တိုက်နယ်ဆေးရုံတွေမှာ တာဝန်ထမ်းလိုတဲ့ ဆရာဝန် နည်းပါး

(Unicode)⤵⤵⤵
ပြည်နယ်အသီးသီးက တိုက်နယ်ဆေးရုံတွေမှာ ဆရာဝန် လိုအပ်နေတာကြောင့် ခန့်အပ်ဖို့ စီစဉ်နေပေမယ့် အလုပ်လျှောက်တဲ့ ဆရာဝန်ဦးရေ အလွန်နည်းပါးနေပါတယ်။

မြန်မာနိုင်ငံအနှံ့က ဆေးရုံအတော်များများမှာ ဆရာဝန်လိုအပ်ချက်ရှိနေတာဖြစ်ပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက တိုက်နယ်ဆေးရုံတွေမှာဆိုရင် ပိုမိုလိုအပ်နေတာ တွေ့ရပါတယ်။

ဆရာဝန်လိုအပ်မှုကို အတိုင်းအတာတစ်ခုထိ ဖြည့်ဆည်းနိုင်ဖို့ ပြည်နယ် ခုနှစ်ခုမှာ သက်ဆိုင်ရာ အစိုးရအစီအစဉ်နဲ့ ဆရာဝန်တွေ ဒီနှစ်ဆန်းပိုင်းမှာခေါ်ယူခဲ့ပါတယ်။ စုစုပေါင်း ၆၁၅ ဦး နေရာအတွက် ခေါ်ယူခဲ့တာပါ။ တချို့ပြည်နယ် တွေမှာဆိုရင် လျှောက်ထားသူ လုံးဝမရှိပါဘူး။ လျှောက်ထားသူ စုစုပေါင်း ၂၉ ဦးသာ ရှိခဲ့တာကြောင့် ဆရာဝန် လိုအပ်ချက်ရဲ့ ၅ ရာခိုင်နှုန်းတောင် မပြည့်ခဲ့တာကို တွေ့ရပါတယ်။

တိုက်နယ်ဆေးရုံတွေမှာ တာဝန်ကျတဲ့ ဆရာဝန်တွေဟာ အလုပ်ဝန်ပိမှု၊ လုပ်ငန်းမကျွမ်းကျင်မှု စတဲ့အခက်အခဲ တွေကို ကြိုမြင်လို့ အလုပ်မလျှောက်ကြတာဖြစ်နိုင်တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က သုံးသပ်ပါတယ်။

“တိုက်နယ်ဆေးရုံတွေမှာ အကူတစ်ယောက်မှ မရှိတဲ့အခါကျတော့ ကလေးမွေးလည်း ကိုယ်ပဲ၊ မေ့ဆေးပေး လည်း ကိုယ်ပဲ၊ ခွဲရင်လည်း ကိုယ်ပဲပေါ့နော်။ အဲဒီတော့ အဲဒီ ထရိန်နင်တွေက တော်တော်ကျွမ်းကျင်ပြည့်စုံမှ တိုက်နယ်ဆေးရုံမှာ လုပ်ရဲတယ်။ အဲဒီအတွေ့အကြုံတွေ မရှိဘဲနဲ့ တိုက်နယ် ဆေးရုံတွေကိုသွားရင် ဆရာဝန် တစ်ယောက်အနေနဲ့ တော်တော်အခက်အခဲရှိပါတယ်။  တိုက်နယ်မှာ ရွာတွေမှာနေရတာ များတယ်။ အခု ခေါ်တဲ့ဟာတွေဆိုရင် ပြည်နယ်တွေ ဖြစ်နေတာကိုး။ ပြည်နယ်တွေရဲ့ ရွာတွေက ပိုပြီးတော့ စားသောက်ရေး၊ နေရေးထိုင်ရေး ခက်ခဲတယ်။ နောက်တစ်ခါ လုံခြုံရေး အခက်အခဲတွေလည်း အများကြီးရှိတယ်။ အဲဒီအချက် တွေ အများကြီးကြောင့် လျှောက်တဲ့သူ နည်းတယ်လို့ ထင်တယ်”

