မြဝတီတွင် ပစ်ခတ်မှုဖြစ်ပွားပြီး (၁)ဦးသေဆုံး၊ (၃)ဦးဒဏ်ရာရ


(Unicode)⤵⤵⤵
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မေ(၂၄)ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး (၁)ယောက်သေဆုံးကာ (၃)ယောက် ဒဏ်ရာရခဲ့တယ်လို့ မြဝတီမြို့မရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။

 အမှတ် (၅)ရပ်ကွက် စိုက်ဇုံ (၁၈)ဂိတ်အနီး ငြိမ်းချမ်းရေးလမ်းရှိ ဦးအောင်သန်းပိုင် နေအိမ် တိုက်ခန်းတန်းလျားဝင်းအတွင်း ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

 ဖြစ်စဉ်ကတော့ တိုက်ခန်းငှားရမ်းနေထိုင်သူ မြန်မာမှတ်ပုံတင်ကိုင် တရုတ်လူမျိုးဟာ အဖော်(၅)ယောက်နဲ့ အတူ သောက်စား မူးယစ်ပြီး ဓါးရှည်(၁)လက် ကိုင်ဆောင်ကာ ပတ်ဝန်းကျင်ကို ဆဲဆို အော်ဟစ် သောင်းကျန်းနေလို့ တန်းလျားအနီးရှိ KNU/KNLA (PC) တပ်ရင်း (၇၇၇)ဂိတ်က ကင်းတာဝန်ကျနေသူ တပ်သားအဆင့်ရှိသူကို တန်း လျားမှာနေထိုင်သူတစ်ဦးက အကူအညီတောင်းခံခဲ့တယ်လို့ဆိုပါတယ်။

အဲဒီတပ်သားက လာရောက်တာဆီးရင်း ခြောက်လန့်ပစ်ခတ်ခဲ့ရာက (၁)ယောက်သေဆုံးပြီး (၃)ယောက်ဒဏ်ရာရခဲ့တာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြဝတီ မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း-နေနော်(မြဝတီ) - One News Myanmar
-----------------------------------------------------------
(Zawgyi)⤵⤵⤵
ျမဝတီတြင္ ပစ္ခတ္မႈျဖစ္ပြားၿပီး (၁)ဦးေသဆုံး၊ (၃)ဦးဒဏ္ရာရ

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕မွာ ေမ(၂၄)ရက္က ေသနတ္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး (၁)ေယာက္ေသဆုံးကာ (၃)ေယာက္ ဒဏ္ရာရခဲ့တယ္လို႔ ျမဝတီၿမိဳ႕မရဲစခန္းက တာဝန္ရွိသူက ေျပာပါတယ္။

 အမွတ္ (၅)ရပ္ကြက္ စိုက္ဇုံ (၁၈)ဂိတ္အနီး ၿငိမ္းခ်မ္းေရးလမ္းရွိ ဦးေအာင္သန္းပိုင္ ေနအိမ္ တိုက္ခန္းတန္းလ်ားဝင္းအတြင္း ပစ္ခတ္မႈျဖစ္ခဲ့တာလို႔ ဆိုပါတယ္။

 ျဖစ္စဥ္ကေတာ့ တိုက္ခန္းငွားရမ္းေနထိုင္သူ ျမန္မာမွတ္ပုံတင္ကိုင္ တ႐ုတ္လူမ်ိဳးဟာ အေဖာ္(၅)ေယာက္နဲ႔ အတူ ေသာက္စား မူးယစ္ၿပီး ဓါးရွည္(၁)လက္ ကိုင္ေဆာင္ကာ ပတ္ဝန္းက်င္ကို ဆဲဆို ေအာ္ဟစ္ ေသာင္းက်န္းေနလို႔ တန္းလ်ားအနီးရွိ KNU/KNLA (PC) တပ္ရင္း (၇၇၇)ဂိတ္က ကင္းတာဝန္က်ေနသူ တပ္သားအဆင့္ရွိသူကို တန္း လ်ားမွာေနထိုင္သူတစ္ဦးက အကူအညီေတာင္းခံခဲ့တယ္လို႔ဆိုပါတယ္။

အဲဒီတပ္သားက လာေရာက္တာဆီးရင္း ေျခာက္လန႔္ပစ္ခတ္ခဲ့ရာက (၁)ေယာက္ေသဆုံးၿပီး (၃)ေယာက္ဒဏ္ရာရခဲ့တာပါ။ ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ျမဝတီ ၿမိဳ႕မရဲစခန္းက အမႈဖြင့္အေရးယူ ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

သတင္း-ေနေနာ္(ျမဝတီ) - One News Myanmar
https://www.facebook.com/onenewsmyan
မြဝတီတွင် ပစ်ခတ်မှုဖြစ်ပွားပြီး (၁)ဦးသေဆုံး၊ (၃)ဦးဒဏ်ရာရ မြဝတီတွင် ပစ်ခတ်မှုဖြစ်ပွားပြီး (၁)ဦးသေဆုံး၊ (၃)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.