နိုင်ငံတကာချေးငွေ သန်း ရာနဲ့ချီယူဖို့ လွှတ်တော် အတည်ပြု

(Unicode)⤵⤵⤵
နယ်စပ်ဒေသနဲ့ ဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေမှာ ဆေးရုံတွေ အဆင့်မြှင့်တင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ကနေ အမေရိကန်ဒေါ်လာ သန်း ၃၀ ချေးယူဖို့ ဒီနေ့  ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။

အစိုးရဘတ်ဂျက်၊ အသေးစား အလတ်စားလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး စတဲ့ လုပ်ငန်းတွေအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့၊ ကမ္ဘာ့ဘဏ်တို့ကနေ ဒေါ်လာ သန်း ရာနဲ့ချီ ချေးငွေယူပြီး ဆောင်ရွက်ဖို့လည်း အတည်ပြုခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်လိုမျိုး ကမ္ဘာ့ကူးစက်မြန်ရောဂါတွေ ဖြစ်ပွားလာရင် လမ်းပန်းဆက်သွယ်ရေး ခက်တဲ့ ဒေသတွေနဲ့ နယ်စပ်ဒေသက ဆေးရုံတွေမှာ အရည်အသွေးပြည့်ဝတဲ့ ကုသရေး ဝန်ဆောင်မှုတွေကို အဆင့်မြင့်ဖို့ အာရှဖွံ့ဖြိုးရေး ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၃၀ ချေးယူမှာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အာရှဖွံ့ဖြိုးရေးဘဏ်က ရရှိမယ့်ငွေကို ထိရောက်အောင် ဆောင်ရွက်သွားမှာမို့ ဒီကိစ္စကို အတည်ပြုပေးဖို့ လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ချေးငွေ ရယူရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ကိုယ်စားလှယ် သုံးဦးက ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး သူတို့ဒေသမှာ ကြုံတွေ့ရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေ အနေတွေနဲ့ အခက်အခဲတွေကို တင်ပြခဲ့ကြပါတယ်။

လွိုင်ကော် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက  အခု ချေးငွေယူပြီး ဆောင်ရွက်မယ့်ကိစ္စတွေမှာ အောက်ခြေမှာရှိတဲ့ ပြည်သူတွေကပါ သိရှိအောင် ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ဖို့ အကြံပြုပါတယ်။

ကချင်ပြည်နယ်က ခေါင်လန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအာမိုးဆီကတော့ သူတို့ မဲဆန္ဒနယ်မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အခက်အခဲတွေကို လွှတ်တော်မှာ ပြောပြပါတယ်။

အာရှဖွံ့ဖြိုးရေးဘဏ် ADB ကနေ ချေးငွေချေးရတဲ့ ရည်ရွယ်ချက်က ကူးစက်မြန်ရောဂါ ဖြစ်ပွားပါက အရည်အသွေး ပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ဖို့၊ နယ်စပ်ဒေသနဲ့ ဝေးလံ ခေါင်ဖျားတဲ့ ဒေသတွေက ဆေးရုံတွေ အရည်အသွေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတိုးတက်လာပြီး ပြည်သူတွေ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာဖို့ စံချိန်မီတဲ့ ပစ္စည်းကိရိယာတွေကို ဆေးရုံတွေမှာ ရရှိနိုင်တဲ့အတွက် ရေရှည်မှာ ကျန်းမာရေးစနစ်၊ ကုသရေးစနစ် တောင့်တင်းလာစေဖို့ ရည်ရွယ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ချေးငွေယူပြီး လုပ်ကိုင်မယ့် မဲခေါင်းမြစ်ဝှမ်းဒေသ ကျန်းမာရေး လုံခြုံမှုဆိုင်ရာ စီမံကိန်းမှာ လုပ်ငန်း ကိုးခု ဆောင်ရွက်မှာဖြစ်ပြီး ကုသမှုမြှင့်တင်တာ၊ စွန့်ပစ်ပစ္စည်းတွေ စနစ်တကျ စွန့်ပစ်ရေး၊ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူရေး၊ ရောဂါကူးစက်မှုကာကွယ်နိုင်ရေးလုပ်ငန်း ဖြည့်ဆည်းတာ၊ ရောဂါကုသမှု အဆင့်မြှင့်တင်တာ၊ အဆင့်မြှင့် ကြပ်မတ်ကုသဆောင်များ မြှင့်တင်တာ၊  ဓာတ်ခွဲခန်းတွေ အဆင့်မြှင့်တင်တာ၊ ဆေးရုံအဆောက်အအုံ ထိန်းသိမ်းပြုပြင်တာ စတာတွေ ပါဝင်မှာပါ။

