စစ်ဘေးရှာင်တွေ ထုတ်တဲ့ အမှိုက်ခြင်း

 အဲ့ဒီစစ်ဘေးရှောင်တွေကတော့ သူတို့ရဲ့လက်မှုအတတ်ပညာ နဲ့ ရပ်တည်ဖို့ ကြိုးစားနေ
(Unicode)⤵⤵⤵
ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်အရေအတွက် ဟာ ၂၀၂၀ ခုနှစ် မေလအထိဆိုရင် တစ်သိန်းခြောက်သောင်း ကျော်အထိရှိလာခဲ့ပြီဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေထဲ မှာ အမ်းမြို့နယ် ပဲပဒုံဒုက္ခသည် စခန်းကို ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်တွေကတော့ သူတို့ရဲ့လက်မှုအတတ်ပညာတွေကို အသုံးချပြီး ဝင်ငွေရှာတဲ့ အလုပ်တွေနဲ့ ရပ်တည်ဖို့ ကြိုးစားနေကြတာဖြစ်ပါတယ်။

ပဲပဒုံ ဒုက္ခသည်စန်းမှာ အိမ်ထောင်စုပေါင်း ၆၁ စု၊ လူဦးရေ ၃၀၅ ဦးတို့ နေထိုင်လျက်ရှိကြပြီးတော့ အဲ့ဒီလူတွေဟာ အမ်းမြို့နယ်အတွင်းမှာရှိတဲ့ ဓားလက်ရွာဟောင်းနဲ့ အနီးဝန်းကျင်ကျေးရွာတွေက စစ်ဘေးရှောင်လာခဲ့ကြသူတွေ ဖြစ်ကြပါတယ်။

အမ်းမြို့နယ်အတွင်းမှာတော့ ဒုက္ခသည်စခန်းနှစ်ရှိပြီး မြို့ပေါ်မှာရှိတဲ့ မြို့မအားကစားကွင်းမှာတစ်နေရာနဲ့ အမ်းမြို့ကနေ ရိုးတောင်ဘက် အတက်လမ်းမှာရှိတဲ့ ပဲပဒုံကျေးရွာမှာတစ်နေရာဖြစ်ပြီးတော့ အများစုကတော့ ချင်းလူမျိုးတွေနေထိုင် နေကြတာဖြစ်ပါတယ်။

အဲ့ဒီ စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်မရှိကြတဲ့ အတွက်ဝင်ငွေတွေလည်းမရှိကြသလို အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာဌာနတွေက လာရောက်ကူညီပေးတာတွေကို မှီခိုစားသောက်နေကြရတဲ့အတွက် သူတို့အပိုဝင်ငွေတွေရရှိနိုင်ဖို့ အခုလိုမျိုး အမှိုက်ခြင်းတောင်းတွေကို ရက်လုပ်ရောင်းချနိုင်ဖို့ အတွက် စီစဉ်ပေးခဲ့ရတာဖြစ်တယ်လို့ စစ်ဘေးရှောင် ကော်တီဝင် ဒေါ်ခင်သူဇာလင်းက ပြောပါတယ်။
ပဲပဒုံကျေးရွာစခန်းကစစ်ဘေးရှောင် အများစုကတော့ ချင်းလူမျိုးတွေ ဖြစ်ပါတယ်။
"ဝါးတွေပေါတော့ ကျွန်မတို့က အမှိုက်ခြင်းတောင်းတွေရက်လုပ်ဖို့အတွက် စည်ပင်ဦးစီးနဲ့တိုင်ပင်ပြီး လုပ်ဖြစ်သွားတာပါ။ ခြေနင်းပါပြီးတော့ အဖုံးအပိတ်လေးနဲ့ အမှိုက်ခြင်း တောင်းပေါ့။ ဒါကိုကျွန်မက facebook မှာ တင်လိုက်တဲ့အခါ လူသိများလာတော့ ပုံမှန်ဝင်ငွေမဟုတ်ရင်တောင် တစ်စိတ်တစ်ဒေသအတွက် ဝင်ငွေတစ်ခုရအောင်ဆိုပြီး လုပ်ဖြစ်သွားတာပါ။"လို့ စခန်းကော်မတီဝင် ဒေါ်ခင်သူဇာလင်းက ပြောပါတယ်။