အစိုးရကပေးတဲ့လစာ၊ မိခင်ဌာနက လုပ်ငန်းခွင်လုံခြုံမှုမရှိတာ၊ ပင်စင်ရရင်လည်း ဘဝအာမခံချက် မရှိတာ၊ ခက်ခဲပြီး ဝေးလံတဲ့ ဒေသတွေကို တာဝန်ချထားတဲ့ မူဝါဒတွေမှာ ပွင့်လင်းမှုမရှိတာ စတဲ့ အခက်အခဲတွေကြောင့် ဆရာဝန်တွေက လာလျှောက်တာနည်းပါးနေတာဖြစ်တယ်လို့ တိုက်နယ် ဆေးရုံတစ်ခုမှာ တာဝန်ကျနေတဲ့ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

“ကျန်းမာရေးဝန်ထမ်းတွေကို ဝင်ရောက်ပြီး နှုတ်နဲ့သော်လည်းကောင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရ တာမျိုးတွေရှိရင် မိခင်ဌာနရဲ့ ကာကွယ်မှုဆိုတာလည်း မရှိဘူး။ လုပ်ငန်းခွင်လုံခြုံမှုလည်း မရှိဘူး။ ဝေးလံခေါင်ဖျားဒေသတွေကို တာဝန်ချျထားတဲ့ မူဝါဒတွေမှာ  ပွင့်လင်းမြင်သာမှု မရှိဘူး။ မျှတမှုမရှိဘူး။ နောက်တစ်ခုက လုပ်ငန်းခွင်ထဲမှာ တပည့်မွေး ဆရာမွေးတွေရှိတယ်။ တိုက်နယ်ဆရာဝန်တွေရဲ့ ၃၆၅ ရက်လုံး တစ်ရက်မှ ပိတ်ရက် နားရက် မရှိဘဲ လုပ်ကိုင်နေရတာတွေကလည်း ဝန်ထမ်းတစ်ယောက်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရနေရတာပဲ။ ဒါတွေကိုကြည့်ပြီး နောက်လူတွေက မဝင်လာရဲတာပဲ”

ရန်ကုန်မြို့မှာ နေထိုင်တဲ့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ကျော်စွာဦးကတော့ ဒါဟာ ပြသနာအဟောင်းတစ်ခုဖြစ်တယ်လို့ ထောက်ပြပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေအတွက် ဝါသနာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ အထက်တန်းစာမေးပွဲမှာ အမှတ်များသူတွေသာ ဆေးတက္ကသိုလ် တက်ရတဲ့ စနစ်ကြီးတစ်ခုရှိနေတဲ့အတွက် ဒီပြဿနာကို ကုစားဖို့လိုပြီလို့ ဆိုပါတယ်။

“ကျွန်တော်အကြံပြုလိုတာက ဟိုဖက်ခေတ်တွေတုန်းကလိုပဲ ဆမ ( ဆေးကုသခွင့်လက်မှတ် ) ပေးတဲ့အခါမှာ အနည်းဆုံး သုံးနှစ်လောက် လုပ်ပြီးမှ ဆမ ပေးတဲ့စနစ်တော့ ပြန်ကျင့်သုံးသင့်တယ်လို့ ထင်ပါတယ်။ ဒါကို ပြန်စဉ်းစားရမယ် ထင်တယ်။ အနည်းဆုံး သုံးနှစ်တာဝန်ထမ်းပြီးမှ ဆမ ပေးတာမျိုးပေါ့နော်။ ဒါပေမဲ့ အဲလိုပေးရင်လည်း လစာတစ်ခုလည်း တိုးပေးရင်လဲ တိုးပေး၊ ဒါမှမဟုတ် အခြား ခံစားခွင့်တွေလည်း တိုးပေးမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်”

