ပြည်ပက ပြန်လာတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင် ဘယ်လိုဖန်တီးမလဲ

တရုတ်နိုင်ငံကနေ ပြန်လာကြတဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ရှမ်းပြည်နယ် မူဆယ်မြို့ရှိ တရုတ် - မြန်မာနယ်စပ်ဂိတ်တွင် တွေ့ရ။ (မေ ၁၂၊ ၂၀၂၀)
(Unicode)⤵⤵⤵
ကိုဗစ်ကပ်ရောဂါကာလမှာ ပြည်တွင်းကို နယ်စပ်ဂိတ်တွေကနေတဆင့် အလုံးအရင်းနဲ့ ပြန်ဝင်လာကြတဲ့ ပြည်ပရောက်အခြေခံလုပ်သားတွေအတွက် ပြည်တွင်းမှာ ဘယ်လိုအလုပ်အကိုင်တွေဖန်တီးပေးနိုင်မလဲ VOA က စုံစမ်းမေးမြန်းထားပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးထားပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကို ရောက်ရှိနေတဲ့ အခြေခံရွှေ့ပြောင်းအလုပ်သမားတွေဟာ ကိုဗစ်ကပ်ရောဂါဖြစ်နေချိန် သူတို့ရဲ့လုပ်ငန်းခွင်တွေ ပိတ်သိမ်းတဲ့အခြေအနေနဲ့ ကြုံရသလို၊ သက်ဆိုင်ရာနိုင်ငံကအာဏာပိုင်တွေရဲ့စည်းမျဉ်းစည်းကမ်းတွေကြောင့် ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာသူတွေပါ။

အဲဒီလိုပြန်ဝင်လာသူတွေကို နယ်စပ်ဂိတ်တွေကနေတဆင့် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ကျန်းမာရေးဝန်ကြီးဌာနနဲ့အတူ အာဏာပိုင်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ပြီးမှ သူတို့ရဲ့ဒေသအသီးသီးကို ပြန်လည်ပို့ဆောင်ပေးတာပါ။

စားသောက်နေထိုင်ရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း အခက်အခဲတွေကြောင့် တဘက်နိုင်ငံကို ထွက်ခွာသွားတဲ့သူတွေ ပြန်လည်ဝင်ရောက်လာတဲ့အခြေအနေမှာ သူတို့ကို အလုပ်ပေးဖို့အတွက် သက်ဆိုင်ရာဒေသအစိုးရတွေကလည်း စီစဉ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ ထိုင်းနိုင်ငံကနေ ပြန်ဝင်လာသူ ၇,၀၀၀ ကျော်နဲ့ တရုတ်ဘက်ကနေဝင်လာသူ ၅,၀၀၀ ကျော်အထိ ရှိနေပြီး နောက်ထပ်ပြန်ဝင်လာဖို့ စာရင်းပေးထားတဲ့ ပြည်တော်ပြန်ဟာ ၆,၀၀၀ ကျော်အထိ ကျန်နေသေးတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူက ပြောပါတယ်။

စာရင်းပေးထားသူတွေအားလုံး ပြန်လည်ရောက်ရှိလာရင် တချို့ကို အလုပ်ပေးနိုင်ဖို့ စီစဉ်နေတဲ့အကြောင်းကို ဦးမိုးကျော်သူက အခုလိုပြောပါတယ်။

“အခု စစ်ကိုင်းတိုင်းအတွင်းမှာ မျိုးစပါးစိုက်ဧကတွေ ရှိတယ်။ အဲဒီမျိုးစပါးစိုက်ဧကတွေက ကျနော်တို့ တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲနေတဲ့ လယ်ယာမြေတွေပေါ့။ အဲလိုနေရာတွေမှာ သူတို့စိုက်ပျိုးရေးမှာ ကျွမ်းကျင်ခဲ့တဲ့သူတွေပါလာရင် ဒီမျိုးစပါးထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သူတို့ကို နေရာပေးပြီးတော့ အလုပ်ပေးနိုင်ဖို့ စီစဉ်နေတယ်။ စီစဉ်တယ်ဆိုတာ စီစဉ်တုန်းပဲရှိသေးတယ်။ ဘယ်လိုလုပ်မယ်ဆိုတာကိုတော့ ကဃနဏ ကျနော်တို့ Plan မဆွဲရသေးဘူး။”