အမ်းမြို့နယ်စည်ပင်သာယာ အရာရှိနဲ့သွားရောက်တွေ့ဆုံဆွေးနွေးကာ သဘောတူညီချက်ရရှိတဲ့အတွက် စတင်ပြုလုပ်ခဲ့ကြတာဖြစ်ပေမယ့် လက်ရှိမှာ တခြားမြို့နယ်တွေမှာရှိတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက အရပ်ဖက်အဖွဲ့အစည်းတွေကလည်း မှာယူတာတွေရှိနေ တယ်လို့ သူကပြောပါတယ်။

အမ်းမြို့နယ်ဟာ ရခိုင်ပြည်နယ်ရဲ့အလယ်ပိုင်းဒေသတစ်ခုဖြစ်ပြီး ရခိုင်ရိုးမတောင်တန်းပေါ်မှာတည်ရှိနေတဲ့ မြို့တစ်မြို့ဖြစ်ကာ ရခိုင်ပြည်နယ်အတွင်း သစ်ဝါးနဲ့ တောထွက်ပစ္စည်းတွေပေါများတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

လက်ရှိမှာ အဲ့ဒီဒုက္ခသည်တွေ ဝါးနဲ့ရက်လုပ်ထားတဲ့ အဖုံးအပိတ်ပါ ခြေနင်းခြင်းတောင်းတစ်လုံးကို ကျပ်ငွေ ငါး ထောင်နဲ့ ရောင်းချပေးနေရပြီး အမ်းမြို့နယ်အတွက်ကို စည်ပင်သာယာရေးဋ္ဌာနက ဝယ်ယူနေကြောင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း က စစ်တွေမြို့နယ်မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း အဲ့ဒီခြင်းတောင်တွေကို မှာယူနေကြပြီဖြစ်တယ်လို့ သူကပြောပါတယ်။

စမ်းသပ်ထုတ်လုပ်နေတာဖြစ်တဲ့အတွက် ထုပ်ပိုးမှုပုံစံမှာ သေသပ်မှုမရှိတာကြောင့် ပိုမိုကောင်းမွန်ပြီး စနစ်တကျဖြစ်လာအောင် ကြိုးစားဖန်တီးရဦးမှာဖြစ်တယ်လို့လည်း ဒေါ်ခင်သူဇာလင်းက ပြောပါတယ်။
ခြင်းတောင်းတစ်လုံးရက်လုပ်ပြီးစီးဖို့ အချိန်နှစ်ရက်ခန့် ကြာ
အဲ့ဒီခြင်းတောင်းတွေကိုရက်လုပ်ဖို့အတွက် ဝါးတွေကိုရိုးမတောင်တန်းတွေဆီ သွားရောက်ခုတ်ယူပြီးတော့ နှီးဖြာပြီးရက်လုပ်ရတာဖြစ်တဲ့အတွက် လူတစ်ဦးအတွက် ခြင်းတောင်းတစ်လုံးရက်လုပ်ပြီးစီးဖို့ အချိန်နှစ်ရက်ခန့် ကြာမြင့်တယ်လို့ ကိုယ်တိုင်ရက်လုပ်နေတဲ့ ချင်းအမျိုးသား ဦးငမောင်က ပြောပါတယ်။

သူတို့ဟာ အဲ့ဒီအမှိုက်ခြင်းတောင်းတွေ ကို ပြီးခဲ့တဲ့ ဧပြီလလောက်ကနေစတင်လုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး ရရှိလာတဲ့ဝင်ငွေတွေကို မိသားစုကျန်းမာရေးနဲ့ စားရေးသောက်ရေးတွေမှာ အသုံးပြုလို့ရနေတာကြောင့် အထောက်အကူ ဖြစ်တယ်လို့ ဆိုပါတယ်။