မြို့ပေါ်က ဆေးရုံတွေမှာတော့ ဖွဲ့စည်းပုံအရ ရှိသင့်တဲ့ ဆရာဝန်အရေအတွက်နဲ့ လက်ရှိရှိနေတဲ့ အရေအတွက် သိပ်ကွာဟမှု မရှိပေမယ့် ဝေးလံခေါင်ဖြားတဲ့ နယ်ဒေသတွေမှာတော့ ဆရာဝန် အလွန်နည်းနေတာပါ။

ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ ပေးနိုင်ဖို့အတွက် ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်း တွေ လုံလောက်မှု မရှိတာကြောင့် နစ်နာနေရတာ အများအပြား ရှိခဲ့တယ်လို့ နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝမ်းလှက ပြီးခဲ့တဲ့ မေလ ၁၈ ရက်က ပြည်သူ့လွတ်တော် အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

“နန်းယွန်းမြို့နယ်မှာ မြို့နယ် ဆေးရုံ တစ်ခု၊ တိုက်နယ် ဆေးရုံ နှစ်ခုရှိပေမယ့် ဒီကနေ့အချိန်အထိ ကျန်းမာရေး စောင့်ရှောက်မှုအပြည့်အ၀ မရနိုင်သေးပါဘူး။ အထူးသဖြင့် မြို့နယ်နဲ့ တိုက်နယ် ဆေးရုံတွေမှာ ဆရာဝန် တွေကို ဖွဲ့စည်းပုံအတိုင်း ခန့်ထားပေးမှု မရှိတာ၊ ကျန်းမာရေး ဝန်ထမ်းတွေကို ဖွဲ့စည်းပုံအတိုင်း အပြည့်အ၀ ခွဲဝေပေးမှု မရှိသေးပါဘူး။ ဆရာဝန်တွေမရှိတဲ့အတွက် ပြည်သူတွေရဲ့ အသက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရ တာတွေလည်း အများကြီးရှိခဲ့ပါတယ်”

တိုက်နယ်ဆေးရုံတွေရဲ့ ဆရာဝန်လိုအပ်ချက်ကို  အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာရှိတဲ့ ဆေးရုံတွေမှာ ခန့်အပ်သွားဖို့ ဆောင်ရွက်နေပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လိုအပ်နေတဲ့ ဆရာဝန်ဦးရေ ၁၃၀၃ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ပြည်နယ် ခုနှစ်ခုမှာ လျှောက်လွှာခေါ်ယူရာမှာ လာလျှောက်တဲ့ ဆရာဝန်ဦးရေ ၃၀ နီးပါးပဲရှိတယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဆရာဝန်မလုံလောက်မှု ပြဿနာကြောင့် ရှိနေတဲ့ဆရာဝန်တွေ အလုပ်ဝန်ပိလာတဲ့ အကျိုးဆက်အနေနဲ့ ကုသမှုအပိုင်းမှာ မှားယွင်းမှု ဖြစ်လာမှာကို စိုးရိမ်တာ၊ လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်တာ များလာတော့ အလုပ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့ ဆရာဝန်တချို့လည်း ရှိနေပါတယ်။ ဒါတွေကလည်း ဆေးရုံမှာ လုပ်ကိုင်ဖို့ ဝန်လေးရတဲ့အကြောင်းရင်းတချို့ပါပဲ။

အစိုးရလစာထက် အနည်းဆုံး သုံး၊ လေးဆနီးပါး ပိုရတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဆေးကုမ္ပဏီတွေကို ရောက်သွားတဲ့ ဆရာဝန်တွေလည်း ရှိနေပါတယ်။

ဒါကြောင့် ပြည်နယ်ဒေသတွေမှာ တာဝန်ထမ်းဆောင်မယ့် ဆရာဝန်တွေ နည်းပါးလာပြီး လူနာနဲ့ ဆရာဝန် အချိုးမမျှတမှုတွေကြောင့်လည်း ပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းမှာ အားနည်းချက်တွေ ရှိလာတယ်လို့ သုံးသပ်နေကြပါတယ်။