တရုတ်နိုင်ငံဘက် သွားရောက်အလုပ်လုပ်ကိုင်သူများတဲ့ ကချင်ပြည်နယ်မှာလည်း ဧပြီလ ၁၆ ရက်နေ့ကစပြီး မနေ့ကအထိ ပြန်ဝင်လာသူဦးရေဟာ ၉,၀၀၀ နီးပါးရှိထားတယ်လို့ သိရပါတယ်။

ဒါက ကန်ပိုက်တီနဲ့ လွယ်ဂျယ်ဂိတ်တွေကနေ တဆင့် ပြန်ဝင်လာသူတွေပါ။

ကိုယ့်နေရပ်ကနေ ထွက်ခွာအလုပ်လုပ်ကိုင်သူ သောင်းဂဏန်းနီးပါး ပြန်လည်ဝင်ရောက်လာပေမယ့် သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းကတော့ ပြည်တွင်းမှာ ရှားပါနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။

“ကျနော်တို့ပြည်နယ်ကတော့ သဘာဝ သယံဇာတနဲ့ပတ်သက်ပြီးတော့ ဖားကန့်လိုနေရာမျိုးမှာ ကျောက်မျက်ထွက်တယ်။ တနိုင်းဘက်လိုနေရာမှာ ပယင်းထွက်တယ်ဆိုတော့ အထူးသဖြင့် ဒီပျံကျအလုပ်သမားတော်တော်များများသည် သဘာဝ သယံဇာတပေါ်မှာ မှီခိုပြီးလုပ်ကိုင်စားသောက်တဲ့ အလုပ်သမားတွေများတဲ့အတွက် ဒီနေရာတွေပဲစုပုံမယ်လို့ ကျနော့်အနေနဲ့တော့ ယူဆပါတယ်ဗျ။ အခုလက်ရှိအနေအထားအတိုင်းပဲ ကျနော်တို့ပြည်နယ်အတွင်းမှာ ကျနော်တို့နိုင်ငံအတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဒီထက်ပိုပြီး မဖန်တီးပေးနိုင်သေးဘူးဆိုရင်တော့ သူတို့ကတော့ရေကြည်ရာ မြက်နုရာ ပြန်သွားဖို့များပါတယ်ဗျ။”

တနင်္သာရီတိုင်းအတွင်းမှာတော့ နေရပ်ပြန်လာသူအများစုက သူတို့လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်ရုံတွေပိတ်ထားချိန် ခဏပြန်လာတဲ့သဘောသာဖြစ်ပြီးတော့ အခြေအနေတွေပြန်ကောင်းသွားရင် အများစုက ထိုင်းဘက်ကို ပြန်သွားကြမယ်လို့ သိရပါတယ်။

“ကျနော်တို့တနင်္သာရီတိုင်းက ရေလုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုပဲ အထူးဦးစားပေးပြီးတော့ လုပ်ကြတယ်လေ။ အဲတော့ ရေလုပ်ငန်းခွင်ထဲဝင်မယ်ဆိုရင်လည်း ရှိပါတယ်ဗျ။ တကယ့်ကိုအလုပ်ကြိုးစားပြီး လုပ်မယ့်သူတွေအတွက်တော့ အလုပ်ကတော့ရှိပါတယ်ဗျ။ အခုချိန်ကတော့ ကိုဗစ်ကာလဖြစ်နေတဲ့အတွက် တကမ္ဘာလုံးမှာ အလုပ်အကိုင်ရော အများကြီးထိခိုက်နေတဲ့ အနေအထားပါ။ ဒါပေမဲ့ ဒါက ကမ္ဘာနဲ့ချီပြီးဖြစ်လာတဲ့ကိစ္စဖြစ်တဲ့အတွက် ကျနော်တို့အားလုံးလည်း ဖြတ်ကျော်ရမှာပဲလေ။”

ဒါကတော့ တနင်္သာရီတိုင်းအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းပြောသွားတာ ဖြစ်ပါတယ်။

