အရှေ့တောင်အာရှ နိုင်ငံတချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆက်လက်ဖြစ်ပွား


(Unicode)⤵⤵⤵
အာရှဘက်မှာတော့ စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၅၄၈ ယောက် ထပ်မံတွေ့ရှိခဲ့တယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ပြောကြားလိုက်ပါတယ်။ ဒါကြောင့် အခုဆိုရင် စင်ကာပူမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၁၆၁၆ ယောက်ထက်မနည်း ရှိသွားပြီဖြစ်ပါတယ်။

ကူးစက်ခံရသူတွေထဲက အများစုဟာ အဆောင်မှာနေတဲ့ နိုင်ငံခြားက အလုပ်လာလုပ်တဲ့သူတွေ ဖြစ်ကြပြီး ၃ ယောက်ကတော့ အမြဲတမ်းနေထိုင်ခွင့် ရထားတဲ့သူတွေ ဖြစ်ကြပါတယ်။

မလေးရှားနိုင်ငံမှာတော့ နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀ ရှိတာကြောင့် စုစုပေါင်း ၇၂၄၅ ယောက်ထက်မနည်း ရှိသွားပြီလို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့သူ နောက်ထပ် ထပ်မတွေ့ရဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မေလ ၂၃ ရက်နေ့က ဓာတ်ခွဲနမူနာ ၄၆၈ ခုကို ဒုတိယအသုတ်အဖြစ် ထပ်မံစစ်ဆေးခဲ့တာ အပါအဝင် ဓာတ်ခွဲနမူနာ ၇၈၁ ခုကို စမ်းသပ်စစ်ဆေးခဲ့ပြီး ရောဂါကူးစက်ခံရသူ နောက်ထပ် တယောက်မှ ထပ်မတွေ့ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့မနက်မှာ ပြောကြားထားတာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၁ ယောက်၊ ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ ၁၂၀ နဲ့ သေဆုံးသူ ၆ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင်လည်း နောက်ထပ် ဗိုင်းရပ်စ်ကူးစက်ခံရသူ မရှိဘူးလို့ ပြောပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ အခုမေလအတွင်း နောက်ထပ် ဗိုင်းရပ်စ်ကူးစက်သူမရှိတာ ၄ ရက် ရှိသွားပြီဖြစ်တယ်လို့ ထိုင်းအစိုးရရဲ့ ဗိုင်းရပ်စ်ကာကွယ်တိုက်ဖျက်ရေးအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၀၄၀ နဲ့ သေဆုံးသူ ၅၆ ယောက် ရှိပါတယ်။

အီရန်နိုင်ငံမှာတော့ အသက် ၁၀၇ နှစ်အရွယ် အမျိုးသမီးတယောက်ဟာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးတဲ့နောက် အခုအခါမှာ နေပြန်ကောင်းလာပြီလို့ အီရန်ရဲ့ Fars သတင်းအေဂျင်စီက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
----------------------------------------
(Zawgyi)⤵⤵⤵
အေရွ႕ေတာင္အာရွ ႏုိင္ငံတခ်ဳိ႕ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈ ဆက္လက္ျဖစ္ပြား

အာရွဘက္မွာေတာ့ စင္ကာပူႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၅၄၈ ေယာက္ ထပ္မံေတြ႔ရွိခဲ့တယ္လို႔ စင္ကာပူ က်န္းမာေရး၀န္ႀကီးဌာနက ဒီေန႔ ေျပာၾကားလိုက္ပါတယ္။ ဒါေၾကာင့္ အခုဆုိရင္ စင္ကာပူမွာ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၃၁၆၁၆ ေယာက္ထက္မနည္း ရွိသြားၿပီျဖစ္ပါတယ္။

ကူးစက္ခံရသူေတြထဲက အမ်ားစုဟာ အေဆာင္မွာေနတဲ့ ႏုိင္ငံျခားက အလုပ္လာလုပ္တဲ့သူေတြ ျဖစ္ၾကၿပီး ၃ ေယာက္ကေတာ့ အၿမဲတမ္းေနထိုင္ခြင့္ ရထားတဲ့သူေတြ ျဖစ္ၾကပါတယ္။

မေလးရွားႏုိင္ငံမွာေတာ့ ေနာက္ထပ္ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၆၀ ရွိတာေၾကာင့္ စုစုေပါင္း ၇၂၄၅ ေယာက္ထက္မနည္း ရွိသြားၿပီလို႔ မေလးရွား က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာလည္း ဗုိင္းရပ္စ္ကူးစက္ခံထားရတဲ့သူ ေနာက္ထပ္ ထပ္မေတြ႔ရဘူးလို႔ က်န္းမာေရး၀န္ႀကီးဌာနက ဒီေန႔မနက္ ၇ နာရီ သတင္းထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ေမလ ၂၃ ရက္ေန႔က ဓာတ္ခဲြနမူနာ ၄၆၈ ခုကို ဒုတိယအသုတ္အျဖစ္ ထပ္မံစစ္ေဆးခဲ့တာ အပါအ၀င္ ဓာတ္ခဲြနမူနာ ၇၈၁ ခုကို စမ္းသပ္စစ္ေဆးခဲ့ၿပီး ေရာဂါကူးစက္ခံရသူ ေနာက္ထပ္ တေယာက္မွ ထပ္မေတြ႔ဘူးလို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီကေန႔မနက္မွာ ေျပာၾကားထားတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ျမန္မာႏုိင္ငံမွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၂၀၁ ေယာက္၊ ကုသမႈခံယူၿပီး ေရာဂါပိုးကင္းစင္လာသူ ၁၂၀ နဲ႔ ေသဆုံးသူ ၆ ေယာက္ရွိတယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

ဒါ့အျပင္ ျမန္မာႏုိင္ငံရဲ႕ အိမ္နီးခ်င္း ထုိင္းႏုိင္ငံမွာဆုိရင္လည္း ေနာက္ထပ္ ဗုိင္းရပ္စ္ကူးစက္ခံရသူ မရွိဘူးလို႔ ေျပာပါတယ္။ ဒါေၾကာင့္ ထုိင္းႏုိင္ငံမွာ အခုေမလအတြင္း ေနာက္ထပ္ ဗုိင္းရပ္စ္ကူးစက္သူမရွိတာ ၄ ရက္ ရွိသြားၿပီျဖစ္တယ္လို႔ ထုိင္းအစိုးရရဲ႕ ဗုိင္းရပ္စ္ကာကြယ္တုိက္ဖ်က္ေရးအဖဲြ႔ ေျပာခြင့္ရက ေျပာပါတယ္။ ထုိင္းႏုိင္ငံမွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၃၀၄၀ နဲ႔ ေသဆုံးသူ ၅၆ ေယာက္ ရွိပါတယ္။

အီရန္ႏုိင္ငံမွာေတာ့ အသက္ ၁၀၇ ႏွစ္အရြယ္ အမ်ိဳးသမီးတေယာက္ဟာ ဗုိင္းရပ္စ္ ကူးစက္ခံခဲ့ရၿပီးတဲ့ေနာက္ အခုအခါမွာ ေနျပန္ေကာင္းလာၿပီလို႔ အီရန္ရဲ႕ Fars သတင္းေအဂ်င္စီက ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/covid19-south-east-asia/5433660.html
အရှေ့တောင်အာရှ နိုင်ငံတချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆက်လက်ဖြစ်ပွား အရှေ့တောင်အာရှ နိုင်ငံတချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဆက်လက်ဖြစ်ပွား Reviewed by THITHTOOLWIN on 06:36 Rating: 5
Powered by Blogger.