ဖြူဖြူခိုင် / RFA Burmese
----------------------------------------------

(Zawgyi)⤵⤵⤵
တိုက္နယ္ေဆး႐ုံေတြမွာ တာဝန္ထမ္းလိုတဲ့ ဆရာဝန္ နည္းပါး

ျပည္နယ္အသီးသီးက တိုက္နယ္ေဆး႐ုံေတြမွာ ဆရာဝန္ လိုအပ္ေနတာေၾကာင့္ ခန႔္အပ္ဖို႔ စီစဥ္ေနေပမယ့္ အလုပ္ေလွ်ာက္တဲ့ ဆရာဝန္ဦးေရ အလြန္နည္းပါးေနပါတယ္။

ျမန္မာႏိုင္ငံအႏွံ႔က ေဆး႐ုံအေတာ္မ်ားမ်ားမွာ ဆရာဝန္လိုအပ္ခ်က္ရွိေနတာျဖစ္ၿပီး ေဝးလံေခါင္ဖ်ားတဲ့ ေဒသေတြက တိုက္နယ္ေဆး႐ုံေတြမွာဆိုရင္ ပိုမိုလိုအပ္ေနတာ ေတြ႕ရပါတယ္။

ဆရာဝန္လိုအပ္မႈကို အတိုင္းအတာတစ္ခုထိ ျဖည့္ဆည္းႏိုင္ဖို႔ ျပည္နယ္ ခုႏွစ္ခုမွာ သက္ဆိုင္ရာ အစိုးရအစီအစဥ္နဲ႔ ဆရာဝန္ေတြ ဒီႏွစ္ဆန္းပိုင္းမွာေခၚယူခဲ့ပါတယ္။ စုစုေပါင္း ၆၁၅ ဦး ေနရာအတြက္ ေခၚယူခဲ့တာပါ။ တခ်ိဳ႕ျပည္နယ္ ေတြမွာဆိုရင္ ေလွ်ာက္ထားသူ လုံးဝမရွိပါဘူး။ ေလွ်ာက္ထားသူ စုစုေပါင္း ၂၉ ဦးသာ ရွိခဲ့တာေၾကာင့္ ဆရာဝန္ လိုအပ္ခ်က္ရဲ႕ ၅ ရာခိုင္ႏႈန္းေတာင္ မျပည့္ခဲ့တာကို ေတြ႕ရပါတယ္။

တိုက္နယ္ေဆး႐ုံေတြမွာ တာဝန္က်တဲ့ ဆရာဝန္ေတြဟာ အလုပ္ဝန္ပိမႈ၊ လုပ္ငန္းမကြၽမ္းက်င္မႈ စတဲ့အခက္အခဲ ေတြကို ႀကိဳျမင္လို႔ အလုပ္မေလွ်ာက္ၾကတာျဖစ္ႏိုင္တယ္လို႔ ပုသိမ္ေဆး႐ုံအုပ္ႀကီး ေဒါက္တာသန္းမင္းထြဋ္က သုံးသပ္ပါတယ္။