ပြည်ပလုပ်သားတွေ အလုံးအရင်းနဲ့ ပြန်လည်ဝင်ရောက်နေတဲ့ နယ်စပ်ဒေသက ပြည်နယ်တွေမှာ ဗဟိုအဆင့်အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့တွေကို စေလွှတ်ပြီး ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို ကြီးကြပ်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြည်တော်ပြန်တွေ ရောဂါကင်းရှင်းဖို့ ကျန်းမာရေးစစ်ဆေးပြီး အသွားအလာကန့်သတ်တာတွေကို သက်ဆိုင်ရာဒေသအလိုက် စီစဉ်ဆောင်ရွက်နေပေမယ့် ကိုဗစ်ကာလအတွင်း သူတို့တွေရဲ့ အလုပ်အကိုင်အခြေအနေဟာ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
--------------------------------------------------
(Zawgyi)⤵⤵⤵
ျပည္ပက ျပန္လာတဲ့ အလုပ္သမားေတြအတြက္ အလုပ္အကိုင္ ဘယ္လိုဖန္တီးမလဲ

ကိုဗစ္ကပ္ေရာဂါကာလမွာ ျပည္တြင္းကို နယ္စပ္ဂိတ္ေတြကေနတဆင့္ အလုံးအရင္းနဲ႔ ျပန္ဝင္လာၾကတဲ့ ျပည္ပေရာက္အေျခခံလုပ္သားေတြအတြက္ ျပည္တြင္းမွာ ဘယ္လိုအလုပ္အကိုင္ေတြဖန္တီးေပးႏိုင္မလဲ VOA က စုံစမ္းေမးျမန္းထားပါတယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးထားပါတယ္။

အိမ္နီးခ်င္းႏိုင္ငံေတြျဖစ္တဲ့ တ႐ုတ္နဲ႔ ထိုင္းႏိုင္ငံတို႔ကို ေရာက္ရွိေနတဲ့ အေျခခံေ႐ႊ႕ေျပာင္းအလုပ္သမားေတြဟာ ကိုဗစ္ကပ္ေရာဂါျဖစ္ေနခ်ိန္ သူတို႔ရဲ႕လုပ္ငန္းခြင္ေတြ ပိတ္သိမ္းတဲ့အေျခအေနနဲ႔ ႀကဳံရသလို၊ သက္ဆိုင္ရာႏိုင္ငံကအာဏာပိုင္ေတြရဲ႕စည္းမ်ဥ္းစည္းကမ္းေတြေၾကာင့္ ျပည္တြင္းကို ျပန္လည္ဝင္ေရာက္လာသူေတြပါ။

အဲဒီလိုျပန္ဝင္လာသူေတြကို နယ္စပ္ဂိတ္ေတြကေနတဆင့္ လိုအပ္တဲ့ က်န္းမာေရးစစ္ေဆးမႈေတြကို က်န္းမာေရးဝန္ႀကီးဌာနနဲ႔အတူ အာဏာပိုင္အဖြဲ႕အစည္းေတြ ပူးေပါင္းေဆာင္႐ြက္ၿပီးမွ သူတို႔ရဲ႕ေဒသအသီးသီးကို ျပန္လည္ပို႔ေဆာင္ေပးတာပါ။

စားေသာက္ေနထိုင္ေရးနဲ႔ အလုပ္အကိုင္အခြင့္အလမ္း အခက္အခဲေတြေၾကာင့္ တဘက္ႏိုင္ငံကို ထြက္ခြာသြားတဲ့သူေတြ ျပန္လည္ဝင္ေရာက္လာတဲ့အေျခအေနမွာ သူတို႔ကို အလုပ္ေပးဖို႔အတြက္ သက္ဆိုင္ရာေဒသအစိုးရေတြကလည္း စီစဥ္ေနတယ္လို႔ သိရပါတယ္။

