ကပ်ဘေးကြောင့် တောင်သူတွေ စိုက်စရိတ်ချေးငွေ ပြန်ဆပ်ဖို့ အခက်တွေ့နေ

(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုက်ပျိုးရေး ထုတ်ကုန်တွေရောင်းချမရဖြစ်နေတဲ့ တောင်သူတွေမှာ အစိုးရချေးငွေနဲ့ ပုဂ္ဂလိကချေးငွေတွေ ပြန်ဆပ်ဖို့အခက်အခဲရှိနေပြီး ဆပ်ရမယ့်ရက်ကို နောက်ဆုတ်ပေးဖို့ တောင်းဆိုနေကြ ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး  ဆောင်ရွက်နေတာတွေကြောင့် တောင်သူတွေရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ ပြည်ပတင်ပို့ခွင့်မှာ အခက်အခဲတွေရှိနေတဲ့အပြင် ပြည်တွင်းမှာရောင်းချတဲ့ သီးနှံတွေတော်တော်များများ မရောင်းရဖြစ်နေတာကြောင့် စိုက်ပျိုးစရိတ်တောင်မရဘဲ တောင်သူတွေ တောင်သူတွေ အရှုံးပေါ်နေတာ ဖြစ်ပါတယ်။

တောင်သူတွေချေးယူထားတဲ့ စိုက်ပျိုးရေး စရိတ်ချေးငွေတွေဟာ အခုမေလကုန်နဲ့ ဇွန်လတွေမှာ ပြန်လည်ပေးဆပ် ရတော့မှာ ဖြစ်ပါတယ်။

အစိုးရ လယ်ယာစိုက်ပျိုးရေးဘဏ်က ချေးငွေကို အခုမေလကုန်မှာ ပြန်ဆပ်ဖို့ နှိုးဆော်နေပြီး ဆပ်ဖို့ငွေမရှိဖြစ်နေ တယ်လို့ ဆားလင်းကြီးမြို့နယ် ငွေသာရွာက ကိုလေးမောင်က ပြောပါတယ်။

“လယ်တစ်ဧကကို တစ်သိန်း ပုံစံ ၇ အပ်ပြီးချေးရတာ ၈ သိန်း ၉ သိန်းလောက်ရတယ်၊ အခုရောဂါကြောင့် လုပ်ငန်းကိုင်ငန်းတွေက အဆင်မပြေ ရှိတာလေးရောင်းဆပ်နေရတာ၊ ဒီလကုန် နောက်ဆုံးလို့ပြောတယ်၊ ဆပ်ဖို့ရာ စဉ်းစားနေရတယ် စီစဉ်နေတယ်”

လယ်တစ်ဧကကို တစ်သိန်းနှုန်း အစိုးရ လယ်ယာစိုက်ပျိုးရေးဘဏ်က ထုတ်ချေးပေးတာဖြစ်ပြီး နှစ်စဉ် မေလမှာ ပြန်လည်ပေးဆပ်ရတယ်လို့ ဆိုပါတယ်။

အစိုးရ ချေးငွေတွေအပြင် ဓာတ်မြေသြဇာ ကုမ္ပဏီတွေမှာလည်း အကြွေးတွေ ကျန်ရှိနေသေးတယ်လို့ ပြောပါတယ်။

တချို့တောင်သူတွေက မြန်မာ့သြဘာကုမ္ပဏီရဲ့ မဟာစိုက်ပျိုးရေးချေးငွေလုပ်ငန်း၊ မြစိမ်းရောင်ချေးငွေလုပ်ငန်း၊ UMDP ချေးငွေလုပ်ငန်း စတဲ့ ပုဂ္ဂလိက ချေးငွေလုပ်ငန်းတွေက ငွေတွေချေးယူထားပြီး အခုမေလနဲ့ ဇွန်လမှာ ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။

ပြန်ပေးနိုင်ဖို့အခက်အခဲဖြစ်နေလို့ ကုမ္ပဏီတွေကို ချေးငွေနောက်ဆုတ်ပေးဖို့ တောင်းပန်နေရတယ်လို့ ရှမ်းပြည်နယ် နောင်တယားက ဦးခွန်စန်းဦးက ပြောပါတယ်။

