ထိုင်းကပြန်လာတဲ့ မြန်မာအလုပ်သမား ၄,၀၀၀ ထက်မနည်းရှိပြီ

နေရပ်ပြန်မြန်မာအလုပ်သမားများ ထိုင်းမြန်မာနယ်စပ်သို့ ရောက်ရှိလာပုံ (ဓာတ်ပုံ - YCOWA ရောင်ခြည်ဦးအလုပ်သမားအဖွဲ့- မေ ၂၆၊ ၂၀၂၀)
(Unicode)⤵⤵⤵

မြန်မာအလုပ်သမားတွေ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံက မြန်မာသံရုံး ညှိနှိုင်းပေးမှုတွေနဲ့ မေလ ၂၂ ရက်နေ့ကနေ မဲဆောက် - မြဝတီတံတား ၂ နဲ့ ရနောင်း ကော့သောင်း လှေဆိပ်ကနေ နေရပ်ပြန်သူတွေဟာ ၄,၀၀၀ နီးပါး ရှိသွားပြီဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

COVID-19 အရေးပေါ်ကာလမှာ နယ်မြေဖြတ်သန်းခွင့်တွေ ပိတ်ပင်ထားချိန် ညမထွက်အမိန့်တွေ ထုတ်ပြန်ထားချိန်မှာပဲ အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို မေလ ၂၂ ရက်ညက စပြီး နေရပ်ပြန်ခွင့်ပေးခဲ့ပါတယ်။ ဒေသအသီးသီးက ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်း - မြန်မာစီစဉ်ထားတဲ့ ကားတွေနဲ့သာမက မိမိအစီအစဉ်တွေနဲ့ပါ ပြန်လာကြတာမို့ နေ့စဉ် အရေအတွက်က ပိုများလာနေကြောင်း ကရင်ပြည်နယ်မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကပြောပါတယ်။

"သူတို့ ခရီးသွားလက်မှတ်နဲ့ လာတဲ့အဖွဲ့က ၄၆၂ ပါ။ မနက်ပိုင်းက လာတာကတော့ အားလုံး ၅၇၁ ရှိပြီ။ မနက်ပိုင်းပေါ့ နေ့လယ်ပိုင်းတော့ ဆက်ဝင်နေတယ်။ မပြီးသေးဘူး။ ၂ နာရီ၊ ၃ နာရီ ထိ ဝင်နေတယ်။ မနေ့ကတော့ ၁,၂၇၄ ထိတော့ ဝင်တယ်။ ဒီနေ့လည်း အဲဒီလောက်ထိ ရှိသွားမယ်။ ၂၃ ရက်နေ့ ဝင်တာက ၆၀၄ ပါ။ ၂၄ ရက်နေ့မှာ ၁,၁၁၈ ပါ။ ၂၅ ရက်နေ့မှာ ၁,၂၇၄ ပါ။ ၃,၀၀၀ ကျော်သွားပြီ။"

ဒါကတော့ ဒီနေ့ မဲဆောက် မြဝတီက ဝင်နေတဲ့ အရေအတွက်ကို ထည့်မပေါင်းရသေးပါဘူး။ မေလ ၂၆ ရက်နေ့မှာလည်း မဲဆောက် - မြဝတီချစ်ကြည်ရေးတံတားအမှတ် ၂ ကနေ မြန်မာအလုပ်သမားတွေ ဝင်နေဆဲဖြစ်ပါတယ်။ အလားတူပဲ ထိုင်းတောင်ပိုင်းက နေရပ်ပြန်ချင်တဲ့ ရေလုပ်သားတွေနဲ့ တခြားကျွန်းတွေပေါ်က အလုပ်လက်မဲ့မြန်မာတွေလည်း နေရပ်ပြန်နေကြပါတယ်။ ဒီထဲမှာ ထိုင်းတောင်ပိုင်းမှာတော့ လူ ၄၀၀ နီးပါးလောက်ဖြစ်သွာတဲ့အကြောင်း ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့ ကော့သောင်းမြို့ အလုပ်သမားပညာပေးရေးစင်တာ တာဝန်ခံဦးမိုးဝေကလည်း အခုလိုပြောပါတယ်။

"၂၃ ရက်နေ့ပို့တာ ၄၀ ကျော် အခုက ၁၄၀ ပြီးခဲ့တဲ့ ရက်က ၁၇၈ယောက်၊ ၃ ခေါက်ရှိသွားပါပြီ။"

ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးလာတဲ့ ထိုင်းတောင်ပိုင်းက အလုပ်သမားတွေကတော့ အများဆုံး အလုပ်လက်မဲ့ဖြစ်နေကြပြီ။ နေရပ်ပြန်ဖို့ကလွဲလို့ ရွေးချယ်စရာ လမ်းမရှိဖြစ်နေကြတာပါ။ ဒီထဲက သူတို့ နေရပ်တွေနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းမြန်မာနယ်စပ်၊ မဲဆောက်မြဝတီလမ်းကနေ ပြန်ဖို့အတွက် သူတို့အစီအစဉ်တွေနဲ့ ကားတွေငှားပြီး ပြန်လာကြသူတွေလည်း ရှိနေတာပါ။ သူတို့လည်း ထောက်ခံစာတွေယူပြီး နယ်မြေအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ပြန်လာနေကြကြောင်း မဲဆောက်မြို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရဲ့ ရုံးတာဝန်ခံဦးမိုးကျော်ကလည်း အခုလိုပြောပြပါတယ်။

"သံရုံးကို စာတင်ပြီး ဆေးထောက်ခံစာတွေ ပါရတယ်။ ပြီးတော့ ကားငှားဆင်းလာကြတယ်။ ပြီးတော့ နယ်စပ်ချိတ်ဆက်ထားတာ့ နယ်မြေဖြတ်သန်းခွင့် မရှိဘူးဆိုတဲ့ ညမထွက်ရအမိန့်လည်း ရှိတယ်ဆိုတော့ သူတို့က ကုန်လမ်းပို့ဆောင်ရေးက ယာဉ်တွေနဲ့ ခရိုင်တခုက နေ တခုကို ထွက်ပြီး ချိတ်ဆက်ပြီးမှသာ ထွက်လာလို့ ရတယ်။ မှန်လုံကားတွေနဲ့ လာတယ်။ တစီးကို ၆ ယောက်၊ ၇ ယောက်ပဲစီးရတယ်။ အခု ကိုဗစ်ကာလမှာ သတ်မှတ်ထားတာ ဆိုတော့ ၇ ယောက်ထက်တော့ မပိုဘူး စီးလာကြတာ။"

အခုဆိုရင် မြန်မာအလုပ်သမားတွေဟာ အလုပ်လက်မဲ့တွေ ဖြစ်နေတာကြောင့် နေရပ်ကို သောင်းနဲ့ ချီပြီး ပြန်လာနေကြတာပါ။ မြန်မာအစိုးရဘက်ကတော့ ထိုင်းက ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားအားလုံးကို ကိုဗစ်ရောဂါပိုးစစ်ဆေးပေးမှုတွေ လုပ်နေပြီး လက်ရှိစစ်ဆေးပြီးသလောက်တော့ ရောဂါပိုးတွေ့ရှိသူ မရှိသေးဘူးလို့ဆိုပါတယ်။

ပြန်လာသူတွေကိုတော့ ကရင်ပြည်နယ်နဲ့ သက်ဆိုင်ရာတိုင်းဒေသကြီးတွေက စောင်ကြည့်ရေးစင်တာတွေ ထားပြီး ကျန်းမာရေးစောင့်ကြည့်မှုတွေ ဆက်လုပ်နေပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃,၀၀၀,၀၀၀ ထက်မနည်း အလုပ်လုပ်နေကြပြီး အခု ကိုဗစ်ဖြစ်ပြီး နေရပ်ပြန်မဲ့သူတွေဟာ သိန်းဂဏန်းလောက်ရှိနိုင်တယ်လို့ မြန်မာအလုပ်သမားရေး လုပ်နေသူတွေက ခန့်မှန်းနေကြပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
-------------------------------------------
(Zawgyi)⤵⤵⤵
ထိုင္းကျပန္လာတဲ့ ျမန္မာအလုပ္သမား ၄,၀၀၀ ထက္မနည္းရွိၿပီ

ျမန္မာအလုပ္သမားေတြ ေနရပ္ျပန္ႏိုင္ေရးနဲ႔ ပတ္သက္လုိ႔ ထုိင္းႏိုင္ငံက ျမန္မာသံရံုး ညိွႏိႈင္းေပးမႈေတြနဲ႔ ေမလ ၂၂ ရက္ေန႔ကေန မဲေဆာက္ - ျမ၀တီတံတား ၂ နဲ႔ ရေနာင္း ေကာ့ေသာင္း ေလွဆိပ္ကေန ေနရပ္ျပန္သူေတြဟာ ၄,၀၀၀ နီးပါး ရွိသြားျပီျဖစ္ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