စစ္ကိုင္းတိုင္းမွာေတာ့ ထိုင္းႏိုင္ငံကေန ျပန္ဝင္လာသူ ၇,၀၀၀ ေက်ာ္နဲ႔ တ႐ုတ္ဘက္ကေနဝင္လာသူ ၅,၀၀၀ ေက်ာ္အထိ ရွိေနၿပီး ေနာက္ထပ္ျပန္ဝင္လာဖို႔ စာရင္းေပးထားတဲ့ ျပည္ေတာ္ျပန္ဟာ ၆,၀၀၀ ေက်ာ္အထိ က်န္ေနေသးတယ္လို႔ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးမိုးေက်ာ္သူက ေျပာပါတယ္။

စာရင္းေပးထားသူေတြအားလုံး ျပန္လည္ေရာက္ရွိလာရင္ တခ်ိဳ႕ကို အလုပ္ေပးႏိုင္ဖို႔ စီစဥ္ေနတဲ့အေၾကာင္းကို ဦးမိုးေက်ာ္သူက အခုလိုေျပာပါတယ္။

“အခု စစ္ကိုင္းတိုင္းအတြင္းမွာ မ်ိဳးစပါးစိုက္ဧကေတြ ရွိတယ္။ အဲဒီမ်ိဳးစပါးစိုက္ဧကေတြက က်ေနာ္တို႔ တိုင္းေဒသႀကီးအစိုးရက စီမံခန႔္ခြဲေနတဲ့ လယ္ယာေျမေတြေပါ့။ အဲလိုေနရာေတြမွာ သူတို႔စိုက္ပ်ိဳးေရးမွာ ကြၽမ္းက်င္ခဲ့တဲ့သူေတြပါလာရင္ ဒီမ်ိဳးစပါးထုတ္လုပ္ေရးလုပ္ငန္းေတြမွာ သူတို႔ကို ေနရာေပးၿပီးေတာ့ အလုပ္ေပးႏိုင္ဖို႔ စီစဥ္ေနတယ္။ စီစဥ္တယ္ဆိုတာ စီစဥ္တုန္းပဲရွိေသးတယ္။ ဘယ္လိုလုပ္မယ္ဆိုတာကိုေတာ့ ကဃနဏ က်ေနာ္တို႔ Plan မဆြဲရေသးဘူး။”

တ႐ုတ္ႏိုင္ငံဘက္ သြားေရာက္အလုပ္လုပ္ကိုင္သူမ်ားတဲ့ ကခ်င္ျပည္နယ္မွာလည္း ဧၿပီလ ၁၆ ရက္ေန႔ကစၿပီး မေန႔ကအထိ ျပန္ဝင္လာသူဦးေရဟာ ၉,၀၀၀ နီးပါးရွိထားတယ္လို႔ သိရပါတယ္။

ဒါက ကန္ပိုက္တီနဲ႔ လြယ္ဂ်ယ္ဂိတ္ေတြကေန တဆင့္ ျပန္ဝင္လာသူေတြပါ။

ကိုယ့္ေနရပ္ကေန ထြက္ခြာအလုပ္လုပ္ကိုင္သူ ေသာင္းဂဏန္းနီးပါး ျပန္လည္ဝင္ေရာက္လာေပမယ့္ သူတို႔အတြက္ အလုပ္အကိုင္အခြင့္အလမ္းကေတာ့ ျပည္တြင္းမွာ ရွားပါေနတယ္လို႔ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေဇာ္ဝင္းက ေျပာပါတယ္။

“က်ေနာ္တို႔ျပည္နယ္ကေတာ့ သဘာဝ သယံဇာတနဲ႔ပတ္သက္ၿပီးေတာ့ ဖားကန႔္လိုေနရာမ်ိဳးမွာ ေက်ာက္မ်က္ထြက္တယ္။ တႏိုင္းဘက္လိုေနရာမွာ ပယင္းထြက္တယ္ဆိုေတာ့ အထူးသျဖင့္ ဒီပ်ံက်အလုပ္သမားေတာ္ေတာ္မ်ားမ်ားသည္ သဘာဝ သယံဇာတေပၚမွာ မွီခိုၿပီးလုပ္ကိုင္စားေသာက္တဲ့ အလုပ္သမားေတြမ်ားတဲ့အတြက္ ဒီေနရာေတြပဲစုပုံမယ္လို႔ က်ေနာ့္အေနနဲ႔ေတာ့ ယူဆပါတယ္ဗ်။ အခုလက္ရွိအေနအထားအတိုင္းပဲ က်ေနာ္တို႔ျပည္နယ္အတြင္းမွာ က်ေနာ္တို႔ႏိုင္ငံအတြင္းမွာ အလုပ္အကိုင္အခြင့္အလမ္းေတြ ဒီထက္ပိုၿပီး မဖန္တီးေပးႏိုင္ေသးဘူးဆိုရင္ေတာ့ သူတို႔ကေတာ့ေရၾကည္ရာ ျမက္ႏုရာ ျပန္သြားဖို႔မ်ားပါတယ္ဗ်။”

