ကမ္ဘာတဝန်း ကိုဗစ်ကာလ အကန့်အသတ်တွေကြား အိဒ်ပွဲတော်တွေ ကျင်းပ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ အိဒ်ပွဲတော်နေ့ ဝတ်ပြုဆုတောင်းနေသူများ။ (မေ ၂၄၊ ၂၀၁၅)
(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ နိုင်ငံအတော်များများ အသွားအလာတွေ ကန့်သတ်ထားရဆဲ အခြေအနေမှာပဲ ဒီကနေ့ ကမ္ဘာတဝန်း အစ္စလာမ်ဘာသာဝင်တွေ Eid al-Fitr ပွဲတော်ကို ဆင်နွှဲနေကြပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဝတ်ပြုဆုတောင်းသူတွေ အဆင်ပြေဖို့အတွက် အသွားအလာ ပိတ်ပင်ထားတာတွေကို ယာယီရပ်ဆိုင်းပေးခဲ့ပါတယ်။

အစဉ်အလာအရတော့ Ramadan ဥပုသ်ကာလ ကုန်ဆုံးတဲ့ Eid ပွဲတော်ကို ၃ ရက် ကျင်းပလေ့ရှိပြီး ဗလီတွေမှာ ဝတ်ပြုဆုတောင်းပွဲတွေ၊ မိသားစုတွေဆုံပြီး စားသောက်တာတွေ၊ အဝတ်အစား အသစ်တွေနဲ့ လက်ဆောင်တွေဝယ်၊ မုန့်အချိုတွေကျွေး စသဖြင့် စည်စည်ကားကား ကျင်းပလေ့ရှိပါတယ်။

ဒီနှစ်မှာတာ့ ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေတဲ့ အန္တရာယ်ကြောင့် ဆော်ဒီ၊ အီဂျစ်၊ တူရကီ၊ ဆီးရီးယား အပါအဝင် နိုင်ငံအတော်များများမှာ လူစုလူဝေးနဲ့ ဝတ်ပြုဆုတောင်းပွဲတွေ မကျင်းပဖို့ တားမြစ်ထားပါတယ်။

ဆော်ဒီနိုင်ငံမှာ Ramadan ဥပုသ်ကာလ အစ အချိန်လောက်ကတည်းကနေ အခုထိ ရောဂါကူးစက်မှုနှုန်း ၄ ဆ မြင့်တက်လာတဲ့အတွက် ၅ ရက်ဆက်တိုက် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားပါတယ်။

အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားရာ နေရာတခုဖြစ်တဲ့ ဂျေရုဆလင် Al-Aqsa ဗလီကျောင်းမှာလည်း ဝတ်ပြုသူတွေကို အထဲဝင်ခွင့် မပြုပါဘူး။

ပါလက်စတိုင်း စစ်သွေးကြွ Hamas အဖွဲ့က ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ဒေသမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့တုန်းက ပထမဆုံး လူသေဆုံးမှု ရှိခဲ့ပေမယ့်လည်း အာဏာပိုင်တွေက ဗလီတွေမှာ ဝတ်ပြုဆုတောင်းဖို့ ခွင့်ပြုခဲ့တာပါ။

လာရောက်ဝတ်ပြုသူတွေဟာ နှာခေါင်းစည်းတွေ တပ်ထားကြသလို တယောက်နဲ့ တယောက် နေရာခြားထိုင်ပြီး ဝတ်ပြုခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------------
ကမာၻတ၀န္း ကုိဗစ္ကာလ အကန္႔အသတ္ေတြၾကား အိဒ္ပဲြေတာ္ေတြ က်င္းပ

ပါကစၥတန္ႏုိင္ငံ ကရာခ်ိၿမိဳ႕မွာ အိဒ္ပြဲေတာ္ေန႔ ဝတ္ျပဳဆုေတာင္းေနသူမ်ား။ (ေမ ၂၄၊ ၂၀၁၅)

(Zawgyi / Unicode)