“တိုက္နယ္ေဆး႐ုံေတြမွာ အကူတစ္ေယာက္မွ မရွိတဲ့အခါက်ေတာ့ ကေလးေမြးလည္း ကိုယ္ပဲ၊ ေမ့ေဆးေပး လည္း ကိုယ္ပဲ၊ ခြဲရင္လည္း ကိုယ္ပဲေပါ့ေနာ္။ အဲဒီေတာ့ အဲဒီ ထရိန္နင္ေတြက ေတာ္ေတာ္ကြၽမ္းက်င္ျပည့္စုံမွ တိုက္နယ္ေဆး႐ုံမွာ လုပ္ရဲတယ္။ အဲဒီအေတြ႕အႀကဳံေတြ မရွိဘဲနဲ႔ တိုက္နယ္ ေဆး႐ုံေတြကိုသြားရင္ ဆရာဝန္ တစ္ေယာက္အေနနဲ႔ ေတာ္ေတာ္အခက္အခဲရွိပါတယ္။  တိုက္နယ္မွာ ႐ြာေတြမွာေနရတာ မ်ားတယ္။ အခု ေခၚတဲ့ဟာေတြဆိုရင္ ျပည္နယ္ေတြ ျဖစ္ေနတာကိုး။ ျပည္နယ္ေတြရဲ႕ ႐ြာေတြက ပိုၿပီးေတာ့ စားေသာက္ေရး၊ ေနေရးထိုင္ေရး ခက္ခဲတယ္။ ေနာက္တစ္ခါ လုံၿခဳံေရး အခက္အခဲေတြလည္း အမ်ားႀကီးရွိတယ္။ အဲဒီအခ်က္ ေတြ အမ်ားႀကီးေၾကာင့္ ေလွ်ာက္တဲ့သူ နည္းတယ္လို႔ ထင္တယ္”

အစိုးရကေပးတဲ့လစာ၊ မိခင္ဌာနက လုပ္ငန္းခြင္လုံၿခဳံမႈမရွိတာ၊ ပင္စင္ရရင္လည္း ဘဝအာမခံခ်က္ မရွိတာ၊ ခက္ခဲၿပီး ေဝးလံတဲ့ ေဒသေတြကို တာဝန္ခ်ထားတဲ့ မူဝါဒေတြမွာ ပြင့္လင္းမႈမရွိတာ စတဲ့ အခက္အခဲေတြေၾကာင့္ ဆရာဝန္ေတြက လာေလွ်ာက္တာနည္းပါးေနတာျဖစ္တယ္လို႔ တိုက္နယ္ ေဆး႐ုံတစ္ခုမွာ တာဝန္က်ေနတဲ့ အမည္မေဖာ္လိုတဲ့ ဆရာဝန္တစ္ဦးက ေျပာပါတယ္။

“က်န္းမာေရးဝန္ထမ္းေတြကို ဝင္ေရာက္ၿပီး ႏႈတ္နဲ႔ေသာ္လည္းေကာင္း၊ ကိုယ္ထိလက္ေရာက္ က်ဴးလြန္ခံရ တာမ်ိဳးေတြရွိရင္ မိခင္ဌာနရဲ႕ ကာကြယ္မႈဆိုတာလည္း မရွိဘူး။ လုပ္ငန္းခြင္လုံၿခဳံမႈလည္း မရွိဘူး။ ေဝးလံေခါင္ဖ်ားေဒသေတြကို တာဝန္ခ််ထားတဲ့ မူဝါဒေတြမွာ  ပြင့္လင္းျမင္သာမႈ မရွိဘူး။ မွ်တမႈမရွိဘူး။ ေနာက္တစ္ခုက လုပ္ငန္းခြင္ထဲမွာ တပည့္ေမြး ဆရာေမြးေတြရွိတယ္။ တိုက္နယ္ဆရာဝန္ေတြရဲ႕ ၃၆၅ ရက္လုံး တစ္ရက္မွ ပိတ္ရက္ နားရက္ မရွိဘဲ လုပ္ကိုင္ေနရတာေတြကလည္း ဝန္ထမ္းတစ္ေယာက္ရဲ႕ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရေနရတာပဲ။ ဒါေတြကိုၾကည့္ၿပီး ေနာက္လူေတြက မဝင္လာရဲတာပဲ”

ရန္ကုန္ၿမိဳ႕မွာ ေနထိုင္တဲ့ အေထြေထြေရာဂါကု ဆရာဝန္တစ္ဦးျဖစ္တဲ့ ေဒါက္တာ ေက်ာ္စြာဦးကေတာ့ ဒါဟာ ျပသနာအေဟာင္းတစ္ခုျဖစ္တယ္လို႔ ေထာက္ျပပါတယ္။

