ကန့်သတ်ချက်တချို့ကို ဇွန် ၁ ရက်ကစပြီး ဖြေလျှော့ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ဒေါ်အောင်ဆန်းစုကြည်က ဖြေလျှော့ပေးမယ်ဆိုပေမယ့် ကိုဗစ်ထိန်းချုပ်ရေးဗဟိုကော်မတီကတော့ ကန့်သတ်ချက်တွေကို ဇွန်လလယ်ထိ ထပ်တိုးထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါမပြန့်ပွားရေးအတွက် မေ ၃၁ ရက်အထိ ချမှတ်ထားတဲ့ သတ်မှတ်ချက်တချို့ကို ဇွန် ၁ ရက်ကစပြီး ဖြေလျှော့ပေးမယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

သတိကြီးစွာနဲ့ နိုင်ငံရဲ့ ယန္တရား ပြည့်ဝစွာ ပြန်လည်ပတ်နိုင်ရေးကို ဦးတည်တယ်လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ မေ ၂၈ ရက်ညနေပိုင်းကရေးသားထားပါတယ်။

အဲဒီဖြေလျှော့မှုတွေကို စည်းကမ်းလိုက်နာခြင်းအားဖြင့် ကိုဗစ်ကို အနိုင်ရရေးအတွက် ဆက်ပြီးကူညီကြပါလို့ ပြည်သူကို မေတ္တာရပ်ခံထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဖြေလျှော့ပေးမယ်ဆိုပေမယ့် ဘယ်အချက်တွေကို ဖြေလျှော့မယ်ဆိုတာကိုတော့ အသေးစိတ် ရေးသားထားတာမရှိသေးပါဘူး။
ပြည်တွင်းမှာ ကူးစက်မှုအသစ်ထပ်မတွေ့တာ ၁၂ ရက်ရှိလာပါပြီ။
ဒါပေမဲ့သူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကိုဗစ်၁၉ ထိန်းချုပ်ကာကွယ်ရေးအမျိုးသားအဆင့် ဗဟိုကော်မတီကတော့ ကိုဗစ်နဲ့ပတ်သက်ပြီးထုတ်ပြန်ထားတဲ့အမိန့်နဲ့ ညွှန်ကြားချက်တွေကို ဇွန် ၁၅ ရက်အထိ ထပ်မံသက်တမ်းတိုးခဲ့ပါတယ်။

အဲဒီထဲမှာ ဖြေလျှော့ပေးထားတဲ့ကိစ္စတွေတော့မပါဘူးလို့ ထုတ်ပြန်ထားပေမယ့် ဘယ်အချက်တွေလဲဆိုတာတော့ ကြေညာချက်မှာ မဖော်ပြထားပါဘူး။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ ရန်ကုန်တိုင်းထဲက stay at home(အိမ်မှာပဲနေကြဖို့) ထုတ်ပြန်ထားတဲ့ မြို့နယ်လေးခုကို ပယ်ဖျက်ကြောင်းထုတ်ပြန်ပါတယ်။ အဲဒီမြို့နယ်တွေက ဗဟန်း၊ တောင်ဥက္ကလာ၊ ပန်းဘဲတန်းနဲ့ တာမွေမြို့နယ်ဖြစ်ပါတယ်။

Stay at home အစီအစဉ်ကို ယခင်က ရန်ကုန်က ဆယ်မြို့နယ်နဲ့ စစ်ကိုင်းက ကလေးတစ်မြို့နယ်တို့ကို သတ်မှတ်ထားတာပါ။ မေ ၁၄ ရက်မှာ ရန်ကုန်က လေးမြို့နယ်နဲ့ ကလေးတို့ကို ပယ်ဖျက် ပေးခဲ့ပါတယ်။

လက်ရှိမှာတော့ stay at home ကန့်သတ်ချက်ဟာ အင်းစိန်နဲ့ မရမ်းကုန်း နှစ်မြို့နယ်ပဲ ကျန်ရှိပါတော့တယ်။

