နယ်စပ်ကုန်သွယ်ရေး မမျှတမှုကိစ္စ ရှမ်းပြည်နယ်အစိုးရနဲ့ ယူနန်အာဏာပိုင်တို့ မကြာခင်ဆွေးနွေးမည်


(Unicode)⤵⤵⤵
မြန်မာ- တရုတ်နယ်စပ် ကုန်သွယ်ရေး အထူသဖြင့် မူဆယ်ကုန်သွယ်ရေးမှာ မမျှတတာတွေရှိနေလို့ ရှမ်းပြည်နယ်အစိုးရနဲ့ ယူနန်အာဏာပိုင်တွေ ဒီရက်ပိုင်းတွေ့ ဆွေးနွေးဖို့ရှိတဲ့အကြောင်း ကိုဇော်ထက် တင်ဆက်ပေးမှာပါ။

ရှမ်းပြည်နယ်အစိုးရအဖွဲ့တွေနဲ့ တရုတ် ယူနန်အစိုးရ မေလ ၂၇၊ ၂၈ လောက် မူဆယ်မြို့မှာတွေ့ပြီး နယ်စပ်ကုန်သွယ်ရေးကိစ္စဆွေးနွေးဖို့ ပြောထားပေမဲ့ တရုတ်ဘက်က ရက်ရွှေ့ထားလို့ ဒီရက်ပိုင်းတွင်း တွေ့ဆုံဆွေးနွေးမယ်လို့သိရပါတယ်။

အမေရိကန်ဒေါ်လာ ၁၂သန်းလောက် ကုန်သွယ်မှုပမာဏနေ့တိုင်းရှိနေတာကြောင့် မူဆယ်ကုန်သွယ်ရေးဟာ အရင် ၅နှစ်က ထက်ပိုများလာတာမှန်ပေမဲ့ မြန်မာ- တရုတ်ကုန်သွယ်ရေး မမျှတာတွေပိုများလာလို့ ဒါကိုဖြေရှင်းဖို့လုပ်ဆောင်နေတာလို့ ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွှန့်လွင်ကပြောပါတယ်။

“ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ဒီနေ့အကြောင်းပြန်တော့ သူတို့က အရေးပေါ်ကိစ္စတခုနဲ့ ရက်ရွှေ့ဆိုင်းလိုက်တယ်။ အောက်ခြေမှာ ပြဿနာ အခက်အခဲတချို့ရှိတယ်။ အဲဒီရှိတဲ့အခက်အခဲ တချို့ကို သွားဖြေရှင်းပေးရမှာ။ ဥပမာ ကိုယ့်ဘက်က ကားတွေပိတ်နေတာ တဖက်က စစ်ဆေးမှုတွေ တအားတင်းကျပ်တဲ့အခါကျတော့ မမျှတမှုတွေဖြစ်တာ သစ်သီးတွေ လွှင့်ပစ်ရတာပေါ့။”

ဖရဲ၊ သခွားရာသီကပြီးသွားပေမဲ့ အခုလာမယ့် သရက်သီးအတွက် ဆွေးနွေးတာတွေလည်း လုပ်သွားမယ်လို့ ဝန်ကြီးဦးစိုးညွှန့်လွင်က ပြောပါတယ်။ တရုတ်အစိုးရက COVID-19 ကာကွယ်ဖို့ မေလ ၅ရက်ကတည်းက မြန်မာနဲ့ နယ်စပ်လူဝင်လူထွက်ကို တားမြစ်ပြီး အရေးယူမယ့် အမိန့်တွေ ထုတ်ပြန်ထားပါတယ်။ မူဆယ်နယ်စပ်ကုန်သွယ်ရေးက ကျန်တဲ့ နယ်စပ်ဂိတ်တွေထက် ကုန်သွယ်မှုပမာဏများပါတယ်။ အရင်ရှိပြီးသား တရုတ် ကုန်သွယ်ရေးအတားအဆီးတွေမှာ COVID-19 နောက်ဆက်တွဲအတားအဆီးတွေ ပိုလာလို့ ပြီးခဲ့တဲ့နှစ်ကထက် ဒေါ်လာ သန်း ၃၀ လောက် မြန်မာဘက်က ပို့ကုန်လျော့ကျသွားပါတယ်။

စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးကလည်း မူဆယ်နယ်စပ်ကုန်သွယ်ရေးကိစ္စကို ဖိဖိစီးစီးနဲ့ ပြေလည်အောင်လုပ်စေချင်ပုံရတယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ ကုန်သည်အသိုင်းအဝန်းကပြောပါတယ်။ အခုမူဆယ် ကျင်စန်းကျော့မှာ မြန်မာ- တရုတ်ကုန်သွယ်ရေးလမ်းတခုကို ရွာငါးရွာဖြတ်ပြီး ထပ်ဖောက်ဖို့ နှစ်နိုင်ငံညှိနိုင်းနေပါတယ်။ ဒီလမ်းဖောက်ပြီးရင်တော့ အသွားအပြန်လမ်းဖြစ်သွားတဲ့အတွက် ယာဉ်ပိတ်ဆို့တာကို အထိုက်အလျောက် ဖြေရှင်းနိုင်မှာပါ။

အစားထိုးယာဉ်မောင်းနဲ့ပဲ တရုတ်ပြည်ထဲဝင်ခွင့်ကို ပယ်ဖျက်ဖို့၊ နယ်စပ်စည်းကမ်းချက်တွေ တရုတ်ဘက်က ဖြေလျှော့ပေးဖို့ ပြီးတော့ တရုတ်ဘက်နေ့တိုင်းကူးနေတဲ့ မြန်မာတွေ ဝင်ငွေရဖို့အတွက်လည်း အစိုးရက ဆွေးနွေးပေးဖို့ မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းကအကြံပြုပါတယ်။

“ သုံးဘီးဆိုင်ကယ်လေးတွေ၊ လက်လုပ်လက်စားတွေ ရွှေလီထဲမှာသွားပြီး ကုန်လေးတွေ တင်ရတယ်၊ တရက်ကို ၂၀၀၀၀ လောက်ရတယ်။ လူဝင်လူထွက် မလုပ်ရဘူးဆိုတော့ ပိတ်လိုက်တဲ့အတွက် မူဆယ်မြို့က လက်လုပ်လက်စား ၄၀၀ နဲ့ ၅၀၀ ကြားမှာ အလုပ်လက်မဲ့ ဖြစ်သွားတယ်။ အဲဒါလေးတော့ တင်ပြချင်ပါတယ်။”

မြန်မာအရှေ့မြောက် နယ်စပ်ကုန်သွယ်ရေးကိစ္စကို ယူနန်ပြည်နယ် ကူမင်းက မြန်မာကောင်စစ်ဝန်အရာရှိတွေနဲ့ ယူနန်စီးပွားရေးဌာန တာဝန်ရှိသူတွေ မေလ ၂၀ ရက်မှာ ဆွေးနွေးခဲ့တာပါ။ အဲဒီနေ့ညနေပိုင်းမှာပဲ မြန်မာ- တရုတ် သမ္မတနှစ်ဦး ဖုန်းနဲ့ဆက်သွယ်ပြီး နယ်စပ်ကုန်သွယ်ရေး ကိစ္စ၊ ရပ်ဝန်းနဲ့ပိုးလမ်းမ စီမံကိန်းကိစ္စတွေကို ဆွေးနွေးကြပါတယ်။

မေလ ၂၁ ရက်မှာလည်း ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီးနဲ့ ယူနန်ပြည်နယ် လင်ချိုင်းခရိုင် ဒုမြို့တော်ဝန်တို့ ချင်းရွှေဟော်မြို့မှာ တွေ့ပြီး COVID ကာလနဲ့ COVID အပြီး တရုတ်ရဲ့ ကုန်သွယ်ရေး ကန့်သတ်ချက်တွေ ဖြေလျှော့ပေးဖို့ ထပ်ညှိနှိုင်းခဲ့တာပါ။ ကျနော်ကတော့ ဇော်ထက်ပါ ရန်ကုန်ကနေပေးပို့ခဲ့တာပါ။

ဇော်ထက်  / ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------
(Zawgyi)⤵⤵⤵
နယ္စပ္ကုန္သြယ္ေရး မမွ်တမႈကိစၥ ရွမ္းျပည္နယ္အစုိးရနဲ႔ ယူနန္အာဏာပုိင္တုိ႔ မၾကာခင္ေဆြးေႏြးမည္

ျမန္မာ- တ႐ုတ္နယ္စပ္ ကုန္သြယ္ေရး အထူသျဖင့္ မူဆယ္ကုန္သြယ္ေရးမွာ မမွ်တတာေတြရွိေနလို႔ ရွမ္းျပည္နယ္အစိုးရနဲ႔ ယူနန္အာဏာပိုင္ေတြ ဒီရက္ပိုင္းေတြ႕ ေဆြးေႏြးဖို႔ရွိတဲ့အေၾကာင္း ကိုေဇာ္ထက္ တင္ဆက္ေပးမွာပါ။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ေတြနဲ႔ တ႐ုတ္ ယူနန္အစိုးရ ေမလ ၂၇၊ ၂၈ ေလာက္ မူဆယ္ၿမိဳ႕မွာေတြ႕ၿပီး နယ္စပ္ကုန္သြယ္ေရးကိစၥေဆြးေႏြးဖို႔ ေျပာထားေပမဲ့ တ႐ုတ္ဘက္က ရက္ေ႐ႊ႕ထားလို႔ ဒီရက္ပိုင္းတြင္း ေတြ႔ဆံုေဆြးေႏြးမယ္လို႔သိရပါတယ္။