တနသၤာရီတိုင္းအတြင္းမွာေတာ့ ေနရပ္ျပန္လာသူအမ်ားစုက သူတို႔လုပ္ကိုင္ေနတဲ့ စက္႐ုံအလုပ္႐ုံေတြပိတ္ထားခ်ိန္ ခဏျပန္လာတဲ့သေဘာသာျဖစ္ၿပီးေတာ့ အေျခအေနေတြျပန္ေကာင္းသြားရင္ အမ်ားစုက ထိုင္းဘက္ကို ျပန္သြားၾကမယ္လို႔ သိရပါတယ္။

“က်ေနာ္တို႔တနသၤာရီတိုင္းက ေရလုပ္ငန္းနဲ႔ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းကိုပဲ အထူးဦးစားေပးၿပီးေတာ့ လုပ္ၾကတယ္ေလ။ အဲေတာ့ ေရလုပ္ငန္းခြင္ထဲဝင္မယ္ဆိုရင္လည္း ရွိပါတယ္ဗ်။ တကယ့္ကိုအလုပ္ႀကိဳးစားၿပီး လုပ္မယ့္သူေတြအတြက္ေတာ့ အလုပ္ကေတာ့ရွိပါတယ္ဗ်။ အခုခ်ိန္ကေတာ့ ကိုဗစ္ကာလျဖစ္ေနတဲ့အတြက္ တကမာၻလုံးမွာ အလုပ္အကိုင္ေရာ အမ်ားႀကီးထိခိုက္ေနတဲ့ အေနအထားပါ။ ဒါေပမဲ့ ဒါက ကမာၻနဲ႔ခ်ီၿပီးျဖစ္လာတဲ့ကိစၥျဖစ္တဲ့အတြက္ က်ေနာ္တို႔အားလုံးလည္း ျဖတ္ေက်ာ္ရမွာပဲေလ။”

ဒါကေတာ့ တနသၤာရီတိုင္းအစိုးရအဖြဲ႕၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေက်ာ္မင္းေျပာသြားတာ ျဖစ္ပါတယ္။

ျပည္ပလုပ္သားေတြ အလုံးအရင္းနဲ႔ ျပန္လည္ဝင္ေရာက္ေနတဲ့ နယ္စပ္ေဒသက ျပည္နယ္ေတြမွာ ဗဟိုအဆင့္အေရးေပၚ တုံ႔ျပန္ေဆာင္႐ြက္ေရးအဖြဲ႕ေတြကို ေစလႊတ္ၿပီး ကိုဗစ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းေတြကို ႀကီးၾကပ္ေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ျပည္ေတာ္ျပန္ေတြ ေရာဂါကင္းရွင္းဖို႔ က်န္းမာေရးစစ္ေဆးၿပီး အသြားအလာကန႔္သတ္တာေတြကို သက္ဆိုင္ရာေဒသအလိုက္ စီစဥ္ေဆာင္႐ြက္ေနေပမယ့္ ကိုဗစ္ကာလအတြင္း သူတို႔ေတြရဲ႕ အလုပ္အကိုင္အေျခအေနဟာ အခက္အခဲေတြရွိေနတယ္လို႔ သိရပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/migrant-worker-myanmar/5436028.html
ပြည်ပက ပြန်လာတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင် ဘယ်လိုဖန်တီးမလဲ ပြည်ပက ပြန်လာတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင် ဘယ်လိုဖန်တီးမလဲ Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.