“ခက်ခဲနေကြတာ ချေးငွေကို နောက်ဆုတ်ပေးဖို့ တောင်းပန်နေတယ်၊ အခုက ပြန်ပေးပါဆိုတဲ့ ရက်မရောက်သေးတော့ ဘာမှပြောမရသေးဘူး၊ ပေးရမယ့်ရက် ရောက်ရင်တော့ ဘယ်လိုလာမလဲ မသိသေးဘူး”

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးသက်ရောက်မှု ကုစားရေး ကော်မတီအနေနဲ့ တောင်သူတွေအတွက် ချေးငွေပေးဖို့ လုပ်ငန်းဆောင်ရွက်ချက်မှာ မပါရှိသေးပါဘူး။

တောင်သူတွေအတွက် လယ်ယာစိုက်ပျိုးရေးဘဏ်က အဓိကလုပ်ဆောင်နေတာဖြစ်ပြီး ကော်မတီက လတ်တလော ဆောင်ရွက်ချက်မှာ တောင်သူတွေအတွက် မပါရှိသေးဘူးလို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးသက်ရောက်မှု ကုစားရေးကော်မတီက ဦးအောင်နိုင်ဦးက ပြောပါတယ်။

“တောင်သူတွေ ထုတ်ချေးတဲ့ချေးငွေက မြန်မာလယ်ယာကဏ္ဍကကိုင်တာ  ကျွန်တော်တို့ ထုတ်ချေးတာက SME၊ CMP နဲ့ ဟိုတယ်ခရီးပေါ့၊ လျှာထားတဲ့ ဘီလီယံ ၁၀၀ က အဲကဏ္ဍ သုံးခုပဲ၊ အဲဒါပြီးရင် နောက်ပိုင်းကဏ္ဍ တွေ ထပ်ချဲ့ဖို့ရှိပါတယ်။ တောင်သူလယ်သမား  ချေးငွေကတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က  တိုက်ရိုက်ကိုင်ပါတယ်”

တောင်သူတွေရဲ့ ချေးငွေနဲ့ပတ်သက်ပြီး ဆောင်ရွက်မယ့် အခြေအနေကို စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ရှိသူတွေကို မေးမြန်းဖို့ မေလ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့ ဒီနေ့အထိ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

လက်ရှိမှာ ဖရဲ၊ သခွား၊ ပြောင်းဖူး၊ ခရမ်းချဉ်၊ သရက်သီး၊ ဂေါ်ဖီနဲ့ အာလူးစိုက်တောင်သူတွေဟာ သီးနှံပေါ်ပြီး တရုတ်ဈေးကွက် ဝယ်သူမရှိတဲ့အပြင် ပြည်တွင်းမှာလည်း ရောင်းချလို့မရတဲ့  ဈေးကွက်အခြေအနေကြောင့် စိုက်ပျိုးရေးစရိတ်တွေ ဆုံးရှုံးနေကြရတာ ဖြစ်ပါတယ်။

ဝေယံမိုးမြင့် / RFA Burmese
--------------------------------------------

(Zawgyi)⤵⤵⤵
ကပ္ေဘးေၾကာင့္ ေတာင္သူေတြ စိုက္စရိတ္ေခ်းေငြ ျပန္ဆပ္ဖို႔ အခက္ေတြ႕ေန

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စိုက္ပ်ိဳးေရး ထုတ္ကုန္ေတြေရာင္းခ်မရျဖစ္ေနတဲ့ ေတာင္သူေတြမွာ အစိုးရေခ်းေငြနဲ႔ ပုဂၢလိကေခ်းေငြေတြ ျပန္ဆပ္ဖို႔အခက္အခဲရွိေနၿပီး ဆပ္ရမယ့္ရက္ကို ေနာက္ဆုတ္ေပးဖို႔ ေတာင္းဆိုေနၾက ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး  ေဆာင္႐ြက္ေနတာေတြေၾကာင့္ ေတာင္သူေတြရဲ႕ စိုက္ပ်ိဳးေရးထုတ္ကုန္ေတြ ျပည္ပတင္ပို႔ခြင့္မွာ အခက္အခဲေတြရွိေနတဲ့အျပင္ ျပည္တြင္းမွာေရာင္းခ်တဲ့ သီးႏွံေတြေတာ္ေတာ္မ်ားမ်ား မေရာင္းရျဖစ္ေနတာေၾကာင့္ စိုက္ပ်ိဳးစရိတ္ေတာင္မရဘဲ ေတာင္သူေတြ ေတာင္သူေတြ အရႈံးေပၚေနတာ ျဖစ္ပါတယ္။

