ဇူလိုင်လမှာ အင်္ဂါဂြိုဟ်ကို တရုတ်က စူးစမ်းလေ့လာရေးယာဉ် လွှတ်တင်မည်


(Unicode)⤵⤵⤵
တရုတ်နိုင်ငံက အဝေးထိန်းစက်ရုပ်ငယ် တခုကို သယ်ဆောင်သွားမယ့် အာကာသ စူးစမ်းလေ့လာရေးယာဉ်တစင်းကို အင်္ဂါဂြိုဟ်ကို ဇူလိုင်လအတွင်းမှာ လွှတ်တင်နိုင်ဖို့ ရည်မှန်းထားတယ်လို့ တရုတ် အာကာသ သိပ္ပံ နဲ့ နည်းပညာကော်ပရေးရှင်း (CASC) က ပြောလိုက်ပါတယ်။ ဒီ "Tianwen" လို့ အမည်ပေးထားတဲ့ အာကာသယာဉ်ကို အင်္ဂါဂြိုဟ်ပတ်လမ်း တဝိုက်ကို တင်လွှတ်မှာဖြစ်ပြီး အဝေးထိန်း စူးစမ်း လေ့လာရေးစက်ရုပ်က တဆင့် အင်္ဂါဂြိုဟ်မျက်နှာပြင်ကို စူးစမ်းလေ့လာ သွားဖို့ စီစဉ်ထားပါတယ်။

ကမ္ဘာ့ အင်အားကြီးနိုင်ငံ တခုအဖြစ်ရပ်တည်မှုကို အခိုင်အမာပြလိုတာအပြင် ပြိုင်ဘက် အမေရိကန်ကို အမီလိုက်ဖို့ ကြိုးစားတဲ့ အနေနဲ့ ဒီအစီအစဉ်မှာ တရုတ်က အမေရိကန် ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားတာပါ။

တရုတ်ရဲ့အာကာသ စူးစမ်းလေ့လာရေး အစီအစဉ်တွေအထဲ ဒီအင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေး စီမံကိန်းလည်း ပါဝင်သလို လကမ္ဘာပေါ် တရုတ်အာကသယာဉ်မှူးတွေစေလွှတ်သွားဖို့နဲ့ ၂၀၂၂ ခုနှစ်မှာ အာကာသ စခန်းတည်ဆောက်နိုင်ဖို့လည်း ပါဝင်ပါတယ်။

အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးအာကာသယာဉ်ကို ဒီနှစ်ထဲ ပစ်လွှတ်ဖို့ တရုတ်နိုင်ငံက စီစဉ်နေခဲ့တာဖြစ်ပြီး အခုတော့ အစောဆုံး ဇူလိုင်လအတွင်းမှာ လွှတ်တင်နိုင်ဖို့ တရုတ် အာကာသ သိပ္ပံ နဲ့ နည်းပညာကော်ပရေးရှင်း (CASC) က အတည်ပြုလိုက်တာပါ။ CASC က တရုတ် အာကာသ စူးစမ်းလေ့လာရေး နဲ့ အဓိက လုပ်ဆောင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

လပေါ်မှာလည်း အလားတူ စူးစမ်းလေ့လာမှုမျိုးကို မနှစ်တုန်းက တရုတ်တို့ ပြုလုပ်ခဲ့ဖူးပါတယ်။ အဝေးထိန်း စူးစမ်းလေ့လာရေး ယာဉ်ငယ်တစင်းကို လရဲ့ တဘက်မျက်နှာပြင် အမှောင်ခြမ်းကို ပို့လွှတ်စူးစမ်းတာ တရုတ်နိုင်ငံက ပထမဆုံးပဲဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------------
(Zawgyi)⤵⤵⤵
ဇူလိုင္လမွာ အဂၤါၿဂိဳဟ္ကို တ႐ုတ္က စူးစမ္းေလ့လာေရးယာဥ္ လႊတ္တင္မည္