အစိုးရဘတ်ဂျတ် လိုငွေပြတာကို ဖြည့်ဖို့အတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကနေ ဒေါ်လာ သန်း ၇၀၀၊ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးမွေးမြူးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာ သန်း ၂၀၀၊ မြန်မာနိုင်ငံ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်ကနေ ဒေါ်လာ သန်း ၆၀၊ ကိုရိုနာကပ်ရောဂါလို ကူးစက်မြန်ရောဂါကုသရေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၅၀  ချေးယူရေးတို့ကိုလည်း အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် ကပ်ရောဂါကြောင့် လူမှုစီးပွား ထိခိုက်နစ်နာမှုတွေကို ကုစားဖို့အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့  JICA ကနေ ဂျပန်ယန်းငွေ ဘီလီယံ ၃၀၊ အီလက်ထရောနစ် စနစ်နဲ့ လူဦးရေ မှတ်ပုံတင်တဲ့ စီမံကိန်းအတွက် သြစတြေးလျနိုင်ငံကနေ ယူရို ၃၃ သန်း စတဲ့ နိုင်ငံတကာ ချေးငွေ ရှစ်ခု ချေးယူမယ့် ကိစ္စတွေကို ၁၆ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ အတည်ပြုနိုင်ခဲ့ပါတယ်။

သက်စုအောင် / RFA Burmese
---------------------------------------------

(Zawgyi)⤵⤵⤵
ႏိုင္ငံတကာေခ်းေငြ သန္း ရာနဲ႔ခ်ီယူဖို႔ လႊတ္ေတာ္ အတည္ျပဳ

နယ္စပ္ေဒသနဲ႔ ဆက္သြယ္ေရးခက္ခဲတဲ့ေဒသေတြမွာ ေဆး႐ုံေတြ အဆင့္ျမႇင့္တင္ေရးအတြက္ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB)ကေန အေမရိကန္ေဒၚလာ သန္း ၃၀ ေခ်းယူဖို႔ ဒီေန႔  ျပည္ေထာင္စုလႊတ္ေတာ္မွာ ကန႔္ကြက္သူမရွိ သေဘာတူလိုက္ပါတယ္။

အစိုးရဘတ္ဂ်က္၊ အေသးစား အလတ္စားလုပ္ငန္း၊ စိုက္ပ်ိဳးေမြးျမဴေရး စတဲ့ လုပ္ငန္းေတြအတြက္ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြ အဖြဲ႕၊ ကမာၻ႔ဘဏ္တို႔ကေန ေဒၚလာ သန္း ရာနဲ႔ခ်ီ ေခ်းေငြယူၿပီး ေဆာင္႐ြက္ဖို႔လည္း အတည္ျပဳခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္လိုမ်ိဳး ကမာၻ႔ကူးစက္ျမန္ေရာဂါေတြ ျဖစ္ပြားလာရင္ လမ္းပန္းဆက္သြယ္ေရး ခက္တဲ့ ေဒသေတြနဲ႔ နယ္စပ္ေဒသက ေဆး႐ုံေတြမွာ အရည္အေသြးျပည့္ဝတဲ့ ကုသေရး ဝန္ေဆာင္မႈေတြကို အဆင့္ျမင့္ဖို႔ အာရွဖြံ႕ၿဖိဳးေရး ဘဏ္ကေန အေမရိကန္ေဒၚလာ သန္း ၃၀ ေခ်းယူမွာျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက အာရွဖြံ႕ၿဖိဳးေရးဘဏ္က ရရွိမယ့္ေငြကို ထိေရာက္ေအာင္ ေဆာင္႐ြက္သြားမွာမို႔ ဒီကိစၥကို အတည္ျပဳေပးဖို႔ လႊတ္ေတာ္မွာ ေျပာခဲ့ပါတယ္။

ေခ်းေငြ ရယူေရးနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္မွာ ကိုယ္စားလွယ္ သုံးဦးက ဝိုင္းဝန္းေဆြးေႏြးခဲ့ၿပီး သူတို႔ေဒသမွာ ႀကဳံေတြ႕ရတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ အေျခ အေနေတြနဲ႔ အခက္အခဲေတြကို တင္ျပခဲ့ၾကပါတယ္။

လြိဳင္ေကာ္ မဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ ခင္စည္သူက  အခု ေခ်းေငြယူၿပီး ေဆာင္႐ြက္မယ့္ကိစၥေတြမွာ ေအာက္ေျခမွာရွိတဲ့ ျပည္သူေတြကပါ သိရွိေအာင္ ပြင့္လင္းျမင္သာမႈရွိေအာင္ ေဆာင္႐ြက္ဖို႔ အႀကံျပဳပါတယ္။

ကခ်င္ျပည္နယ္က ေခါင္လန္မဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးအာမိုးဆီကေတာ့ သူတို႔ မဲဆႏၵနယ္မွာ က်န္းမာေရးနဲ႔ပတ္သက္တဲ့ အခက္အခဲေတြကို လႊတ္ေတာ္မွာ ေျပာျပပါတယ္။