ေတာင္သူေတြေခ်းယူထားတဲ့ စိုက္ပ်ိဳးေရး စရိတ္ေခ်းေငြေတြဟာ အခုေမလကုန္နဲ႔ ဇြန္လေတြမွာ ျပန္လည္ေပးဆပ္ ရေတာ့မွာ ျဖစ္ပါတယ္။

အစိုးရ လယ္ယာစိုက္ပ်ိဳးေရးဘဏ္က ေခ်းေငြကို အခုေမလကုန္မွာ ျပန္ဆပ္ဖို႔ ႏႈိးေဆာ္ေနၿပီး ဆပ္ဖို႔ေငြမရွိျဖစ္ေန တယ္လို႔ ဆားလင္းႀကီးၿမိဳ႕နယ္ ေငြသာ႐ြာက ကိုေလးေမာင္က ေျပာပါတယ္။

“လယ္တစ္ဧကကို တစ္သိန္း ပုံစံ ၇ အပ္ၿပီးေခ်းရတာ ၈ သိန္း ၉ သိန္းေလာက္ရတယ္၊ အခုေရာဂါေၾကာင့္ လုပ္ငန္းကိုင္ငန္းေတြက အဆင္မေျပ ရွိတာေလးေရာင္းဆပ္ေနရတာ၊ ဒီလကုန္ ေနာက္ဆုံးလို႔ေျပာတယ္၊ ဆပ္ဖို႔ရာ စဥ္းစားေနရတယ္ စီစဥ္ေနတယ္”

လယ္တစ္ဧကကို တစ္သိန္းႏႈန္း အစိုးရ လယ္ယာစိုက္ပ်ိဳးေရးဘဏ္က ထုတ္ေခ်းေပးတာျဖစ္ၿပီး ႏွစ္စဥ္ ေမလမွာ ျပန္လည္ေပးဆပ္ရတယ္လို႔ ဆိုပါတယ္။

အစိုးရ ေခ်းေငြေတြအျပင္ ဓာတ္ေျမၾသဇာ ကုမၸဏီေတြမွာလည္း အေႂကြးေတြ က်န္ရွိေနေသးတယ္လို႔ ေျပာပါတယ္။

တခ်ိဳ႕ေတာင္သူေတြက ျမန္မာ့ၾသဘာကုမၸဏီရဲ႕ မဟာစိုက္ပ်ိဳးေရးေခ်းေငြလုပ္ငန္း၊ ျမစိမ္းေရာင္ေခ်းေငြလုပ္ငန္း၊ UMDP ေခ်းေငြလုပ္ငန္း စတဲ့ ပုဂၢလိက ေခ်းေငြလုပ္ငန္းေတြက ေငြေတြေခ်းယူထားၿပီး အခုေမလနဲ႔ ဇြန္လမွာ ျပန္လည္ေပးဆပ္ရမွာ ျဖစ္ပါတယ္။

ျပန္ေပးႏိုင္ဖို႔အခက္အခဲျဖစ္ေနလို႔ ကုမၸဏီေတြကို ေခ်းေငြေနာက္ဆုတ္ေပးဖို႔ ေတာင္းပန္ေနရတယ္လို႔ ရွမ္းျပည္နယ္ ေနာင္တယားက ဦးခြန္စန္းဦးက ေျပာပါတယ္။

