ကိုဗစ်၁၉-လူနာကိုကုသရင်း ရောဂါကူးစက်မှုအတွက်နောင်တမရှိလို့ မေ့ဆေးဆရာဝန်ကြီးပြော

ဆေးရုံကဆင်းလာတဲ့ ဆရာဝန်ကြီးကို မေ ၂၅ ရက်မနက်ပိုင်းက တွေ့ရတာဖြစ်ပါတယ်။
(Unicode)⤵⤵⤵
လူနာကို ကုသမှုပေးရင်း ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ပြည်မြို့က မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်တာ မြင့်မြင့်စိန်ဟာ မေလ ၂၅ ရက် မနက်ပိုင်းက ဝေဘာဂီဆေးရုံကနေ ဆေးရုံဆင်းခွင့်ရရှိခဲ့ပါတယ်။

ဆရာဝန်ကြီးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ပေါက်ခေါင်းမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး လူနာနံပါတ် ၁၇ ကို ကုသမှုပေးရာကနေ ရောဂါကူးစက်ခံရတာဖြစ်ပြီး ဧပြီ ၁၁ ရက်မှာ အတည်ပြုလူနာ ဖြစ်ခဲ့ပါတယ်။

လူနာကို ကုသပေးလို့ ခုလို ကူးစက်ခံရတဲ့အပေါ် နောင်တမရခဲ့ဘူးလို့ ဒေါက်တာမြင့်မြင့်စိန်က ဆေးရုံဆင်းချိန်မှာ ပြောကြားခဲ့ပါတယ်။

"ပုဂ္ဂလိက ကြောက်စိတ်အပြင် ဖိစီးမှုတွေတော့ ကျွန်မတို့မှာ ရှိတယ်။ တစ်ဖွဲ့လုံးကြောက်စိတ်ရှိတယ်။ အဲဒီချိန်မှာလည်း ကျွန်မတို့ ရင်မဆိုင်ချင်တဲ့ မအောင်မြင်မှုတွေကိုလည်း ကျွန်မတို့တွေ့တယ်။ အဲဒီလိုအချိန်မှာမှ ကျွန်မက ကူးစက်သွားတယ်ပေါ့နော်။ အဲဒီအတွက်တော့ ကျွန်မ တစ်ခါမှ ကူးစက်ခံရမှုအတွက် နောင်တမရှိဘူး။ ဒီလိုလုပ်လိုက်ရလို့လည်း နောင်တမရှိဘူး။ ဒါ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေက လုပ်ရမှာ။ ဒါပေမဲ့ Safety Working Environment(လုံခြုံမှုရှိတဲ့ လုပ်ငန်းခွင်) ကိုတော့ အရမ်းကိုမျှော်လင့်ပါတယ်။ ဒါသည် အပေါ်မှာရှိတဲ့ Policy Maker (မူဝါဒချမှတ်သူ) ရော ပြည်သူလူထုရော ကျွန်မတို့ ဘယ်လောက်ထိ အကျပ်အတည်းဖြစ်နေတယ်ဆိုတဲ့ဟာပေါ်မှာ နားလည်ပြီးတော့ အပေါ်ကလည်း ကူညီစေချင်တယ်။ အချင်းချင်းလည်း ရိုင်းပင်းစေချင်တယ်။ အပြင်ကလည်း နားလည်စေချင်တယ်။ အဲဒီသုံးဦးသုံးဖလှယ်ပေါင်းမှ Safety Working Environment ရမယ်" လို့ ဒေါက်တာမြင့်မြင့်စိန်က ပြောပါတယ်။

ဒေါက်တာမြင့်မြင့်စိန်က ဒီဖြစ်စဉ်မှာ သူဟာ သာမန်လူတစ်ဦးသာဖြစ်ပြီး သူရဲကောင်းလည်းမဟုတ်ကြောင်း၊ ဒီလိုဖြစ်စဉ်မျိုး လူတိုင်းကြုံနိုင်ကြောင်း ပြောပါတယ်။

ဒေါက်တာမြင့်မြင့်စိန်ဟာ ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံကြီးက မေ့ဆေးအထူးကုဆရာဝန်ကြီးဖြစ်ပြီး ရောဂါပိုးကူးစက်ခံရတာကို သိရတဲ့နောက် ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကို အစိုးရက စီစဉ် ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

ဝေဘာဂီမှာ ကုသမှုခံယူနေစဉ်မှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းဆွေးနွေးခန်းမှာ ပါဝင်ခဲ့ပြီး ဆေးလောကနဲ့ ကျန်းမာရေးဝန်ထမ်းတွေကြား ကြုံတွေ့ရတဲ့အခက်အခဲ၊ ကိုဗစ်၁၉ ကုသရေးအတွက် လိုအပ်ချက်တွေကို အကြံပြုပြောကြားခဲ့ပါတယ်။