အေမရိကန္ေဒၚလာ ၁၂သန္းေလာက္ ကုန္သြယ္မႈပမာဏေန႔တိုင္းရွိေနတာေၾကာင့္ မူဆယ္ကုန္သြယ္ေရးဟာ အရင္ ၅ႏွစ္က ထက္ပိုမ်ားလာတာမွန္ေပမဲ့ ျမန္မာ- တ႐ုတ္ကုန္သြယ္ေရး မမွ်တာေတြပိုမ်ားလာလို႔ ဒါကိုေျဖရွင္းဖို႔လုပ္ေဆာင္ေနတာလို႔ ရွမ္းျပည္နယ္ စီမံဘ႑ာဝန္ႀကီး ဦးစိုးၫႊန႔္လြင္ကေျပာပါတယ္။

“ ယူနန္ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးက ဒီေန႔အေၾကာင္းျပန္ေတာ့ သူတို႔က အေရးေပၚကိစၥတခုနဲ႔ ရက္ေ႐ႊ႕ဆိုင္းလိုက္တယ္။ ေအာက္ေျခမွာ ျပႆနာ အခက္အခဲတခ်ိဳ႕ရွိတယ္။ အဲဒီရွိတဲ့အခက္အခဲ တခ်ိဳ႕ကို သြားေျဖရွင္းေပးရမွာ။ ဥပမာ ကိုယ့္ဘက္က ကားေတြပိတ္ေနတာ တဖက္က စစ္ေဆးမႈေတြ တအားတင္းက်ပ္တဲ့အခါက်ေတာ့ မမွ်တမႈေတြျဖစ္တာ သစ္သီးေတြ လႊင့္ပစ္ရတာေပါ့။”

ဖရဲ၊ သခြားရာသီကၿပီးသြားေပမဲ့ အခုလာမယ့္ သရက္သီးအတြက္ ေဆြးေႏြးတာေတြလည္း လုပ္သြားမယ္လို႔ ဝန္ႀကီးဦးစိုးၫႊန႔္လြင္က ေျပာပါတယ္။ တ႐ုတ္အစိုးရက COVID-19 ကာကြယ္ဖို႔ ေမလ ၅ရက္ကတည္းက ျမန္မာနဲ႔ နယ္စပ္လူဝင္လူထြက္ကို တားျမစ္ၿပီး အေရးယူမယ့္ အမိန႔္ေတြ ထုတ္ျပန္ထားပါတယ္။ မူဆယ္နယ္စပ္ကုန္သြယ္ေရးက က်န္တဲ့ နယ္စပ္ဂိတ္ေတြထက္ ကုန္သြယ္မႈပမာဏမ်ားပါတယ္။ အရင္ရွိၿပီးသား တ႐ုတ္ ကုန္သြယ္ေရးအတားအဆီးေတြမွာ COVID-19 ေနာက္ဆက္တြဲအတားအဆီးေတြ ပိုလာလို႔ ၿပီးခဲ့တဲ့ႏွစ္ကထက္ ေဒၚလာ သန္း ၃၀ ေလာက္ ျမန္မာဘက္က ပို႔ကုန္ေလ်ာ့က်သြားပါတယ္။

စီးပြားကူးသန္း ျပည္ေထာင္စုဝန္ႀကီးကလည္း မူဆယ္နယ္စပ္ကုန္သြယ္ေရးကိစၥကို ဖိဖိစီးစီးနဲ႔ ေျပလည္ေအာင္လုပ္ေစခ်င္ပုံရတယ္လို႔ အစိုးရနဲ႔ နီးစပ္တဲ့ ကုန္သည္အသိုင္းအဝန္းကေျပာပါတယ္။ အခုမူဆယ္ က်င္စန္းေက်ာ့မွာ ျမန္မာ- တ႐ုတ္ကုန္သြယ္ေရးလမ္းတခုကို ႐ြာငါး႐ြာျဖတ္ၿပီး ထပ္ေဖာက္ဖို႔ ႏွစ္ႏိုင္ငံညႇိႏိုင္းေနပါတယ္။ ဒီလမ္းေဖာက္ၿပီးရင္ေတာ့ အသြားအျပန္လမ္းျဖစ္သြားတဲ့အတြက္ ယာဥ္ပိတ္ဆို႔တာကို အထိုက္အေလ်ာက္ ေျဖရွင္းႏိုင္မွာပါ။

