ဆွမ်းဆန်စိမ်းလှည့်လည် အလှူခံထွက်စဉ် သစ်ပင်ပိမိပြီး သံဃာတစ်ပါး ပျံလွန်တော်မူ


(Unicode)⤵⤵⤵
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာ အုပ်စု၊ စံရွေးကျေးရွာမှာ  မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မေ ၂၈ ရက် နေ့လည် ၂ နာရီ ခွဲ ခန့်က သစ်ပင်ပိပြီး တောရကျောင်းဆရာတော် ဥူးသောဘိတ၊ လူနာမည် ဦးသိန်းအောင် သက်တော်(၆၃)နှစ်၊ ဝါတော်(၄)ဝါ သေဆုံးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဆရာတော်ဟာ ကျေးရွာအတွင်း နေ့လည် ၂ နာရီ ခန့်က ဆွမ်းဆန်စိမ်း လှည့်လည်အလှူခံထွက်နေတုန်း မိုးရွာသွန်း တာကြောင့် မိုးခိုဖို့ ကျေးရွာရှိ ဦးအုန်းဆင့်နေအိမ်အတွင်း ရောက်ရှိနေတုန်း သစ်ပင်ပိမိတာဖြစ်ပါတယ်။

 နေအိမ်ခြံဝန်းအတွင်းရှိ လုံးပတ် (၂၅)ပေ၊ အမြင့်(၆၅)ပေရှိ ညောင်ပင်မြိုထားသော(ကုက္ကိုလ်ပင်) အမြစ်ပွပြီး ဦးအုန်းဆင့် နေအိမ်ပေါ်ကို လဲကျခဲ့ရာ ဆရာတော် ဥူးသောဘိတသည် နေအိမ်အတွင်း သစ်ပင်ပိမိ ပျံလွန်တော်မူသွားခဲ့တာ ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာမှာ ဖော်ြပထားပါတယ်။

 ဆရာတော်ကို စံရွေးတိုက်နယ်ဆေးရုံ ပို့အပ်ခဲ့ပြီး စံရွေးနယ်မြေရဲစခန်းက အမူဖွင့် အရေးယူ စစ်ဆေးဆောင်ရွက် နေကြောင်းလည်း သိရပါတယ်။

သစ်ထူးလွင်
-------------------------------
(Zawgyi)⤵⤵⤵
ဆြမ္းဆန္စိမ္းလွည့္လည္ အလႉခံထြက္စဥ္ သစ္ပင္ပိမိၿပီး သံဃာတစ္ပါး ပ်ံလြန္ေတာ္မူ

ပဲခူးတိုင္းေဒသႀကီး၊ သာယာဝတီၿမိဳ႕နယ္၊ စံေ႐ြးေက်း႐ြာ အုပ္စု၊ စံေ႐ြးေက်း႐ြာမွာ  မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေမ ၂၈ ရက္ ေန႔လည္ ၂ နာရီ ခြဲ ခန႔္က သစ္ပင္ပိၿပီး ေတာရေက်ာင္းဆရာေတာ္ ဥဴးေသာဘိတ၊ လူနာမည္ ဦးသိန္းေအာင္ သက္ေတာ္(၆၃)ႏွစ္၊ ဝါေတာ္(၄)ဝါ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

အဆိုပါ ဆရာေတာ္ဟာ ေက်း႐ြာအတြင္း ေန႔လည္ ၂ နာရီ ခန႔္က ဆြမ္းဆန္စိမ္း လွည့္လည္အလႉခံထြက္ေနတုန္း မိုး႐ြာသြန္း တာေၾကာင့္ မိုးခိုဖို႔ ေက်း႐ြာရွိ ဦးအုန္းဆင့္ေနအိမ္အတြင္း ေရာက္ရွိေနတုန္း သစ္ပင္ပိမိတာျဖစ္ပါတယ္။

 ေနအိမ္ၿခံဝန္းအတြင္းရွိ လုံးပတ္ (၂၅)ေပ၊ အျမင့္(၆၅)ေပရွိ ေညာင္ပင္ၿမိဳထားေသာ(ကုကၠိဳလ္ပင္) အျမစ္ပြၿပီး ဦးအုန္းဆင့္ ေနအိမ္ေပၚကို လဲက်ခဲ့ရာ ဆရာေတာ္ ဥဴးေသာဘိတသည္ ေနအိမ္အတြင္း သစ္ပင္ပိမိ ပ်ံလြန္ေတာ္မူသြားခဲ့တာ ျဖစ္ေၾကာင္း ျမန္မာ့အလင္း သတင္းစာမွာ ေဖာ္ျပထားပါတယ္။

 ဆရာေတာ္ကို စံေ႐ြးတိုက္နယ္ေဆး႐ုံ ပို႔အပ္ခဲ့ၿပီး စံေ႐ြးနယ္ေျမရဲစခန္းက အမူဖြင့္ အေရးယူ စစ္ေဆးေဆာင္႐ြက္ ေနေၾကာင္းလည္း သိရပါတယ္။

သစ္ထူးလြင္

ဆွမ်းဆန်စိမ်းလှည့်လည် အလှူခံထွက်စဉ် သစ်ပင်ပိမိပြီး သံဃာတစ်ပါး ပျံလွန်တော်မူ ဆွမ်းဆန်စိမ်းလှည့်လည် အလှူခံထွက်စဉ် သစ်ပင်ပိမိပြီး သံဃာတစ်ပါး ပျံလွန်တော်မူ Reviewed by THITHTOOLWIN on 07:54 Rating: 5
Powered by Blogger.