လူနာ အမှတ် ၁၇ သေဆုံးရတဲ့အခြေအနေနဲ့ပတ်သက်ပြီးလည်း ဒေါက်တာမြင့်မြင့်စိန်က အခုလိုပြောပါတယ်။

"အဓိကက ကိုယ့်အလုပ်ကို ကိုယ်လုပ်လိုက်တာပါ။ အဲဒီအချိန်မှာ ဘာမှမစဉ်းစားမိဘူး။ ဒီဟာကို ငါတို့ အသက်ရှူပိုက်ထည့်မယ်ပေါ့။ လူနာကတော့ မကောင်းဘူး။ ကျွန်တော်တို့အမြင်အရတော့ မကောင်းဘူး။ သို့သော် သူ့မှာ နောက်ဆုံး chance (အခွင့်အရေး) က ဒါပဲပေါ့နော်။ ဒီဟာဝင်သွားရင်လည်း အသက်ရှူစက်ပေါ်တင်ရင်လည်း သိပ်တော့ ကောင်းနိုင်မယ့်အခြေအနေမရှိဘူး။ ဒါပေမဲ့ ကိုယ့်တာဝန်က အဲဒီအချိန်မှာ လုပ်လိုက်ရတယ်။ ကျွန်တော်တစ်ယောက်တည်းလည်း လုပ်လို့မရဘူး။ Teamwork(အဖွဲ့လိုက်)ပေါ့။ ကျွန်တော့်ပြည်က ဆရာမတွေကိုပြောချင်တာက သူတို့အရမ်းတော်တယ်။ အရမ်းကြိုးစားကြတယ်။ By force(ဖိအားပေးပြီး)နဲ့ ခိုင်းရတာ တစ်ခုမှမရှိဘူး"လို့ ဒေါက်တာမြင့်မြင့်စိန်က ပြောပါတယ်။

BBC Burmese
--------------------------------------------
(Zawgyi)⤵⤵⤵
ကိုဗစ္၁၉-လူနာကိုကုသရင္း ေရာဂါကူးစက္မႈအတြက္ေနာင္တမရွိလို႔ ေမ့ေဆးဆရာဝန္ႀကီးေျပာ

လူနာကို ကုသမႈေပးရင္း ကိုဗစ္-၁၉ ကူးစက္ခံရတဲ့ ျပည္ၿမိဳ႕က ေမ့ေဆးအထူးကုဆရာဝန္ႀကီး ေဒါက္တာ ျမင့္ျမင့္စိန္ဟာ ေမလ ၂၅ ရက္ မနက္ပိုင္းက ေဝဘာဂီေဆး႐ုံကေန ေဆး႐ုံဆင္းခြင့္ရရွိခဲ့ပါတယ္။

ဆရာဝန္ႀကီးဟာ ကြယ္လြန္သြားၿပီျဖစ္တဲ့ ေပါက္ေခါင္းၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမႉး လူနာနံပါတ္ ၁၇ ကို ကုသမႈေပးရာကေန ေရာဂါကူးစက္ခံရတာျဖစ္ၿပီး ဧၿပီ ၁၁ ရက္မွာ အတည္ျပဳလူနာ ျဖစ္ခဲ့ပါတယ္။

လူနာကို ကုသေပးလို႔ ခုလို ကူးစက္ခံရတဲ့အေပၚ ေနာင္တမရခဲ့ဘူးလို႔ ေဒါက္တာျမင့္ျမင့္စိန္က ေဆး႐ုံဆင္းခ်ိန္မွာ ေျပာၾကားခဲ့ပါတယ္။

"ပုဂၢလိက ေၾကာက္စိတ္အျပင္ ဖိစီးမႈေတြေတာ့ ကြၽန္မတို႔မွာ ရွိတယ္။ တစ္ဖြဲ႕လုံးေၾကာက္စိတ္ရွိတယ္။ အဲဒီခ်ိန္မွာလည္း ကြၽန္မတို႔ ရင္မဆိုင္ခ်င္တဲ့ မေအာင္ျမင္မႈေတြကိုလည္း ကြၽန္မတို႔ေတြ႕တယ္။ အဲဒီလိုအခ်ိန္မွာမွ ကြၽန္မက ကူးစက္သြားတယ္ေပါ့ေနာ္။ အဲဒီအတြက္ေတာ့ ကြၽန္မ တစ္ခါမွ ကူးစက္ခံရမႈအတြက္ ေနာင္တမရွိဘူး။ ဒီလိုလုပ္လိုက္ရလို႔လည္း ေနာင္တမရွိဘူး။ ဒါ ကြၽန္မတို႔ က်န္းမာေရးဝန္ထမ္းေတြက လုပ္ရမွာ။ ဒါေပမဲ့ Safety Working Environment(လုံၿခဳံမႈရွိတဲ့ လုပ္ငန္းခြင္) ကိုေတာ့ အရမ္းကိုေမွ်ာ္လင့္ပါတယ္။ ဒါသည္ အေပၚမွာရွိတဲ့ Policy Maker (မူဝါဒခ်မွတ္သူ) ေရာ ျပည္သူလူထုေရာ ကြၽန္မတို႔ ဘယ္ေလာက္ထိ အက်ပ္အတည္းျဖစ္ေနတယ္ဆိုတဲ့ဟာေပၚမွာ နားလည္ၿပီးေတာ့ အေပၚကလည္း ကူညီေစခ်င္တယ္။ အခ်င္းခ်င္းလည္း ႐ိုင္းပင္းေစခ်င္တယ္။ အျပင္ကလည္း နားလည္ေစခ်င္တယ္။ အဲဒီသုံးဦးသုံးဖလွယ္ေပါင္းမွ Safety Working Environment ရမယ္" လို႔ ေဒါက္တာျမင့္ျမင့္စိန္က ေျပာပါတယ္။