"ရွာကနေပြေးလာတာ နှစ်လကျော်ပြီ။ ကျွန်တော်တို့က စခန်းမှာနေရတာဆိုတော့ ဝင်ငွေမရှိဘူး။ ပေးတာလောက်ပဲစားနေ ရတာ။ အခု ဒီအမှိုက်ခြင်းတောင်းတွေရက်လုပ်နေရတော့ ဝင်ငွေတွေရတာပေါ့။ ခြင်းတစ်လုံးကို ငါးထောင် နဲ့ရောင်းတယ်။ ဒီငွေတွေက ကျန်းမာရေး၊ စားရေးသောက်ရေးတွေမှာ အထောက်အကူဖြစ်ပါတယ်။"လို့ ဦးငမောင်က ပြောပါတယ်။

အဲ့ဒီပဲပဒုံစခန်းက ဒုက္ခသည်တွဟာ အမှိုက်ခြင်းတောင်းတွေအပြင် ဖျာ၊ ပလိုင်း၊ ဖာ၊ ခမောက် စတဲ့ လူသုံးကုန်ပစ္စည်းတွေ ကိုလည်း ရက်လုပ်လျက်ရှိနေပြီး တွင်ကျယ်လာလို့ရှိရင် သူတို့အတွက်ဝင်ငွေတွေ ပိုမိုရရှိလာမှာလည်းဖြစ်ပါတယ်။
ဖျာ၊ ပလိုင်း၊ ဖာ၊ ခမောက် စတဲ့ လူသုံးကုန်ပစ္စည်းတွေ ကိုလည်း ရက်လုပ်နေ
စခန်းအတွင်းမှာနေထိုင်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ လူလတ်ပိုင်း တွေကတော့ အပြင်ထွက်ပြီး ကြုံရာကျပန်းအလုပ်တွေကိုလုပ်ကိုင်တာတွေရှိနေကြပေမယ့် ဒီလုပ်ငန်းက အပြင်းထွက်အလုပ်မရှာနိုင်တော့တဲ့ အသက်ကြီးပိုင်းတွေအတွက် အိမ်မှာနေရင်း ဝင်ငွေရစေတဲ့ အလုပ်တစ်ခုလည်းဖြစ်တယ်လို့စစ်ဘေးရှောင်တွေက ဆိုပါတယ်။

အမှိုက်တွေကိုသိမ်းဆည်းတဲ့နေရာမှာ ပလက်စတစ်ပုံးတွေနဲ့သာ အသုံးပြုလျက်ရှိနေကြပြီး အဲ့ဒီပလက်စတစ်ပုံးတွေနေရာမှာ ဝါးခြင်းတောင်းတွေကို အစားထိုးအသုံးပြုလာနိုင်ဖို့အတွက် တခြားဒေသတွေကိုလည်း ဖြန့်ဖြူးရောင်းချသွားမှာဖြစ်တယ်လို့ ဒေါ်ခင်သူဇာလင်းက ပြောပါတယ်။

အဲ့ဒီအမှိုက်ခြင်းတောင်းတွေကို တချို့ဒေသတွေက အဖွဲ့အစည်းတွေအနေနဲ့ စိတ်ဝင်စားနေကြပေမယ့်မှာယူတာမများသေးကြောင်းနဲ့ မှာယူတာတွေများလာလို့ရှိရင် တော့ လုပ်ကိုင်သူတွေလည်းများပြားလာမှာဖြစ်သလို စစ်ဘေးရှောင်တွေနေ့စဉ်ဝင်ငွေတွေလည်း ပိုမိုရရှိကြမှာဖြစ်တယ်လို့လည်းသူက ပြောပါတယ်။

BBC Burmese
-----------------------------------------------------
(Zawgyi)⤵⤵⤵
စစ္ေဘးရွာင္ေတြ ထုတ္တဲ့ အမႈိက္ျခင္း

ရခိုင္ျပည္နယ္အတြင္းမွာျဖစ္ပြားေနတဲ့ တိုက္ပြဲေတြအတြင္း ေနရပ္စြန႔္ခြာထြက္ေျပးေနၾကရတဲ့ စစ္ေဘးေရွာင္အေရအတြက္ ဟာ ၂၀၂၀ ခုႏွစ္ ေမလအထိဆိုရင္ တစ္သိန္းေျခာက္ေသာင္း ေက်ာ္အထိရွိလာခဲ့ၿပီျဖစ္ပါတယ္။