ေက်ာင္းသူ၊ ေက်ာင္းသားေတြအတြက္ ဝါသနာ ပါသည္ျဖစ္ေစ မပါသည္ျဖစ္ေစ၊ အထက္တန္းစာေမးပြဲမွာ အမွတ္မ်ားသူေတြသာ ေဆးတကၠသိုလ္ တက္ရတဲ့ စနစ္ႀကီးတစ္ခုရွိေနတဲ့အတြက္ ဒီျပႆနာကို ကုစားဖို႔လိုၿပီလို႔ ဆိုပါတယ္။

“ကြၽန္ေတာ္အႀကံျပဳလိုတာက ဟိုဖက္ေခတ္ေတြတုန္းကလိုပဲ ဆမ ( ေဆးကုသခြင့္လက္မွတ္ ) ေပးတဲ့အခါမွာ အနည္းဆုံး သုံးႏွစ္ေလာက္ လုပ္ၿပီးမွ ဆမ ေပးတဲ့စနစ္ေတာ့ ျပန္က်င့္သုံးသင့္တယ္လို႔ ထင္ပါတယ္။ ဒါကို ျပန္စဥ္းစားရမယ္ ထင္တယ္။ အနည္းဆုံး သုံးႏွစ္တာဝန္ထမ္းၿပီးမွ ဆမ ေပးတာမ်ိဳးေပါ့ေနာ္။ ဒါေပမဲ့ အဲလိုေပးရင္လည္း လစာတစ္ခုလည္း တိုးေပးရင္လဲ တိုးေပး၊ ဒါမွမဟုတ္ အျခား ခံစားခြင့္ေတြလည္း တိုးေပးမယ္ဆိုရင္ အဆင္ေျပႏိုင္ပါတယ္”

ၿမိဳ႕ေပၚက ေဆး႐ုံေတြမွာေတာ့ ဖြဲ႕စည္းပုံအရ ရွိသင့္တဲ့ ဆရာဝန္အေရအတြက္နဲ႔ လက္ရွိရွိေနတဲ့ အေရအတြက္ သိပ္ကြာဟမႈ မရွိေပမယ့္ ေဝးလံေခါင္ျဖားတဲ့ နယ္ေဒသေတြမွာေတာ့ ဆရာဝန္ အလြန္နည္းေနတာပါ။

ျပည္သူေတြကို က်န္းမာေရးေစာင့္ေရွာက္မႈ အျပည့္အ၀ ေပးႏိုင္ဖို႔အတြက္ ဆရာဝန္ေတြနဲ႔ က်န္းမာေရးဝန္ထမ္း ေတြ လုံေလာက္မႈ မရွိတာေၾကာင့္ နစ္နာေနရတာ အမ်ားအျပား ရွိခဲ့တယ္လို႔ နန္းယြန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဝမ္းလွက ၿပီးခဲ့တဲ့ ေမလ ၁၈ ရက္က ျပည္သူ႔လြတ္ေတာ္ အစည္းအေဝးမွာ တင္ျပခဲ့ပါတယ္။

“နန္းယြန္းၿမိဳ႕နယ္မွာ ၿမိဳ႕နယ္ ေဆး႐ုံ တစ္ခု၊ တိုက္နယ္ ေဆး႐ုံ ႏွစ္ခုရွိေပမယ့္ ဒီကေန႔အခ်ိန္အထိ က်န္းမာေရး ေစာင့္ေရွာက္မႈအျပည့္အ၀ မရႏိုင္ေသးပါဘူး။ အထူးသျဖင့္ ၿမိဳ႕နယ္နဲ႔ တိုက္နယ္ ေဆး႐ုံေတြမွာ ဆရာဝန္ ေတြကို ဖြဲ႕စည္းပုံအတိုင္း ခန႔္ထားေပးမႈ မရွိတာ၊ က်န္းမာေရး ဝန္ထမ္းေတြကို ဖြဲ႕စည္းပုံအတိုင္း အျပည့္အ၀ ခြဲေဝေပးမႈ မရွိေသးပါဘူး။ ဆရာဝန္ေတြမရွိတဲ့အတြက္ ျပည္သူေတြရဲ႕ အသက္ မဆုံးရႈံးသင့္ဘဲ ဆုံးရႈံးခဲ့ရ တာေတြလည္း အမ်ားႀကီးရွိခဲ့ပါတယ္”