ေဒါက္တာျမင့္ျမင့္စိန္က ဒီျဖစ္စဥ္မွာ သူဟာ သာမန္လူတစ္ဦးသာျဖစ္ၿပီး သူရဲေကာင္းလည္းမဟုတ္ေၾကာင္း၊ ဒီလိုျဖစ္စဥ္မ်ိဳး လူတိုင္းႀကဳံႏိုင္ေၾကာင္း ေျပာပါတယ္။

ေဒါက္တာျမင့္ျမင့္စိန္ဟာ ျပည္ၿမိဳ႕ ခုတင္ ၅၀၀ ေဆး႐ုံႀကီးက ေမ့ေဆးအထူးကုဆရာဝန္ႀကီးျဖစ္ၿပီး ေရာဂါပိုးကူးစက္ခံရတာကို သိရတဲ့ေနာက္ ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံကို အစိုးရက စီစဥ္ ပို႔ေဆာင္ခဲ့တာျဖစ္ပါတယ္။

ေဝဘာဂီမွာ ကုသမႈခံယူေနစဥ္မွာ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အြန္လိုင္းေဆြးေႏြးခန္းမွာ ပါဝင္ခဲ့ၿပီး ေဆးေလာကနဲ႔ က်န္းမာေရးဝန္ထမ္းေတြၾကား ႀကဳံေတြ႕ရတဲ့အခက္အခဲ၊ ကိုဗစ္၁၉ ကုသေရးအတြက္ လိုအပ္ခ်က္ေတြကို အႀကံျပဳေျပာၾကားခဲ့ပါတယ္။

လူနာ အမွတ္ ၁၇ ေသဆုံးရတဲ့အေျခအေနနဲ႔ပတ္သက္ၿပီးလည္း ေဒါက္တာျမင့္ျမင့္စိန္က အခုလိုေျပာပါတယ္။

"အဓိကက ကိုယ့္အလုပ္ကို ကိုယ္လုပ္လိုက္တာပါ။ အဲဒီအခ်ိန္မွာ ဘာမွမစဥ္းစားမိဘူး။ ဒီဟာကို ငါတို႔ အသက္ရႉပိုက္ထည့္မယ္ေပါ့။ လူနာကေတာ့ မေကာင္းဘူး။ ကြၽန္ေတာ္တို႔အျမင္အရေတာ့ မေကာင္းဘူး။ သို႔ေသာ္ သူ႔မွာ ေနာက္ဆုံး chance (အခြင့္အေရး) က ဒါပဲေပါ့ေနာ္။ ဒီဟာဝင္သြားရင္လည္း အသက္ရႉစက္ေပၚတင္ရင္လည္း သိပ္ေတာ့ ေကာင္းႏိုင္မယ့္အေျခအေနမရွိဘူး။ ဒါေပမဲ့ ကိုယ့္တာဝန္က အဲဒီအခ်ိန္မွာ လုပ္လိုက္ရတယ္။ ကြၽန္ေတာ္တစ္ေယာက္တည္းလည္း လုပ္လို႔မရဘူး။ Teamwork(အဖြဲ႕လိုက္)ေပါ့။ ကြၽန္ေတာ့္ျပည္က ဆရာမေတြကိုေျပာခ်င္တာက သူတို႔အရမ္းေတာ္တယ္။ အရမ္းႀကိဳးစားၾကတယ္။ By force(ဖိအားေပးၿပီး)နဲ႔ ခိုင္းရတာ တစ္ခုမွမရွိဘူး"လို႔ ေဒါက္တာျမင့္ျမင့္စိန္က ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52794560
ကိုဗစ်၁၉-လူနာကိုကုသရင်း ရောဂါကူးစက်မှုအတွက်နောင်တမရှိလို့ မေ့ဆေးဆရာဝန်ကြီးပြော ကိုဗစ်၁၉-လူနာကိုကုသရင်း ရောဂါကူးစက်မှုအတွက်နောင်တမရှိလို့ မေ့ဆေးဆရာဝန်ကြီးပြော Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.