ဟောင်ကောင်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နှိမ်နင်း

ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့နေသည့် ဟောင်ကောင် ရဲတပ်ဖွဲ့ဝင်များ။ (မေ ၂၄၊ ၂၀၂၀)
(Zawgyi / Unicode)

ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေး ဥပဒေသစ် ပြဋ္ဌာန်းဖို့ အဆိုပြုချက်အပေါ် ကန့်ကွက်နေကြတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ ငရုတ်ကောင်းရည်တွေသုံးပြီး နှိမ်နင်းခဲ့ပါတယ်။
ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြနေသူများ။ (မေ ၂၄၊ ၂၀၂၀)
လုံခြုံရေးဥပဒေမူကြမ်းဟာ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်တွေကို ထိခိုက်နိုင်တယ်ဆိုပြီး လူပေါင်းရာနဲ့ချီ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတွေဟာ ဒီမိုကရေစီရေး ဆောင်ပုဒ်တွေကို ကြွေးကြော်ခဲ့ကြသလို ရဲတပ်ဖွဲ့ကလည်း လူစုလူဝေးလုပ်တာ ဥပဒေနဲ့ မညီကြောင်းနဲ့ လူစုခွဲကြဖို့ အသံချဲ့စက်တွေနဲ့ သတိပေးခဲ့ပါတယ်။

ခွဲထွက်ရေးနဲ့ အဖျက်အမှောင့် လှုပ်ရှားမှုတွေ၊ ပြည်ပကြားဝင်စွက်ဖက်မှုနဲ့ အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟောင်ကောင်မှာ လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းဖို့ တရုတ်နိုင်ငံက လွှတ်တော်မှာ သောကြာနေ့ကပဲ အဆိုပြုခဲ့တာပါ။

အမေရိကန် လွှတ်တော်အမတ် ၁၇ ဦး အပါအဝင် ကမ္ဘာတဝန်းက ထင်ရှားတဲ့ နိုင်ငံရေးသမား ၂၀၀ လောက် လက်မှတ်ရေးထိုးထားပြီး မနေ့တုန်းကပဲ ထုတ်ပြန်လိုက်တဲ့ ပူးတွဲကြေညာချက်ထဲမှာတော့ ဥပဒေမူကြမ်းဟာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ထိပါးစော်ကားရာ ရောက်ကြောင်းနဲ့ တနိုင်ငံ စနစ်နှစ်ခုမူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ကြောင်း ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
---------------------------------------
(Zawgyi)⤵⤵⤵
ေဟာင္ေကာင္မွာ ဆႏၵျပသူေတြကို ရဲတပ္ဖြဲ႕ႏွိမ္နင္း

ေဟာင္ေကာင္မွာ အမ်ိဳးသားလုံၿခဳံေရး ဥပေဒသစ္ ျပ႒ာန္းဖို႔ အဆိုျပဳခ်က္အေပၚ ကန႔္ကြက္ေနၾကတဲ့ ဆႏၵျပသူေတြကို လုံၿခဳံေရးတပ္ဖြဲ႕ေတြက မ်က္ရည္ယိုဗုံးေတြ၊ င႐ုတ္ေကာင္းရည္ေတြသုံးၿပီး ႏွိမ္နင္းခဲ့ပါတယ္။

လုံၿခဳံေရးဥပေဒမူၾကမ္းဟာ ေဟာင္ေကာင္ရဲ႕ လြတ္လပ္ခြင့္ေတြကို ထိခိုက္ႏိုင္တယ္ဆိုၿပီး လူေပါင္းရာနဲ႔ခ်ီ ဆႏၵျပခဲ့ၾကတာပါ။

ဆႏၵျပသူေတြဟာ ဒီမိုကေရစီေရး ေဆာင္ပုဒ္ေတြကို ေႂကြးေၾကာ္ခဲ့ၾကသလို ရဲတပ္ဖြဲ႕ကလည္း လူစုလူေဝးလုပ္တာ ဥပေဒနဲ႔ မညီေၾကာင္းနဲ႔ လူစုခြဲၾကဖို႔ အသံခ်ဲ႕စက္ေတြနဲ႔ သတိေပးခဲ့ပါတယ္။

ခြဲထြက္ေရးနဲ႔ အဖ်က္အေမွာင့္ လႈပ္ရွားမႈေတြ၊ ျပည္ပၾကားဝင္စြက္ဖက္မႈနဲ႔ အၾကမ္းဖက္မႈေတြကို တားဆီးကာကြယ္ဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ေဟာင္ေကာင္မွာ လုံၿခဳံေရးဥပေဒသစ္ ျပ႒ာန္းဖို႔ တ႐ုတ္ႏိုင္ငံက လႊတ္ေတာ္မွာ ေသာၾကာေန႔ကပဲ အဆိုျပဳခဲ့တာပါ။

အေမရိကန္ လႊတ္ေတာ္အမတ္ ၁၇ ဦး အပါအဝင္ ကမာၻတဝန္းက ထင္ရွားတဲ့ ႏိုင္ငံေရးသမား ၂၀၀ ေလာက္ လက္မွတ္ေရးထိုးထားၿပီး မေန႔တုန္းကပဲ ထုတ္ျပန္လိုက္တဲ့ ပူးတြဲေၾကညာခ်က္ထဲမွာေတာ့ ဥပေဒမူၾကမ္းဟာ ေဟာင္ေကာင္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး၊ တရားဥပေဒစိုးမိုးေရးနဲ႔ အေျခခံလြတ္လပ္ခြင့္ေတြကို ထိပါးေစာ္ကားရာ ေရာက္ေၾကာင္းနဲ႔ တႏိုင္ငံ စနစ္ႏွစ္ခုမူကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ရာေရာက္ေၾကာင္း ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
https://burmese.voanews.com/a/hong-kong-police-tear-gas-demonstrators/5433566.html
ဟောင်ကောင်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နှိမ်နင်း ဟောင်ကောင်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နှိမ်နင်း Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.