COVID-19 အေရးေပၚကာလမွာ နယ္ေျမျဖတ္သန္းခြင့္ေတြ ပိတ္ပင္ထားခ်ိန္ ညမထြက္အမိန္႔ေတြ ထုတ္ျပန္ထားခ်ိန္မွာပဲ အလုပ္လက္မဲ့ျဖစ္ေနတဲ့ ျမန္မာႏိုိင္ငံသားေတြကို ေမလ ၂၂ ရက္ညက စျပီး ေနရပ္ျပန္ခြင့္ေပးခဲ့ပါတယ္။ ေဒသအသီးသီးက ျပန္လာၾကတဲ့ ျမန္မာအလုပ္သမားေတြဟာ ထုိင္း - ျမန္မာစီစဥ္ထားတဲ့ ကားေတြနဲ႔သာမက မိမိအစီအစဥ္ေတြနဲ႔ပါ ျပန္လာၾကတာမို႔ ေန႔စဥ္ အေရအတြက္က ပုိမ်ားလာေနေၾကာင္း ကရင္ျပည္နယ္ျမ၀တီခရိုုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္ကေျပာပါတယ္။

"သူတို႔ ခရီးသြားလက္မွတ္နဲ႔ လာတဲ့အဖြဲ႕က ၄၆၂ ပါ။ မနက္ပိုင္းက လာတာကေတာ့ အားလုံး ၅၇၁ ရွိၿပီ။ မနက္ပိုင္းေပါ့ ေန႔လယ္ပိုင္းေတာ့ ဆက္ဝင္ေနတယ္။ မၿပီးေသးဘူး။ ၂ နာရီ၊ ၃ နာရီ ထိ ဝင္ေနတယ္။ မေန႔ကေတာ့ ၁,၂၇၄ ထိေတာ့ ဝင္တယ္။ ဒီေန႔လည္း အဲဒီေလာက္ထိ ရွိသြားမယ္။ ၂၃ ရက္ေန႔ ဝင္တာက ၆၀၄ ပါ။ ၂၄ ရက္ေန႔မွာ ၁,၁၁၈ ပါ။ ၂၅ ရက္ေန႔မွာ ၁,၂၇၄ ပါ။ ၃,၀၀၀ ေက်ာ္သြားၿပီ။"

ဒါကေတာ့ ဒီေန႔ မဲေဆာက္ ျမ၀တီက ၀င္ေနတဲ့ အေရအတြက္ကုိ ထည့္မေပါင္းရေသးပါဘူး။ ေမလ ၂၆ ရက္ေန႔မွာလည္း မဲေဆာက္ - ျမ၀တီခ်စ္ႀကည္ေရးတံတားအမွတ္ ၂ ကေန ျမန္မာအလုပ္သမားေတြ ၀င္ေနဆဲျဖစ္ပါတယ္။ အလားတူပဲ ထုိင္းေတာင္ပုိင္းက ေနရပ္ျပန္ခ်င္တဲ့ ေရလုပ္သားေတြနဲ႔႔ တျခားကြ်န္းေတြေပၚက အလုပ္လက္မဲ့ျမန္္မာေတြလည္း ေနရပ္ျပန္ေနႀကပါတယ္။ ဒီထဲမွာ ထုိင္းေတာင္ပုိ္င္းမွာေတာ့ လူ ၄၀၀ နီးပါးေလာက္ျဖစ္သြာတဲ့အေၾကာင္း ပညာေရးနဲ႔ ဖြံျဖိဳးေရးေဖာင္ေဒးရွင္းရဲ႕ ေကာ့ေသာင္းျမိဳ႕ အလုပ္သမားပညာေပးေရးစင္တာ တာ၀န္ခံဦးမုိးေ၀ကလည္း အခုလိုေျပာပါတယ္။

"၂၃ ရက္ေန႔ပို႔တာ ၄၀ ေက်ာ္ အခုက ၁၄၀ ျပီးခဲ့တဲ့ ရက္က ၁၇၈ေယာက္၊ ၃ ေခါက္ရွိသြားပါျပီ။"