စစ္ေဘးေရွာင္ေတြထဲ မွာ အမ္းၿမိဳ႕နယ္ ပဲပဒုံဒုကၡသည္ စခန္းကို ေရာက္ရွိေနၾကတဲ့ စစ္ေဘးေရွာင္ေတြကေတာ့ သူတို႔ရဲ႕လက္မႈအတတ္ပညာေတြကို အသုံးခ်ၿပီး ဝင္ေငြရွာတဲ့ အလုပ္ေတြနဲ႔ ရပ္တည္ဖို႔ ႀကိဳးစားေနၾကတာျဖစ္ပါတယ္။

ပဲပဒုံ ဒုကၡသည္စန္းမွာ အိမ္ေထာင္စုေပါင္း ၆၁ စု၊ လူဦးေရ ၃၀၅ ဦးတို႔ ေနထိုင္လ်က္ရွိၾကၿပီးေတာ့ အဲ့ဒီလူေတြဟာ အမ္းၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ဓားလက္႐ြာေဟာင္းနဲ႔ အနီးဝန္းက်င္ေက်း႐ြာေတြက စစ္ေဘးေရွာင္လာခဲ့ၾကသူေတြ ျဖစ္ၾကပါတယ္။

အမ္းၿမိဳ႕နယ္အတြင္းမွာေတာ့ ဒုကၡသည္စခန္းႏွစ္ရွိၿပီး ၿမိဳ႕ေပၚမွာရွိတဲ့ ၿမိဳ႕မအားကစားကြင္းမွာတစ္ေနရာနဲ႔ အမ္းၿမိဳ႕ကေန ႐ိုးေတာင္ဘက္ အတက္လမ္းမွာရွိတဲ့ ပဲပဒုံေက်း႐ြာမွာတစ္ေနရာျဖစ္ၿပီးေတာ့ အမ်ားစုကေတာ့ ခ်င္းလူမ်ိဳးေတြေနထိုင္ ေနၾကတာျဖစ္ပါတယ္။

အဲ့ဒီ စစ္ေဘးေရွာင္ေတြဟာ အလုပ္အကိုင္မရွိၾကတဲ့ အတြက္ဝင္ေငြေတြလည္းမရွိၾကသလို အဖြဲ႕အစည္းေတြနဲ႔ သက္ဆိုင္ရာဌာနေတြက လာေရာက္ကူညီေပးတာေတြကို မွီခိုစားေသာက္ေနၾကရတဲ့အတြက္ သူတို႔အပိုဝင္ေငြေတြရရွိႏိုင္ဖို႔ အခုလိုမ်ိဳး အမႈိက္ျခင္းေတာင္းေတြကို ရက္လုပ္ေရာင္းခ်ႏိုင္ဖို႔ အတြက္ စီစဥ္ေပးခဲ့ရတာျဖစ္တယ္လို႔ စစ္ေဘးေရွာင္ ေကာ္တီဝင္ ေဒၚခင္သူဇာလင္းက ေျပာပါတယ္။

"ဝါးေတြေပါေတာ့ ကြၽန္မတို႔က အမႈိက္ျခင္းေတာင္းေတြရက္လုပ္ဖို႔အတြက္ စည္ပင္ဦးစီးနဲ႔တိုင္ပင္ၿပီး လုပ္ျဖစ္သြားတာပါ။ ေျခနင္းပါၿပီးေတာ့ အဖုံးအပိတ္ေလးနဲ႔ အမႈိက္ျခင္း ေတာင္းေပါ့။ ဒါကိုကြၽန္မက facebook မွာ တင္လိုက္တဲ့အခါ လူသိမ်ားလာေတာ့ ပုံမွန္ဝင္ေငြမဟုတ္ရင္ေတာင္ တစ္စိတ္တစ္ေဒသအတြက္ ဝင္ေငြတစ္ခုရေအာင္ဆိုၿပီး လုပ္ျဖစ္သြားတာပါ။"လို႔ စခန္းေကာ္မတီဝင္ ေဒၚခင္သူဇာလင္းက ေျပာပါတယ္။