“ခက္ခဲေနၾကတာ ေခ်းေငြကို ေနာက္ဆုတ္ေပးဖို႔ ေတာင္းပန္ေနတယ္၊ အခုက ျပန္ေပးပါဆိုတဲ့ ရက္မေရာက္ေသးေတာ့ ဘာမွေျပာမရေသးဘူး၊ ေပးရမယ့္ရက္ ေရာက္ရင္ေတာ့ ဘယ္လိုလာမလဲ မသိေသးဘူး”

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးသက္ေရာက္မႈ ကုစားေရး ေကာ္မတီအေနနဲ႔ ေတာင္သူေတြအတြက္ ေခ်းေငြေပးဖို႔ လုပ္ငန္းေဆာင္႐ြက္ခ်က္မွာ မပါရွိေသးပါဘူး။

ေတာင္သူေတြအတြက္ လယ္ယာစိုက္ပ်ိဳးေရးဘဏ္က အဓိကလုပ္ေဆာင္ေနတာျဖစ္ၿပီး ေကာ္မတီက လတ္တေလာ ေဆာင္႐ြက္ခ်က္မွာ ေတာင္သူေတြအတြက္ မပါရွိေသးဘူးလို႔ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးသက္ေရာက္မႈ ကုစားေရးေကာ္မတီက ဦးေအာင္ႏိုင္ဦးက ေျပာပါတယ္။

“ေတာင္သူေတြ ထုတ္ေခ်းတဲ့ေခ်းေငြက ျမန္မာလယ္ယာက႑ကကိုင္တာ  ကြၽန္ေတာ္တို႔ ထုတ္ေခ်းတာက SME၊ CMP နဲ႔ ဟိုတယ္ခရီးေပါ့၊ လွ်ာထားတဲ့ ဘီလီယံ ၁၀၀ က အဲက႑ သုံးခုပဲ၊ အဲဒါၿပီးရင္ ေနာက္ပိုင္းက႑ ေတြ ထပ္ခ်ဲ႕ဖို႔ရွိပါတယ္။ ေတာင္သူလယ္သမား  ေခ်းေငြကေတာ့ ကြၽန္ေတာ္တို႔နဲ႔ မဆိုင္ဘူး၊ ျမန္မာ့လယ္ယာ ဖြံ႕ၿဖိဳးေရးဘဏ္က  တိုက္႐ိုက္ကိုင္ပါတယ္”

ေတာင္သူေတြရဲ႕ ေခ်းေငြနဲ႔ပတ္သက္ၿပီး ေဆာင္႐ြက္မယ့္ အေျခအေနကို စိုက္ပ်ိဳးေရး ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက တာဝန္ရွိသူေတြကို ေမးျမန္းဖို႔ ေမလ ၂၅ ရက္ေန႔နဲ႔ ၂၆ ရက္ေန႔ ဒီေန႔အထိ ဆက္သြယ္ခဲ့ေပမယ့္ ျပန္လည္ေျဖၾကားျခင္း မရွိပါဘူး။

လက္ရွိမွာ ဖရဲ၊ သခြား၊ ေျပာင္းဖူး၊ ခရမ္းခ်ဥ္၊ သရက္သီး၊ ေဂၚဖီနဲ႔ အာလူးစိုက္ေတာင္သူေတြဟာ သီးႏွံေပၚၿပီး တ႐ုတ္ေဈးကြက္ ဝယ္သူမရွိတဲ့အျပင္ ျပည္တြင္းမွာလည္း ေရာင္းခ်လို႔မရတဲ့  ေဈးကြက္အေျခအေနေၾကာင့္ စိုက္ပ်ိဳးေရးစရိတ္ေတြ ဆုံးရႈံးေနၾကရတာ ျဖစ္ပါတယ္။

ေဝယံမိုးျမင့္ / RFA Burmese
https://www.rfa.org/burmese/news/farmers-loans-05262020034535.html
ကပ်ဘေးကြောင့် တောင်သူတွေ စိုက်စရိတ်ချေးငွေ ပြန်ဆပ်ဖို့ အခက်တွေ့နေ ကပ်ဘေးကြောင့် တောင်သူတွေ စိုက်စရိတ်ချေးငွေ ပြန်ဆပ်ဖို့ အခက်တွေ့နေ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.