ကမာၻလွည့္ခရီးသြားေတြ အမ်ားဆံုးလာတဲ့ ထုိင္းေတာင္ပုိင္းက အလုပ္သမားေတြကေတာ့ အမ်ားဆံုး အလုပ္လက္မဲ့ျဖစ္ေနၾကျပီ။ ေနရပ္ျပန္ဖို႔ကလဲြလို႔ ေရြးခ်ယ္စရာ လမ္းမရွိျဖစ္ေနၾကတာပါ။ ဒီထဲက သူတို႔ ေနရပ္ေတြနဲ႔ အနီးဆံုးျဖစ္တဲ့ ထုိင္းျမန္မာနယ္စပ္၊ မဲေဆာက္ျမ၀တီလမ္းကေန ျပန္ဖို႔အတြက္ သူတုိ႔အစီအစဥ္ေတြနဲ႔ ကားေတြငွားၿပီး ျပန္လာၾကသူေတြလည္း ရွိေနတာပါ။ သူတို႔လည္း ေထာက္ခံစာေတြယူျပီး နယ္ေျမအာဏာပုိင္ေတြနဲ႔ ညိွႏိႈင္းျပီး ျပန္လာေနၾကေၾကာင္း မဲေဆာက္ျမိဳ႕ ေရာင္ျခည္ဦးအလုပ္သမားအဖဲြ႔ရဲ႕ ရံုးတာ၀န္ခံဦးမုိးေက်ာ္ကလည္း အခုလိုေျပာျပပါတယ္။

"သံရံုးကုိ စာတင္ျပီး ေဆးေထာက္ခံစာေတြ ပါရတယ္။ ျပီးေတာ့ ကားငွားဆင္းလာၾကတယ္။ ျပီးေတာ့ နယ္စပ္ခ်ိတ္ဆက္ထားတာ့ နယ္ေျမျဖတ္သန္းခြင့္ မရိွဘူးဆုိတဲ့ ညမထြက္ရအမိန္႔လည္း ရွိတယ္ဆုိေတာ့ သူတို႔က ကုန္လမ္းပို႔ေဆာင္ေရးက ယာဥ္ေတြနဲ႔ ခရိုင္တခုက ေန တခုကုိ ထြက္ျပီး ခ်ိိတ္ဆက္ျပီးမွသာ ထြက္လာလို႔ ရတယ္။ မွန္လံုကားေတြနဲ႔ လာတယ္။ တစီးကုိ ၆ ေယာက္၊ ၇ ေယာက္ပဲစီးရတယ္။ အခု ကုိဗစ္ကာလမွာ သတ္မွတ္ထားတာ ဆုိေတာ့ ၇ ေယာက္ထက္ေတာ့ မပုိဘူး စီးလာၾကတာ။"

အခုဆိုရင္ ျမန္မာအလုပ္သမားေတြဟာ အလုပ္လက္မဲ့ေတြ ျဖစ္ေနတာေၾကာင့္ ေနရပ္ကို ေသာင္းနဲ႔ ခ်ီျပီး ျပန္လာေနၾကတာပါ။ ျမန္မာအစိုးရဘက္ကေတာ့ ထုိင္းက ျပန္၀င္လာတဲ့ ျမန္မာႏိုင္ငံသားအားလံုးကို ကိုဗစ္ေရာဂါပုိးစစ္ေဆးေပးမႈေတြ လုပ္ေနျပီး လက္ရိွစစ္ေဆးျပီးသေလာက္ေတာ့ ေရာဂါပုိးေတြ ့ရွိသူ မရွိေသးဘူးလို႔ဆိုပါတယ္။

ျပန္လာသူေတြကိုေတာ့ ကရင္ျပည္နယ္နဲ႔ သက္ဆုိင္ရာတုိင္းေဒသႀကီးေတြက ေစာင္ၾကည့္ေရးစင္တာေတြ ထားျပီး က်န္းမာေရးေစာင့္ၾကည့္မႈေတြ ဆက္လုပ္ေနပါတယ္။ ထုိင္းႏိုင္ငံမွာ ျမန္မာအလုပ္သမား ၃,၀၀၀,၀၀၀ ထက္မနည္း အလုပ္လုပ္ေနၾကျပီး အခု ကုိဗစ္ျဖစ္ျပီး ေနရပ္ျပန္မဲ့သူေတြဟာ သိန္းဂဏန္းေလာက္ရိွႏိုင္တယ္လို႔ ျမန္မာအလုပ္သမားေရး လုပ္ေနသူေတြက ခန္႔မွန္းေနၾကပါတယ္။

မေအးေအးမာ  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com/a/thai-myanmar-migrant-covid/5435939.html
ထိုင်းကပြန်လာတဲ့ မြန်မာအလုပ်သမား ၄,၀၀၀ ထက်မနည်းရှိပြီ ထိုင်းကပြန်လာတဲ့ မြန်မာအလုပ်သမား ၄,၀၀၀ ထက်မနည်းရှိပြီ Reviewed by THITHTOOLWIN on 19:38 Rating: 5
Powered by Blogger.