္မွာ လုပ္ငန္းခြင္ျပန္ဝင္ရမယ္ဆိုၿပီး အေၾကာင္းၾကားလာတာေၾကာင့္ နယ္ကေန လာၾကရတဲ့ အလုပ္သမားေတြ ျပန္လာခဲ့ၾကေပမဲ့ အလုပ္ရွင္ဘက္က အလုပ္သမား ေလွ်ာ့ခ်တယ္ဆိုၿပီး နစ္နာေၾကးေပးၿပီး အလုပ္ထုတ္လိုက္တာျဖစ္တယ္လို႔ အလုပ္သမားေတြ ေျပာပါတယ္။ စက္႐ုံမွာ အလုပ္လုပ္ဖို႔ ျပန္လာတဲ့ အလုပ္သမားေပါင္း ၉၀၀ ထဲကေန သမဂၢအဖြဲ႕ဝင္ ၃၀၀ ေက်ာ္ကို ထုတ္လိုက္တာလို႔ ဆိုပါတယ္။

အလုပ္သမားေတြကို ႀကိဳတင္ အေၾကာင္းၾကားတာမ်ိဳး မလုပ္ဘဲ အလုပ္ထုတ္တာက အလုပ္သမားအဖြဲအစည္း ဥပေဒ ပုဒ္မ ၃၇ အရ တရားမဝင္ဘူးလို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမား သမဂၢမ်ား ကြန္ယက္ရဲ႕ ဥပေဒ အႀကံေပးျဖစ္တဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးေဌးက ေျပာပါတယ္။

“အလုပ္႐ုံကို ဒီ COVID - 19 နဲ႔ ပတ္သက္လို႔ ဆက္စပ္ၿပီးေတာ့ တစ္စိတ္တစ္ပိုင္း ပိတ္တာတို႔၊ တစ္ခုလုံး ပိတ္တာတို႔ႏွင့္ အလုပ္ပိတ္တာတို႔ေၾကာင့္ ျဖစ္တယ္ဆိုရင္ေတာ့ အလုပ္ပိတ္တာ ဥပေဒနဲ႔ ညီသလား၊ အလုပ္သမား အဖြဲ႕အစည္း ဥပေဒ ပုဒ္မ ၃၇ နဲ႔အညီ ၁၄ ရက္ ႀကိဳတင္ၿပီး အလုပ္သမားေတြ ကို အေၾကာင္းၾကားရတယ္၊ သမဂၢကို အေၾကာင္းၾကားတယ္၊ ၿမိဳ႕နယ္ ညႇိႏႈိင္းျပန္ၾကားေရးကို အေၾကာင္းၾကားတယ္။ ခြင့္ျပဳခ်က္ရွိရဲ႕လား၊ မရွိဘူးဆိုရင္ေတာ့ ဥပေဒနဲ႔ မညီဘူးေပါ့ေနာ္။ တည္ဆဲ အလုပ္သမားဥပေဒနဲ႔ က်ေနာ္တို႔က ဆုံးျဖတ္ၾကရပါတယ္။”

အခုေမလထဲမွာပဲ ဒဂုံဆိပ္ကမ္းက အလုပ္သမားတစ္ခ်ိဳ႕လည္း COVID ျဖစ္ပြားေနတဲ့ ကာလမွာ ဥပေဒအရ အလုပ္သမားခံစားခြင့္ေတြ မရတဲ့အတြက္ အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာ အဖြဲ႕ILOနဲ႔ NLD ဗဟို႐ုံးကို သြားၿပီး သူတို႔ရဲ႕ အခက္အခဲကို တင္ျပထားၾကပါတယ္။

ကိုဗစ္ကာလမွာ တစ္ကမာၻလုံး စီးပြားေရး က်ဆင္းေနခ်ိန္ ကုန္ထုတ္လုပ္ငန္းေတြလည္း ရပ္ဆိုင္းထားရတာေၾကာင့္ ဒီကာလမွာ ရပ္တည္ႏိုင္ဖို႔ ရထိုက္တဲ့ ဥပေဒပါ အခြင့္အေရးေတြကို ေတာင္းဆိုခဲ့တဲ့ အလုပ္သမားတခ်ိဳ႕ကို သဘာဝေဘးအႏၲရာယ္ကာကြယ္ေရးဆိုင္ရာဥပေဒနဲ႔ အစိုးရက ဖမ္းဆီးေထာင္ခ်တာေတြ ရွိခဲ့သလို အလုပ္ရွင္ဘက္ကလည္း အမႈဖြင့္အေရးယူတာေတြ ရွိေနပါတယ္ရွင္။

အိမ့္သႏၲာထြန္း  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/myanmar-worker-ilo-covid/5440842.html
သမဂ္ဂဝင်အလုပ်သမားတွေ ကိုဗစ်အကြောင်းပြ အလုပ်ထုတ်ခံရ သမဂ္ဂဝင်အလုပ်သမားတွေ ကိုဗစ်အကြောင်းပြ အလုပ်ထုတ်ခံရ Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.