ဒါ့အပြင် လူငါးဦးနဲ့ လူငါးဦးနဲ့အထက် စုဝေးနိုင်တဲ့ကိစ္စရပ်တွေကို ထပ်မံဖြည့်စွက်ခဲ့တာဖြစ်ပြီး အစိုးရရုံး၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်တာ၊ စာသင်ကျောင်းတွေ ၊ အစည်းအဝေး တွေပြုလုပ်တာနဲ့ သင်တန်းတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန စည်းကမ်းချက်တွေနဲ့အညီ ကျင်းပတာ၊ ဖွင့်လှစ်ခွင့်ပြုထားတဲ့ စားသောက်ဆိုင်တွေမှာ စားသောက်တာ စတဲ့ကိစ္စတွေ ပါဝင်ပါတယ်။ မရှိမဖြစ်လုပ်ငန်းတွေနဲ့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေ၊ အများပြည်သူအတွက်လိုအပ်တဲ့လုပ်ငန်းတွေလုပ်ကိုင်တဲ့ ကိစ္စရပ်တွေလည်း အကျုံးဝင်မှာဖြစ်ပါတယ်။
လ္ဘက်ရည်ဆိုင်တွေမှာစားသောက်ပြီးရင် နှာခေါင်းစည်းပြန်တပ်ပြီးလက်ပြန်ဆေးဖို့ သတိပေးစာတွေကပ်ထားပေးပါတယ်။
ဒါကြောင့် ကိုဗစ်၁၉ ထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်၊ ပန်ကြားချက်နဲ့ အမိန့်တွေထဲကနေ ဖြေလျှော့ပေးတဲ့ကိစ္စတွေကို ဖယ်လိုက်တဲ့အခါ လူစုလူဝေးနဲ့ ပြုလုပ်မယ့် ပွဲလမ်းသဘင်အခမ်းအနားတွေကျင်းပခွင့်ကို ဆက်တက်ကန့်သတ်ထားမှာဖြစ်ပြီး ရုပ်ရှင်ရုံ၊ နိုက်ကလပ်တွေကိုတော့ ဆက်ပိတ်ထားဦးမှာဖြစ်ပါတယ်။

ပြည်ပခရီးသွားတွေကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းထားဦးမှာဖြစ်ပြီး နိုင်ငံတကာလေယာဉ်တွေလည်း ဆင်းသက်ခွင့်ကို ဆက်ပိတ်ထားဦးမှာ ဖြစ်ပါတယ်။

BBC Burmese
------------------------------------------
(Zawgyi)⤵⤵⤵
ကန႔္သတ္ခ်က္တခ်ိဳ႕ကို ဇြန္ ၁ ရက္ကစၿပီး ေျဖေလွ်ာ့ေပးမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ကို႐ိုနာဗိုင္းရပ္စ္ ကိုဗစ္-၁၉ ေရာဂါမျပန႔္ပြားေရးအတြက္ ေမ ၃၁ ရက္အထိ ခ်မွတ္ထားတဲ့ သတ္မွတ္ခ်က္တခ်ိဳ႕ကို ဇြန္ ၁ ရက္ကစၿပီး ေျဖေလွ်ာ့ေပးမယ္လို႔ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကေျပာပါတယ္။

သတိႀကီးစြာနဲ႔ ႏိုင္ငံရဲ႕ ယႏၲရား ျပည့္ဝစြာ ျပန္လည္ပတ္ႏိုင္ေရးကို ဦးတည္တယ္လို႔လည္း သူ႔ရဲ႕ ေဖ့စ္ဘြတ္ခ္အေကာင့္မွာ ေမ ၂၈ ရက္ညေနပိုင္းကေရးသားထားပါတယ္။

အဲဒီေျဖေလွ်ာ့မႈေတြကို စည္းကမ္းလိုက္နာျခင္းအားျဖင့္ ကိုဗစ္ကို အႏိုင္ရေရးအတြက္ ဆက္ၿပီးကူညီၾကပါလို႔ ျပည္သူကို ေမတၱာရပ္ခံထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က ေျဖေလွ်ာ့ေပးမယ္ဆိုေပမယ့္ ဘယ္အခ်က္ေတြကို ေျဖေလွ်ာ့မယ္ဆိုတာကိုေတာ့ အေသးစိတ္ ေရးသားထားတာမရွိေသးပါဘူး။

ဒါေပမဲ့သူ ဥကၠ႒အျဖစ္ တာဝန္ယူထားတဲ့ ကိုဗစ္၁၉ ထိန္းခ်ဳပ္ကာကြယ္ေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီကေတာ့ ကိုဗစ္နဲ႔ပတ္သက္ၿပီးထုတ္ျပန္ထားတဲ့အမိန႔္နဲ႔ ၫႊန္ၾကားခ်က္ေတြကို ဇြန္ ၁၅ ရက္အထိ ထပ္မံသက္တမ္းတိုးခဲ့ပါတယ္။

အဲဒီထဲမွာ ေျဖေလွ်ာ့ေပးထားတဲ့ကိစၥေတြေတာ့မပါဘူးလို႔ ထုတ္ျပန္ထားေပမယ့္ ဘယ္အခ်က္ေတြလဲဆိုတာေတာ့ ေၾကညာခ်က္မွာ မေဖာ္ျပထားပါဘူး။

