အိုင်စီဂျေ လူမျိုးတုံးသတ်ဖြတ်မှု မြန်မာ နဲ့ ဂမ်ဘီယာ နှစ်ဖက် လျှောက်ထားချိန် ၃ လ ရွှေ့ဆိုင်း

အခုလို သုံးလ ရွှေ့ဆိုင်းပေးဖို့ ဂမ်ဘီယာဘက်က တရားရုံးကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။
(Unicode)⤵⤵⤵
လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားရာမှာ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် နှစ်ဖက် လျှောက်ထားရမယ့်အချိန်တွေကို တရားရုံးက သုံးလစီ နောက်ဆုတ်လိုက်တယ်လို့ ဂမ်ဘီယာနိုင်ငံဘက်က ဘီဘီစီကို ပြောပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု အမှုကြီးအတွက် Memorial လို့ခေါ်တဲ့ အဆိုလွှာကို ဂမ်ဘီယာဘက်က ဇူလိုင် ၂၃ မှာ တင်သွင်းဖို့ အမိန့်ချထားပေမယ့် အခုတော့ အောက်တိုဘာလကျမှ တင်သွင်းရမယ်လို့ သည်ဟိတ်ဂ်မြို့က အိုင်စီဂျေတရားရုံးမှာ ဂမ်ဘီယာကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ ဂမ်ဘီယာ တရားရေးဝန်ကြီး အဘူဘာကာ တမ်ဘာဒူက ဘီဘီစီကို ပြောပါတယ်။

မြန်မာဘက်က တင်သွင်းရမယ့် Counter-Memorial လို့ခေါ်တဲ့ ချေလွှာကိုလည်း မူလက ဇန်နဝါရီ ၂၃ သတ်မှတ်ထားပေမယ့် ၃ လ နောက်ကျပြီးမှ တင်ရမယ်လို့ မစ္စတာ တမ်ဘာဒူက ပြောပါတယ်။

အခုလို ရွှေ့ဆိုင်းလိုက်ရတာက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဂမ်ဘီယာဘက်က တရားရုံးကို မေတ္တာရပ်ခံခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

''ဂမ်ဘီယာကို ကိုယ်စားပြုဆောင်ရွက်နေတဲ့ ဥပဒေအကျိုးဆောင်ကုမ္ပဏီက အမေရိကန်နိုင်ငံမှာ အခြေစိုက်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် အမေရိကန်ရဲ့ တချို့အစိတ်အပိုင်းတွေမှာ လော့ခ်ဒေါင်း ချထားပါတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ ရှေ့နေတွေ အလုပ်လုပ်ဖို့ အလွန်အမင်း အခက်အခဲ ကြုံရပါတယ်'' လို့ မစ္စတာ တမ်ဘာဒူက ပြောပါတယ်။
မြန်မာဘက်က ပထမဆုံးအစီရင်ခံစာကို တရားရုံးထံ တင်သွင်းခဲ့ပါတယ်။
နောက်ပြီး ဂမ်ဘီယာနိုင်ငံမှာလည်း ကိုဗစ်-၁၉ ကြောင့် အရေးပေါ်အခြေအနေ ကြေညာထားတာကြောင့် ဒီအမှုအတွက် လုပ်ငန်းတွေကို ပြည့်ပြည့်ဝဝ ဆောင်ရွက်ဖို့ အခက်အခဲ ရှိတာကြောင့် တရားရုံးကို အဆိုလွှာ တင်သွင်းရက် ၃ လ နောက်ဆုတ်ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ သူက ပြောပါတယ်။

တရားရုံးဘက်က ခွင့်ပြုချက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျလာခဲ့တာ ဖြစ်တယ်လို့ ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာဘက်က ပြီးခဲ့တဲ့သတင်းပတ်ထဲကပဲ ICJ တရားရုံးရဲ့ ကြားဖြတ်စီမံဆောင်ရွက်ချက် အမိန့် လိုက်နာမှုနဲ့ပတ်သက်တဲ့ ပထမဆုံးအစီရင်ခံစာကို တရားရုံးထံ တင်သွင်းခဲ့ပါတယ်။

ဒီအစီရင်ခံစာကိုလည်း ဂမ်ဘီယာဘက်က လက်ခံရရှိထားပြီး လောလောဆယ် လေ့လာနေတုန်းပဲ ရှိသေးအတွက် မှတ်ချက် မပေးလိုပေမယ့် ဒီလို တရားရုံးအမိန့်အတိုင်း လိုက်နာဆောင်ရွက်တာက ကြိုဆိုရမယ့် အချက် ဖြစ်တယ်လို့ ဂမ်ဘီယာဝန်ကြီးက ဘီဘီစီကို ပြောပါတယ်။

BBC Burmese
--------------------------------------------
(Zawgyi)⤵⤵⤵
အိုင္စီေဂ် လူမ်ိဳးတုံးသတ္ျဖတ္မႈ ျမန္မာ နဲ႔ ဂမ္ဘီယာ ႏွစ္ဖက္ ေလွ်ာက္ထားခ်ိန္ ၃ လ ေ႐ႊ႕ဆိုင္း

လူမ်ိဳးတုံးသတ္ျဖတ္မႈ စြပ္စြဲခ်က္ေတြနဲ႔ ျမန္မာႏိုင္ငံကို ဂမ္ဘီယာႏိုင္ငံက တရားစြဲထားရာမွာ ကိုဗစ္-၁၉ ကပ္ေရာဂါအေျခအေနေၾကာင့္ ႏွစ္ဖက္ ေလွ်ာက္ထားရမယ့္အခ်ိန္ေတြကို တရား႐ုံးက သုံးလစီ ေနာက္ဆုတ္လိုက္တယ္လို႔ ဂမ္ဘီယာႏိုင္ငံဘက္က ဘီဘီစီကို ေျပာပါတယ္။