အမ္းၿမိဳ႕နယ္စည္ပင္သာယာ အရာရွိနဲ႔သြားေရာက္ေတြ႕ဆုံေဆြးေႏြးကာ သေဘာတူညီခ်က္ရရွိတဲ့အတြက္ စတင္ျပဳလုပ္ခဲ့ၾကတာျဖစ္ေပမယ့္ လက္ရွိမွာ တျခားၿမိဳ႕နယ္ေတြမွာရွိတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသက အရပ္ဖက္အဖြဲ႕အစည္းေတြကလည္း မွာယူတာေတြရွိေန တယ္လို႔ သူကေျပာပါတယ္။

အမ္းၿမိဳ႕နယ္ဟာ ရခိုင္ျပည္နယ္ရဲ႕အလယ္ပိုင္းေဒသတစ္ခုျဖစ္ၿပီး ရခိုင္႐ိုးမေတာင္တန္းေပၚမွာတည္ရွိေနတဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ကာ ရခိုင္ျပည္နယ္အတြင္း သစ္ဝါးနဲ႔ ေတာထြက္ပစၥည္းေတြေပါမ်ားတဲ့ ၿမိဳ႕နယ္တစ္ခုလည္းျဖစ္ပါတယ္။

လက္ရွိမွာ အဲ့ဒီဒုကၡသည္ေတြ ဝါးနဲ႔ရက္လုပ္ထားတဲ့ အဖုံးအပိတ္ပါ ေျခနင္းျခင္းေတာင္းတစ္လုံးကို က်ပ္ေငြ ငါး ေထာင္နဲ႔ ေရာင္းခ်ေပးေနရၿပီး အမ္းၿမိဳ႕နယ္အတြက္ကို စည္ပင္သာယာေရး႒ာနက ဝယ္ယူေနေၾကာင္းနဲ႔ ရခိုင္ျပည္နယ္ေျမာက္ပိုင္း က စစ္ေတြၿမိဳ႕နယ္မွာရွိတဲ့ အရပ္ဖက္အဖြဲ႕အစည္းေတြကလည္း အဲ့ဒီျခင္းေတာင္ေတြကို မွာယူေနၾကၿပီျဖစ္တယ္လို႔ သူကေျပာပါတယ္။

စမ္းသပ္ထုတ္လုပ္ေနတာျဖစ္တဲ့အတြက္ ထုပ္ပိုးမႈပုံစံမွာ ေသသပ္မႈမရွိတာေၾကာင့္ ပိုမိုေကာင္းမြန္ၿပီး စနစ္တက်ျဖစ္လာေအာင္ ႀကိဳးစားဖန္တီးရဦးမွာျဖစ္တယ္လို႔လည္း ေဒၚခင္သူဇာလင္းက ေျပာပါတယ္။

အဲ့ဒီျခင္းေတာင္းေတြကိုရက္လုပ္ဖို႔အတြက္ ဝါးေတြကို႐ိုးမေတာင္တန္းေတြဆီ သြားေရာက္ခုတ္ယူၿပီးေတာ့ ႏွီးျဖာၿပီးရက္လုပ္ရတာျဖစ္တဲ့အတြက္ လူတစ္ဦးအတြက္ ျခင္းေတာင္းတစ္လုံးရက္လုပ္ၿပီးစီးဖို႔ အခ်ိန္ႏွစ္ရက္ခန႔္ ၾကာျမင့္တယ္လို႔ ကိုယ္တိုင္ရက္လုပ္ေနတဲ့ ခ်င္းအမ်ိဳးသား ဦးငေမာင္က ေျပာပါတယ္။

သူတို႔ဟာ အဲ့ဒီအမႈိက္ျခင္းေတာင္းေတြ ကို ၿပီးခဲ့တဲ့ ဧၿပီလေလာက္ကေနစတင္လုပ္ကိုင္ခဲ့ၾကတာျဖစ္ၿပီး ရရွိလာတဲ့ဝင္ေငြေတြကို မိသားစုက်န္းမာေရးနဲ႔ စားေရးေသာက္ေရးေတြမွာ အသုံးျပဳလို႔ရေနတာေၾကာင့္ အေထာက္အကူ ျဖစ္တယ္လို႔ ဆိုပါတယ္။