တိုက္နယ္ေဆး႐ုံေတြရဲ႕ ဆရာဝန္လိုအပ္ခ်က္ကို  အစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ျပည္နယ္နဲ႔ တိုင္းအသီးသီးမွာရွိတဲ့ ေဆး႐ုံေတြမွာ ခန႔္အပ္သြားဖို႔ ေဆာင္႐ြက္ေနပါတယ္။

တိုင္းနဲ႔ျပည္နယ္အသီးသီးမွာ လိုအပ္ေနတဲ့ ဆရာဝန္ဦးေရ ၁၃၀၃ ဦးရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ေျပာခဲ့ပါတယ္။

ျပည္နယ္ ခုႏွစ္ခုမွာ ေလွ်ာက္လႊာေခၚယူရာမွာ လာေလွ်ာက္တဲ့ ဆရာဝန္ဦးေရ ၃၀ နီးပါးပဲရွိတယ္လို႔ ဝန္ႀကီးက ေျပာပါတယ္။

ဆရာဝန္မလုံေလာက္မႈ ျပႆနာေၾကာင့္ ရွိေနတဲ့ဆရာဝန္ေတြ အလုပ္ဝန္ပိလာတဲ့ အက်ိဳးဆက္အေနနဲ႔ ကုသမႈအပိုင္းမွာ မွားယြင္းမႈ ျဖစ္လာမွာကို စိုးရိမ္တာ၊ လုပ္ငန္းခြင္ စိတ္ဖိစီးမႈေတြနဲ႔ ရင္ဆိုင္တာ မ်ားလာေတာ့ အလုပ္ထြက္ဖို႔ ဆုံးျဖတ္ခဲ့ၾကတဲ့ ဆရာဝန္တခ်ိဳ႕လည္း ရွိေနပါတယ္။ ဒါေတြကလည္း ေဆး႐ုံမွာ လုပ္ကိုင္ဖို႔ ဝန္ေလးရတဲ့အေၾကာင္းရင္းတခ်ိဳ႕ပါပဲ။

အစိုးရလစာထက္ အနည္းဆုံး သုံး၊ ေလးဆနီးပါး ပိုရတဲ့ ႏိုင္ငံတကာအဖြဲ႕အစည္းေတြ၊ ေဆးကုမၸဏီေတြကို ေရာက္သြားတဲ့ ဆရာဝန္ေတြလည္း ရွိေနပါတယ္။

ဒါေၾကာင့္ ျပည္နယ္ေဒသေတြမွာ တာဝန္ထမ္းေဆာင္မယ့္ ဆရာဝန္ေတြ နည္းပါးလာၿပီး လူနာနဲ႔ ဆရာဝန္ အခ်ိဳးမမွ်တမႈေတြေၾကာင့္လည္း ျပည္သူေတြရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈအပိုင္းမွာ အားနည္းခ်က္ေတြ ရွိလာတယ္လို႔ သုံးသပ္ေနၾကပါတယ္။

ျဖဴျဖဴခိုင္ / RFA Burmese
https://www.rfa.org/burmese/news/myanmar-hospitals-doctors-limited-05242020051916.html
တိုက်နယ်ဆေးရုံတွေမှာ တာဝန်ထမ်းလိုတဲ့ ဆရာဝန် နည်းပါး တိုက်နယ်ဆေးရုံတွေမှာ တာဝန်ထမ်းလိုတဲ့ ဆရာဝန် နည်းပါး Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.