အာရွဖြံ႕ၿဖိဳးေရးဘဏ္ ADB ကေန ေခ်းေငြေခ်းရတဲ့ ရည္႐ြယ္ခ်က္က ကူးစက္ျမန္ေရာဂါ ျဖစ္ပြားပါက အရည္အေသြး ျပည့္ဝတဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ အဆင့္ျမႇင့္တင္ဖို႔၊ နယ္စပ္ေဒသနဲ႔ ေဝးလံ ေခါင္ဖ်ားတဲ့ ေဒသေတြက ေဆး႐ုံေတြ အရည္အေသြးနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈတိုးတက္လာၿပီး ျပည္သူေတြ က်န္းမာေရး အဆင့္အတန္း ျမင့္မားလာဖို႔ စံခ်ိန္မီတဲ့ ပစၥည္းကိရိယာေတြကို ေဆး႐ုံေတြမွာ ရရွိႏိုင္တဲ့အတြက္ ေရရွည္မွာ က်န္းမာေရးစနစ္၊ ကုသေရးစနစ္ ေတာင့္တင္းလာေစဖို႔ ရည္႐ြယ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနကေန သိရပါတယ္။

ေခ်းေငြယူၿပီး လုပ္ကိုင္မယ့္ မဲေခါင္းျမစ္ဝွမ္းေဒသ က်န္းမာေရး လုံၿခဳံမႈဆိုင္ရာ စီမံကိန္းမွာ လုပ္ငန္း ကိုးခု ေဆာင္႐ြက္မွာျဖစ္ၿပီး ကုသမႈျမႇင့္တင္တာ၊ စြန႔္ပစ္ပစၥည္းေတြ စနစ္တက် စြန႔္ပစ္ေရး၊ လိုအပ္တဲ့ပစၥည္းေတြ ဝယ္ယူေရး၊ ေရာဂါကူးစက္မႈကာကြယ္ႏိုင္ေရးလုပ္ငန္း ျဖည့္ဆည္းတာ၊ ေရာဂါကုသမႈ အဆင့္ျမႇင့္တင္တာ၊ အဆင့္ျမႇင့္ ၾကပ္မတ္ကုသေဆာင္မ်ား ျမႇင့္တင္တာ၊  ဓာတ္ခြဲခန္းေတြ အဆင့္ျမႇင့္တင္တာ၊ ေဆး႐ုံအေဆာက္အအုံ ထိန္းသိမ္းျပဳျပင္တာ စတာေတြ ပါဝင္မွာပါ။

အစိုးရဘတ္ဂ်တ္ လိုေငြျပတာကို ျဖည့္ဖို႔အတြက္ ႏိုင္ငံတကာ ေငြေၾကးရန္ပုံေငြအဖြဲ႕ IMF ကေန ေဒၚလာ သန္း ၇၀၀၊ စားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳးေမြးျမဴးေရးက႑ ဖြံ႕ၿဖိဳးေရးအတြက္ ကမာၻ႔ဘဏ္ကေန ေဒၚလာ သန္း ၂၀၀၊ ျမန္မာႏိုင္ငံ အေသးစား၊ အလတ္စား စက္မႈလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အာရွဖြံ႕ၿဖိဳးေရးဘဏ္ကေန ေဒၚလာ သန္း ၆၀၊ ကို႐ိုနာကပ္ေရာဂါလို ကူးစက္ျမန္ေရာဂါကုသေရးအတြက္ ကမာၻ႔ဘဏ္က ေဒၚလာ သန္း ၅၀  ေခ်းယူေရးတို႔ကိုလည္း အတည္ျပဳခဲ့ပါတယ္။

ဒါ့အျပင္ ကပ္ေရာဂါေၾကာင့္ လူမႈစီးပြား ထိခိုက္နစ္နာမႈေတြကို ကုစားဖို႔အတြက္ ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕  JICA ကေန ဂ်ပန္ယန္းေငြ ဘီလီယံ ၃၀၊ အီလက္ထေရာနစ္ စနစ္နဲ႔ လူဦးေရ မွတ္ပုံတင္တဲ့ စီမံကိန္းအတြက္ ၾသစေၾတးလ်ႏိုင္ငံကေန ယူ႐ို ၃၃ သန္း စတဲ့ ႏိုင္ငံတကာ ေခ်းေငြ ရွစ္ခု ေခ်းယူမယ့္ ကိစၥေတြကို ၁၆ ႀကိမ္ေျမာက္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးကေန အတည္ျပဳႏိုင္ခဲ့ပါတယ္။

သက္စုေအာင္ / RFA Burmese
https://www.rfa.org/burmese/news/parliament-approves-billions-of-international-loans-05292020071218.html
နိုင်ငံတကာချေးငွေ သန်း ရာနဲ့ချီယူဖို့ လွှတ်တော် အတည်ပြု နိုင်ငံတကာချေးငွေ သန်း ရာနဲ့ချီယူဖို့ လွှတ်တော် အတည်ပြု Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.