"႐ြာကေနေျပးလာတာ ႏွစ္လေက်ာ္ၿပီ။ ကြၽန္ေတာ္တို႔က စခန္းမွာေနရတာဆိုေတာ့ ဝင္ေငြမရွိဘူး။ ေပးတာေလာက္ပဲစားေန ရတာ။ အခု ဒီအမႈိက္ျခင္းေတာင္းေတြရက္လုပ္ေနရေတာ့ ဝင္ေငြေတြရတာေပါ့။ ျခင္းတစ္လုံးကို ငါးေထာင္ နဲ႔ေရာင္းတယ္။ ဒီေငြေတြက က်န္းမာေရး၊ စားေရးေသာက္ေရးေတြမွာ အေထာက္အကူျဖစ္ပါတယ္။"လို႔ ဦးငေမာင္က ေျပာပါတယ္။

အဲ့ဒီပဲပဒုံစခန္းက ဒုကၡသည္တြဟာ အမႈိက္ျခင္းေတာင္းေတြအျပင္ ဖ်ာ၊ ပလိုင္း၊ ဖာ၊ ခေမာက္ စတဲ့ လူသုံးကုန္ပစၥည္းေတြ ကိုလည္း ရက္လုပ္လ်က္ရွိေနၿပီး တြင္က်ယ္လာလို႔ရွိရင္ သူတို႔အတြက္ဝင္ေငြေတြ ပိုမိုရရွိလာမွာလည္းျဖစ္ပါတယ္။

စခန္းအတြင္းမွာေနထိုင္ေနၾကတဲ့ စစ္ေဘးဒုကၡသည္ေတြထဲမွာ လူလတ္ပိုင္း ေတြကေတာ့ အျပင္ထြက္ၿပီး ႀကဳံရာက်ပန္းအလုပ္ေတြကိုလုပ္ကိုင္တာေတြရွိေနၾကေပမယ့္ ဒီလုပ္ငန္းက အျပင္းထြက္အလုပ္မရွာႏိုင္ေတာ့တဲ့ အသက္ႀကီးပိုင္းေတြအတြက္ အိမ္မွာေနရင္း ဝင္ေငြရေစတဲ့ အလုပ္တစ္ခုလည္းျဖစ္တယ္လို႔စစ္ေဘးေရွာင္ေတြက ဆိုပါတယ္။

အမႈိက္ေတြကိုသိမ္းဆည္းတဲ့ေနရာမွာ ပလက္စတစ္ပုံးေတြနဲ႔သာ အသုံးျပဳလ်က္ရွိေနၾကၿပီး အဲ့ဒီပလက္စတစ္ပုံးေတြေနရာမွာ ဝါးျခင္းေတာင္းေတြကို အစားထိုးအသုံးျပဳလာႏိုင္ဖို႔အတြက္ တျခားေဒသေတြကိုလည္း ျဖန႔္ျဖဴးေရာင္းခ်သြားမွာျဖစ္တယ္လို႔ ေဒၚခင္သူဇာလင္းက ေျပာပါတယ္။

အဲ့ဒီအမႈိက္ျခင္းေတာင္းေတြကို တခ်ိဳ႕ေဒသေတြက အဖြဲ႕အစည္းေတြအေနနဲ႔ စိတ္ဝင္စားေနၾကေပမယ့္မွာယူတာမမ်ားေသးေၾကာင္းနဲ႔ မွာယူတာေတြမ်ားလာလို႔ရွိရင္ ေတာ့ လုပ္ကိုင္သူေတြလည္းမ်ားျပားလာမွာျဖစ္သလို စစ္ေဘးေရွာင္ေတြေန႔စဥ္ဝင္ေငြေတြလည္း ပိုမိုရရွိၾကမွာျဖစ္တယ္လို႔လည္းသူက ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52789146
စစ်ဘေးရှာင်တွေ ထုတ်တဲ့ အမှိုက်ခြင်း စစ်ဘေးရှာင်တွေ ထုတ်တဲ့ အမှိုက်ခြင်း Reviewed by THITHTOOLWIN on 04:45 Rating: 5
Powered by Blogger.