က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက မေန႔က ထုတ္ျပန္တဲ့ေၾကညာခ်က္မွာေတာ့ ရန္ကုန္တိုင္းထဲက stay at home(အိမ္မွာပဲေနၾကဖို႔) ထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္ေလးခုကို ပယ္ဖ်က္ေၾကာင္းထုတ္ျပန္ပါတယ္။ အဲဒီၿမိဳ႕နယ္ေတြက ဗဟန္း၊ ေတာင္ဥကၠလာ၊ ပန္းဘဲတန္းနဲ႔ တာေမြၿမိဳ႕နယ္ျဖစ္ပါတယ္။

Stay at home အစီအစဥ္ကို ယခင္က ရန္ကုန္က ဆယ္ၿမိဳ႕နယ္နဲ႔ စစ္ကိုင္းက ကေလးတစ္ၿမိဳ႕နယ္တို႔ကို သတ္မွတ္ထားတာပါ။ ေမ ၁၄ ရက္မွာ ရန္ကုန္က ေလးၿမိဳ႕နယ္နဲ႔ ကေလးတို႔ကို ပယ္ဖ်က္ ေပးခဲ့ပါတယ္။

လက္ရွိမွာေတာ့ stay at home ကန႔္သတ္ခ်က္ဟာ အင္းစိန္နဲ႔ မရမ္းကုန္း ႏွစ္ၿမိဳ႕နယ္ပဲ က်န္ရွိပါေတာ့တယ္။

ဒါ့အျပင္ လူငါးဦးနဲ႔ လူငါးဦးနဲ႔အထက္ စုေဝးႏိုင္တဲ့ကိစၥရပ္ေတြကို ထပ္မံျဖည့္စြက္ခဲ့တာျဖစ္ၿပီး အစိုးရ႐ုံး၊ ကုမၸဏီ၊ စက္႐ုံ၊ အလုပ္႐ုံေတြမွာ အလုပ္လုပ္တာ၊ စာသင္ေက်ာင္းေတြ ၊ အစည္းအေဝး ေတြျပဳလုပ္တာနဲ႔ သင္တန္းေတြကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန စည္းကမ္းခ်က္ေတြနဲ႔အညီ က်င္းပတာ၊ ဖြင့္လွစ္ခြင့္ျပဳထားတဲ့ စားေသာက္ဆိုင္ေတြမွာ စားေသာက္တာ စတဲ့ကိစၥေတြ ပါဝင္ပါတယ္။ မရွိမျဖစ္လုပ္ငန္းေတြနဲ႔ အမ်ားျပည္သူဝန္ေဆာင္မႈလုပ္ငန္းေတြ၊ အမ်ားျပည္သူအတြက္လိုအပ္တဲ့လုပ္ငန္းေတြလုပ္ကိုင္တဲ့ ကိစၥရပ္ေတြလည္း အက်ဳံးဝင္မွာျဖစ္ပါတယ္။

ဒါေၾကာင့္ ကိုဗစ္၁၉ ထိန္းခ်ဳပ္ေရးဗဟိုေကာ္မတီက ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္၊ ပန္ၾကားခ်က္နဲ႔ အမိန႔္ေတြထဲကေန ေျဖေလွ်ာ့ေပးတဲ့ကိစၥေတြကို ဖယ္လိုက္တဲ့အခါ လူစုလူေဝးနဲ႔ ျပဳလုပ္မယ့္ ပြဲလမ္းသဘင္အခမ္းအနားေတြက်င္းပခြင့္ကို ဆက္တက္ကန႔္သတ္ထားမွာျဖစ္ၿပီး ႐ုပ္ရွင္႐ုံ၊ ႏိုက္ကလပ္ေတြကိုေတာ့ ဆက္ပိတ္ထားဦးမွာျဖစ္ပါတယ္။

ျပည္ပခရီးသြားေတြကို ဗီဇာထုတ္ေပးမႈ ရပ္ဆိုင္းထားဦးမွာျဖစ္ၿပီး ႏိုင္ငံတကာေလယာဥ္ေတြလည္း ဆင္းသက္ခြင့္ကို ဆက္ပိတ္ထားဦးမွာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52844513
ကန့်သတ်ချက်တချို့ကို ဇွန် ၁ ရက်ကစပြီး ဖြေလျှော့ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော ကန့်သတ်ချက်တချို့ကို ဇွန် ၁ ရက်ကစပြီး ဖြေလျှော့ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော Reviewed by THITHTOOLWIN on 16:54 Rating: 5
Powered by Blogger.