ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေ တရုတ်လွှတ်တော် အတည်ပြုပြဌာန်း

တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်
(Unicode)⤵⤵⤵
တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်က ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေကြမ်းကို ဥပဒေအဖြစ်နဲ့ ဒီနေ့မှာ အတည်ပြုလိုက်ပါတယ်။ အခုလို ဥပဒေအဖြစ်နဲ့ အတည်ပြုလိုက်တာကြောင့် တရုတ်နိုင်ငံနဲ့ အမေရိကန်၊ ဗြိတိန်နိုင်ငံတို့ကြားမှာ ဆက်ဆံရေး တင်းမာလာပါတယ်။ နှစ်စဉ်ကျင်းပတဲ့ တရုတ် အမျိုးသားကွန်ဂရက်ရဲ့ ညီလာခံကို ဒီကနေ့အဆုံးသတ်ခဲ့ချိန်မှာ ဒီဥပဒေကြမ်းကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

အခုအတည်ပြုလိုက်တဲ့ အမျိုးသားလုံခြုံရေးဥပဒေက Basic Law လို့ခေါ်တဲ့ ဟောင်ကောင် အခြေခံဥပဒေကို အပြောင်းအလဲ လုပ်လိုက်တာပါပဲ။ အခုဥပဒေအရ နောက်ပိုင်းမှာ တရုတ်ခေါင်းဆောင်တွေက ဆုံးဖြတ်မယ့် အရေးယူဆောင်ရွက်ချက်တွေကို ဟောင်ကောင်အစိုးရအနေနဲ့ လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။

တရုတ်အစိုးရဘက်က ဒီဥပဒေကိုပြဌာန်းဖို့ လုပ်လာတဲ့အတွက် အမေရိကန်အနေနဲ့ ဟောင်ကောင်ကို တရုတ်အစိုးရလက်အောက်ကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ဒေသအဖြစ်နဲ့ ဆက်ဆံသွားတော့မှာ မဟုတ်ဘူးလို့ အမေရိကန်အစိုးရက ကြေငြာထားပါတယ်။

ဒီဥပဒေက ဟောင်ကောင်ပြည်သူတွေရဲ့ နိုင်ငံသားလွတ်လပ်ခွင့်ကို ထိခိုက်စေမှာဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကို ဖိနှိပ်ဖို့အတွက် အသုံးပြုလာနိုင်တယ်လို့ ဟောင်ကောင်က တက်ကြွလှုပ်ရှားသူတွေက ဝေဖန် ကန့်ကွက်ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
-----------------------------------------
(Zawgyi)⤵⤵⤵
ေဟာင္ေကာင္အမ်ိဳးသားလုံၿခဳံေရးဥပေဒ တ႐ုတ္လႊတ္ေတာ္ အတည္ျပဳျပဌာန္း

တ႐ုတ္အမ်ိဳးသားျပည္သူ႔ကြန္ဂရက္က ေဟာင္ေကာင္ အမ်ိဳးသားလုံၿခဳံေရးဥပေဒၾကမ္းကို ဥပေဒအျဖစ္နဲ႔ ဒီေန႔မွာ အတည္ျပဳလိုက္ပါတယ္။ အခုလို ဥပေဒအျဖစ္နဲ႔ အတည္ျပဳလိုက္တာေၾကာင့္ တ႐ုတ္ႏိုင္ငံနဲ႔ အေမရိကန္၊ ၿဗိတိန္ႏိုင္ငံတို႔ၾကားမွာ ဆက္ဆံေရး တင္းမာလာပါတယ္။ ႏွစ္စဥ္က်င္းပတဲ့ တ႐ုတ္ အမ်ိဳးသားကြန္ဂရက္ရဲ႕ ညီလာခံကို ဒီကေန႔အဆုံးသတ္ခဲ့ခ်ိန္မွာ ဒီဥပေဒၾကမ္းကို အတည္ျပဳခဲ့တာျဖစ္ပါတယ္။

အခုအတည္ျပဳလိုက္တဲ့ အမ်ိဳးသားလုံၿခဳံေရးဥပေဒက Basic Law လို႔ေခၚတဲ့ ေဟာင္ေကာင္ အေျခခံဥပေဒကို အေျပာင္းအလဲ လုပ္လိုက္တာပါပဲ။ အခုဥပေဒအရ ေနာက္ပိုင္းမွာ တ႐ုတ္ေခါင္းေဆာင္ေတြက ဆုံးျဖတ္မယ့္ အေရးယူေဆာင္႐ြက္ခ်က္ေတြကို ေဟာင္ေကာင္အစိုးရအေနနဲ႔ လိုက္နာေဆာင္႐ြက္ရမွာျဖစ္ပါတယ္။

တ႐ုတ္အစိုးရဘက္က ဒီဥပေဒကိုျပဌာန္းဖို႔ လုပ္လာတဲ့အတြက္ အေမရိကန္အေနနဲ႔ ေဟာင္ေကာင္ကို တ႐ုတ္အစိုးရလက္ေအာက္ကေန ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတဲ့ေဒသအျဖစ္နဲ႔ ဆက္ဆံသြားေတာ့မွာ မဟုတ္ဘူးလို႔ အေမရိကန္အစိုးရက ေၾကျငာထားပါတယ္။

ဒီဥပေဒက ေဟာင္ေကာင္ျပည္သူေတြရဲ႕ ႏိုင္ငံသားလြတ္လပ္ခြင့္ကို ထိခိုက္ေစမွာျဖစ္ၿပီး ႏိုင္ငံေရးလႈပ္ရွားမႈေတြကို ဖိႏွိပ္ဖို႔အတြက္ အသုံးျပဳလာႏိုင္တယ္လို႔ ေဟာင္ေကာင္က တက္ႂကြလႈပ္ရွားသူေတြက ေဝဖန္ ကန႔္ကြက္ၾကပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/hong-kong-security-law/5439099.html
ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေ တရုတ်လွှတ်တော် အတည်ပြုပြဌာန်း ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေ တရုတ်လွှတ်တော် အတည်ပြုပြဌာန်း Reviewed by THITHTOOLWIN on 18:32 Rating: 5
Powered by Blogger.