တ႐ုတ္ႏိုင္ငံက အေဝးထိန္းစက္႐ုပ္ငယ္ တခုကို သယ္ေဆာင္သြားမယ့္ အာကာသ စူးစမ္းေလ့လာေရးယာဥ္တစင္းကို အဂၤါၿဂိဳဟ္ကို ဇူလိုင္လအတြင္းမွာ လႊတ္တင္ႏိုင္ဖို႔ ရည္မွန္းထားတယ္လို႔ တ႐ုတ္ အာကာသ သိပၸံ နဲ႔ နည္းပညာေကာ္ပေရးရွင္း (CASC) က ေျပာလိုက္ပါတယ္။ ဒီ "Tianwen" လို႔ အမည္ေပးထားတဲ့ အာကာသယာဥ္ကို အဂၤါၿဂိဳဟ္ပတ္လမ္း တဝိုက္ကို တင္လႊတ္မွာျဖစ္ၿပီး အေဝးထိန္း စူးစမ္း ေလ့လာေရးစက္႐ုပ္က တဆင့္ အဂၤါၿဂိဳဟ္မ်က္ႏွာျပင္ကို စူးစမ္းေလ့လာ သြားဖို႔ စီစဥ္ထားပါတယ္။

ကမာၻ႔ အင္အားႀကီးႏိုင္ငံ တခုအျဖစ္ရပ္တည္မႈကို အခိုင္အမာျပလိုတာအျပင္ ၿပိဳင္ဘက္ အေမရိကန္ကို အမီလိုက္ဖို႔ ႀကိဳးစားတဲ့ အေနနဲ႔ ဒီအစီအစဥ္မွာ တ႐ုတ္က အေမရိကန္ ေဒၚလာ ဘီလီယံနဲ႔ခ်ီၿပီး ရင္းႏွီးျမႇဳပ္ႏွံထားတာပါ။

တ႐ုတ္ရဲ႕အာကာသ စူးစမ္းေလ့လာေရး အစီအစဥ္ေတြအထဲ ဒီအဂၤါၿဂိဳဟ္စူးစမ္းေလ့လာေရး စီမံကိန္းလည္း ပါဝင္သလို လကမာၻေပၚ တ႐ုတ္အာကသယာဥ္မႉးေတြေစလႊတ္သြားဖို႔နဲ႔ ၂၀၂၂ ခုႏွစ္မွာ အာကာသ စခန္းတည္ေဆာက္ႏိုင္ဖို႔လည္း ပါဝင္ပါတယ္။

အဂၤါၿဂိဳဟ္စူးစမ္းေလ့လာေရးအာကာသယာဥ္ကို ဒီႏွစ္ထဲ ပစ္လႊတ္ဖို႔ တ႐ုတ္ႏိုင္ငံက စီစဥ္ေနခဲ့တာျဖစ္ၿပီး အခုေတာ့ အေစာဆုံး ဇူလိုင္လအတြင္းမွာ လႊတ္တင္ႏိုင္ဖို႔ တ႐ုတ္ အာကာသ သိပၸံ နဲ႔ နည္းပညာေကာ္ပေရးရွင္း (CASC) က အတည္ျပဳလိုက္တာပါ။ CASC က တ႐ုတ္ အာကာသ စူးစမ္းေလ့လာေရး နဲ႔ အဓိက လုပ္ေဆာင္ေနတဲ့ ကုမၸဏီျဖစ္ပါတယ္။

လေပၚမွာလည္း အလားတူ စူးစမ္းေလ့လာမႈမ်ိဳးကို မႏွစ္တုန္းက တ႐ုတ္တို႔ ျပဳလုပ္ခဲ့ဖူးပါတယ္။ အေဝးထိန္း စူးစမ္းေလ့လာေရး ယာဥ္ငယ္တစင္းကို လရဲ႕ တဘက္မ်က္ႏွာျပင္ အေမွာင္ျခမ္းကို ပို႔လႊတ္စူးစမ္းတာ တ႐ုတ္ႏိုင္ငံက ပထမဆုံးပဲျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/china-mars-tianwen-in-july-/5438854.html
ဇူလိုင်လမှာ အင်္ဂါဂြိုဟ်ကို တရုတ်က စူးစမ်းလေ့လာရေးယာဉ် လွှတ်တင်မည် ဇူလိုင်လမှာ အင်္ဂါဂြိုဟ်ကို တရုတ်က စူးစမ်းလေ့လာရေးယာဉ် လွှတ်တင်မည် Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.