အစားထိုးယာဥ္ေမာင္းနဲ႔ပဲ တ႐ုတ္ျပည္ထဲဝင္ခြင့္ကို ပယ္ဖ်က္ဖို႔၊ နယ္စပ္စည္းကမ္းခ်က္ေတြ တ႐ုတ္ဘက္က ေျဖေလွ်ာ့ေပးဖို႔ ၿပီးေတာ့ တ႐ုတ္ဘက္ေန႔တိုင္းကူးေနတဲ့ ျမန္မာေတြ ဝင္ေငြရဖို႔အတြက္လည္း အစိုးရက ေဆြးေႏြးေပးဖို႔ မူဆယ္ ဆန္ကုန္စည္ဒိုင္ ဒုဥကၠ႒ ဦးမင္းသိန္းကအႀကံျပဳပါတယ္။

“ သုံးဘီးဆိုင္ကယ္ေလးေတြ၊ လက္လုပ္လက္စားေတြ ေ႐ႊလီထဲမွာသြားၿပီး ကုန္ေလးေတြ တင္ရတယ္၊ တရက္ကို ၂၀၀၀၀ ေလာက္ရတယ္။ လူဝင္လူထြက္ မလုပ္ရဘူးဆိုေတာ့ ပိတ္လိုက္တဲ့အတြက္ မူဆယ္ၿမိဳ႕က လက္လုပ္လက္စား ၄၀၀ နဲ႔ ၅၀၀ ၾကားမွာ အလုပ္လက္မဲ့ ျဖစ္သြားတယ္။ အဲဒါေလးေတာ့ တင္ျပခ်င္ပါတယ္။”

ျမန္မာအေရွ႕ေျမာက္ နယ္စပ္ကုန္သြယ္ေရးကိစၥကို ယူနန္ျပည္နယ္ ကူမင္းက ျမန္မာေကာင္စစ္ဝန္အရာရွိေတြနဲ႔ ယူနန္စီးပြားေရးဌာန တာဝန္ရွိသူေတြ ေမလ ၂၀ ရက္မွာ ေဆြးေႏြးခဲ့တာပါ။ အဲဒီေန႔ညေနပိုင္းမွာပဲ ျမန္မာ- တ႐ုတ္ သမၼတႏွစ္ဦး ဖုန္းနဲ႔ဆက္သြယ္ၿပီး နယ္စပ္ကုန္သြယ္ေရး ကိစၥ၊ ရပ္ဝန္းနဲ႔ပိုးလမ္းမ စီမံကိန္းကိစၥေတြကို ေဆြးေႏြးၾကပါတယ္။

ေမလ ၂၁ ရက္မွာလည္း ရွမ္းျပည္နယ္ စီမံဘ႑ာဝန္ႀကီးနဲ႔ ယူနန္ျပည္နယ္ လင္ခ်ိဳင္းခ႐ိုင္ ဒုၿမိဳ႕ေတာ္ဝန္တို႔ ခ်င္းေ႐ႊေဟာ္ၿမိဳ႕မွာ ေတြ႕ၿပီး COVID ကာလနဲ႔ COVID အၿပီး တ႐ုတ္ရဲ႕ ကုန္သြယ္ေရး ကန႔္သတ္ခ်က္ေတြ ေျဖေလွ်ာ့ေပးဖို႔ ထပ္ညႇိႏႈိင္းခဲ့တာပါ။ က်ေနာ္ကေတာ့ ေဇာ္ထက္ပါ ရန္ကုန္ကေနေပးပို႔ခဲ့တာပါ။

ေဇာ္ထက္  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/china-myanmar-border-trading-/5438268.html
နယ်စပ်ကုန်သွယ်ရေး မမျှတမှုကိစ္စ ရှမ်းပြည်နယ်အစိုးရနဲ့ ယူနန်အာဏာပိုင်တို့ မကြာခင်ဆွေးနွေးမည် နယ်စပ်ကုန်သွယ်ရေး မမျှတမှုကိစ္စ ရှမ်းပြည်နယ်အစိုးရနဲ့ ယူနန်အာဏာပိုင်တို့ မကြာခင်ဆွေးနွေးမည် Reviewed by THITHTOOLWIN on 06:22 Rating: 5
Powered by Blogger.