ရွှေကျင်က ဝန်ထမ်း ၃ ဦးကို အဂတိကော်မရှင် အမှုဖွင့်


(Unicode)⤵⤵⤵
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ဝန်ထမ်း သုံးဦးဟာ မြေပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းကိစ္စတွေ ပြုလုပ်ပေးရာမှာ တောင်သူတွေဆီက ငွေကြေး လက်ခံခဲ့ကြောင်း စစ်ဆေးတွေ့ရှိရလို့ အမှုဖွင့် အရေးယူထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

တစ်ဧကကို ကျပ်တစ်သောင်းနှုန်းနဲ့ စုစုပေါင်း ၉၂ သိန်း တောင်းခံခဲ့တယ်လို့ စွပ်စွဲခံထားရသူတွေကတော့ အဲဒီဌာနရဲ့ မြို့နယ်ဦးစီးမှူး ဦးရဲထွဋ်အောင်၊ လက်ထောက်ဦးစီးမှူး ဦးနွယ်မင်းသန်း နဲ့ မြေတိုင်း ဝန်ထမ်း ဦးသန်းဇော်မင်း တို့ ဖြစ်ပါတယ်။

ရွှေကျင်မြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ သောကြာနေ့ မေလ ၂၂ ရက်နေ့က  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ နဲ့ အမှုဖွင့်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပုဒ်မ ၅၆ ဟာ ပြစ်မှုထင်ရှားတယ်ဆိုရင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။
ကော်မရှင်က ဒီလထဲမှာပဲ အဲဒီပုဒ်မနဲ့ အမှုဖွင့် အရေးယူခဲ့တဲ့ နှစ်မှု ရှိပါသေးတယ်။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က မြေတိုင်း ဝန်ထမ်း ဦးမင်းမင်းလတ်၊  ပဲခူးတိုင်း လက်စွပ်ကျ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကိုကိုတို့ကို အဂတိလိုက်စားမှု စွပ်စွဲချက်နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

RFA Burmese
------------------------------------------
(Zawgyi)⤵⤵⤵
ေ႐ႊက်င္က ဝန္ထမ္း ၃ ဦးကို အဂတိေကာ္မရွင္ အမႈဖြင့္

ပဲခူးတိုင္း၊ ေ႐ႊက်င္ၿမိဳ႕နယ္ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္း ဦးစီးဌာန ဝန္ထမ္း သုံးဦးဟာ ေျမပိုင္ဆိုင္မႈအေထာက္အထား စာ႐ြက္စာတမ္းကိစၥေတြ ျပဳလုပ္ေပးရာမွာ ေတာင္သူေတြဆီက ေငြေၾကး လက္ခံခဲ့ေၾကာင္း စစ္ေဆးေတြ႕ရွိရလို႔ အမႈဖြင့္ အေရးယူထားတယ္လို႔ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က ဒီကေန႔ သတင္းထုတ္ျပန္လိုက္ပါတယ္။

တစ္ဧကကို က်ပ္တစ္ေသာင္းႏႈန္းနဲ႔ စုစုေပါင္း ၉၂ သိန္း ေတာင္းခံခဲ့တယ္လို႔ စြပ္စြဲခံထားရသူေတြကေတာ့ အဲဒီဌာနရဲ႕ ၿမိဳ႕နယ္ဦးစီးမႉး ဦးရဲထြဋ္ေအာင္၊ လက္ေထာက္ဦးစီးမႉး ဦးႏြယ္မင္းသန္း နဲ႔ ေျမတိုင္း ဝန္ထမ္း ဦးသန္းေဇာ္မင္း တို႔ ျဖစ္ပါတယ္။

ေ႐ႊက်င္ၿမိဳ႕မရဲစခန္းမွာ ၿပီးခဲ့တဲ့ ေသာၾကာေန႔ ေမလ ၂၂ ရက္ေန႔က  အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၆ နဲ႔ အမႈဖြင့္ခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ပုဒ္မ ၅၆ ဟာ ျပစ္မႈထင္ရွားတယ္ဆိုရင္ အျမင့္ဆုံးျပစ္ဒဏ္အျဖစ္ ေထာင္ ၁၀ ႏွစ္အထိ ခ်မွတ္ႏိုင္တဲ့ ပုဒ္မ ျဖစ္ပါတယ္။
ေကာ္မရွင္က ဒီလထဲမွာပဲ အဲဒီပုဒ္မနဲ႔ အမႈဖြင့္ အေရးယူခဲ့တဲ့ ႏွစ္မႈ ရွိပါေသးတယ္။

မေကြးတိုင္း၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္က ေျမတိုင္း ဝန္ထမ္း ဦးမင္းမင္းလတ္၊  ပဲခူးတိုင္း လက္စြပ္က် ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေအးကိုကိုတို႔ကို အဂတိလိုက္စားမႈ စြပ္စြဲခ်က္နဲ႔ အမႈဖြင့္ထားတာ ျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
ရွှေကျင်က ဝန်ထမ်း ၃ ဦးကို အဂတိကော်မရှင် အမှုဖွင့် ရွှေကျင်က ဝန်ထမ်း ၃ ဦးကို အဂတိကော်မရှင် အမှုဖွင့် Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.