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ဖုိ႔ ႏိုင္ငံအေတာ္မ်ားမ်ား အသြားအလာေတြ ကန္႔သတ္ထားရဆဲ အေျခအေနမွာပဲ ဒီကေန႔ ကမာၻတဝန္း အစၥလာမ္ဘာသာဝင္ေတြ Eid al-Fitr ပြဲေတာ္ကို ဆင္ႏႊဲေနၾကပါတယ္။ တခ်ိဳ႕ႏိုင္ငံေတြမွာေတာ့ ဝတ္ျပဳဆုေတာင္းသူေတြ အဆင္ေျပဖို႔အတြက္ အသြားအလာ ပိတ္ပင္ထားတာေတြကို ယာယီရပ္ဆိုင္းေပးခဲ့ပါတယ္။

အစဥ္အလာအရေတာ့ Ramadan ဥပုသ္ကာလ ကုန္ဆုံးတဲ့ Eid ပြဲေတာ္ကို ၃ ရက္ က်င္းပေလ့ရွိၿပီး ဗလီေတြမွာ ဝတ္ျပဳဆုေတာင္းပြဲေတြ၊ မိသားစုေတြဆုံၿပီး စားေသာက္တာေတြ၊ အ၀တ္အစား အသစ္ေတြနဲ႔ လက္ေဆာင္ေတြဝယ္၊ မုန္႔အခ်ိဳေတြေကြၽး စသျဖင့္ စည္စည္ကားကား က်င္းပေလ့ရွိပါတယ္။

ဒီႏွစ္မွာတာ့ ကပ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ အႏၲရာယ္ေၾကာင့္ ေဆာ္ဒီ၊ အီဂ်စ္၊ တူရကီ၊ ဆီးရီးယား အပါအဝင္ ႏိုင္ငံအေတာ္မ်ားမ်ားမွာ လူစုလူေဝးနဲ႔ ဝတ္ျပဳဆုေတာင္းပြဲေတြ မက်င္းပဖို႔ တားျမစ္ထားပါတယ္။

ေဆာ္ဒီႏိုင္ငံမွာ Ramadan ဥပုသ္ကာလ အစ အခ်ိန္ေလာက္ကတည္းကေန အခုထိ ေရာဂါကူးစက္မႈႏႈန္း ၄ ဆ ျမင့္တက္လာတဲ့အတြက္ ၅ ရက္ဆက္တိုက္ အိမ္ျပင္မထြက္ရ အမိန္႔ထုတ္ထားပါတယ္။

အစၥလာမ္ဘာသာ၀င္ေတြ အထြတ္အျမတ္ထားရာ ေနရာတခုျဖစ္တဲ့ ေဂ်႐ုဆလင္ Al-Aqsa ဗလီေက်ာင္းမွာလည္း ဝတ္ျပဳသူေတြကို အထဲဝင္ခြင့္ မျပဳပါဘူး။

ပါလက္စတိုင္း စစ္ေသြးႂကြ Hamas အဖြဲ႔က ထိန္းခ်ဳပ္ထားတဲ့ ဂါဇာကမ္းေျမာင္ေဒသမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ မေန႔တုန္းက ပထမဆုံး လူေသဆုံးမႈ ရွိခဲ့ေပမယ့္လည္း အာဏာပိုင္ေတြက ဗလီေတြမွာ ဝတ္ျပဳဆုေတာင္းဖုိ႔ ခြင့္ျပဳခဲ့တာပါ။

လာေရာက္ဝတ္ျပဳသူေတြဟာ ႏွာေခါင္းစည္းေတြ တပ္ထားၾကသလို တေယာက္နဲ႔ တေယာက္ ေနရာျခားထိုင္ၿပီး ဝတ္ျပဳခဲ့ၾကပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/eid-al-fitr/5433630.html
ကမ္ဘာတဝန်း ကိုဗစ်ကာလ အကန့်အသတ်တွေကြား အိဒ်ပွဲတော်တွေ ကျင်းပ ကမ္ဘာတဝန်း ကိုဗစ်ကာလ အကန့်အသတ်တွေကြား အိဒ်ပွဲတော်တွေ ကျင်းပ Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.