လူမ်ိဳးတုံးသတ္ျဖတ္မႈ အမႈႀကီးအတြက္ Memorial လို႔ေခၚတဲ့ အဆိုလႊာကို ဂမ္ဘီယာဘက္က ဇူလိုင္ ၂၃ မွာ တင္သြင္းဖို႔ အမိန္႔ခ်ထားေပမယ့္ အခုေတာ့ ေအာက္တိုဘာလက်မွ တင္သြင္းရမယ္လို႔ သည္ဟိတ္ဂ္ၿမိဳ႕က အိုင္စီေဂ်တရား႐ုံးမွာ ဂမ္ဘီယာကိုယ္စားလွယ္အျဖစ္ တက္ေရာက္ခဲ့သူ ဂမ္ဘီယာ တရားေရးဝန္ႀကီး အဘူဘာကာ တမ္ဘာဒူက ဘီဘီစီကို ေျပာပါတယ္။

ျမန္မာဘက္က တင္သြင္းရမယ့္ Counter-Memorial လို႔ေခၚတဲ့ ေခ်လႊာကိုလည္း မူလက ဇန္နဝါရီ ၂၃ သတ္မွတ္ထားေပမယ့္ ၃ လ ေနာက္က်ၿပီးမွ တင္ရမယ္လို႔ မစၥတာ တမ္ဘာဒူက ေျပာပါတယ္။

အခုလို ေ႐ႊ႕ဆိုင္းလိုက္ရတာက ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ဂမ္ဘီယာဘက္က တရား႐ုံးကို ေမတၱာရပ္ခံခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ ေျပာပါတယ္။

''ဂမ္ဘီယာကို ကိုယ္စားျပဳေဆာင္႐ြက္ေနတဲ့ ဥပေဒအက်ိဳးေဆာင္ကုမၸဏီက အေမရိကန္ႏိုင္ငံမွာ အေျခစိုက္ပါတယ္။ ကိုဗစ္-၁၉ ေၾကာင့္ အေမရိကန္ရဲ႕ တခ်ိဳ႕အစိတ္အပိုင္းေတြမွာ ေလာ့ခ္ေဒါင္း ခ်ထားပါတယ္။ ဒီအေျခအေနမွာ ကြၽန္ေတာ္တို႔ ေရွ႕ေနေတြ အလုပ္လုပ္ဖို႔ အလြန္အမင္း အခက္အခဲ ႀကဳံရပါတယ္'' လို႔ မစၥတာ တမ္ဘာဒူက ေျပာပါတယ္။

ေနာက္ၿပီး ဂမ္ဘီယာႏိုင္ငံမွာလည္း ကိုဗစ္-၁၉ ေၾကာင့္ အေရးေပၚအေျခအေန ေၾကညာထားတာေၾကာင့္ ဒီအမႈအတြက္ လုပ္ငန္းေတြကို ျပည့္ျပည့္ဝဝ ေဆာင္႐ြက္ဖို႔ အခက္အခဲ ရွိတာေၾကာင့္ တရား႐ုံးကို အဆိုလႊာ တင္သြင္းရက္ ၃ လ ေနာက္ဆုတ္ေပးဖို႔ ေမတၱာရပ္ခံခဲ့တယ္လို႔ သူက ေျပာပါတယ္။

တရား႐ုံးဘက္က ခြင့္ျပဳခ်က္ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္က က်လာခဲ့တာ ျဖစ္တယ္လို႔ ဂမ္ဘီယာ တရားေရးဝန္ႀကီးက ေျပာပါတယ္။

ျမန္မာဘက္က ၿပီးခဲ့တဲ့သတင္းပတ္ထဲကပဲ ICJ တရား႐ုံးရဲ႕ ၾကားျဖတ္စီမံေဆာင္႐ြက္ခ်က္ အမိန္႔ လိုက္နာမႈနဲ႔ပတ္သက္တဲ့ ပထမဆုံးအစီရင္ခံစာကို တရား႐ုံးထံ တင္သြင္းခဲ့ပါတယ္။

ဒီအစီရင္ခံစာကိုလည္း ဂမ္ဘီယာဘက္က လက္ခံရရွိထားၿပီး ေလာေလာဆယ္ ေလ့လာေနတုန္းပဲ ရွိေသးအတြက္ မွတ္ခ်က္ မေပးလိုေပမယ့္ ဒီလို တရား႐ုံးအမိန္႔အတိုင္း လိုက္နာေဆာင္႐ြက္တာက ႀကိဳဆိုရမယ့္ အခ်က္ ျဖစ္တယ္လို႔ ဂမ္ဘီယာဝန္ႀကီးက ဘီဘီစီကို ေျပာပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52794837
အိုင်စီဂျေ လူမျိုးတုံးသတ်ဖြတ်မှု မြန်မာ နဲ့ ဂမ်ဘီယာ နှစ်ဖက် လျှောက်ထားချိန် ၃ လ ရွှေ့ဆိုင်း အိုင်စီဂျေ လူမျိုးတုံးသတ်ဖြတ်မှု မြန်မာ နဲ့ ဂမ်ဘီယာ နှစ်ဖက် လျှောက်ထားချိန် ၃ လ ရွှေ့ဆိုင်း Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.