ရသေ့တောင် ကျေးလက်ကျန်းမာရေးမှူး AA ဖမ်းဆီးထားတယ်လို့ မြို့နယ်တာဝန်ရှိသူတွေ ပြောကြား

(Unicode)⤵⤵⤵
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကုန်တန်းကျေးလက် ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးမှူး ဦးစိုးသူဝင်းဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကတည်းက ပျောက်ဆုံးနေပြီး လက်ရှိ အချိန်အထိ ဘာသတင်းမှ မရသေးပါဘူး။ ရက္ခိုင့်တပ်တော် AA အဖွဲ့က ဖမ်းဆီးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောကြားထားပေမယ့် AA ဘက်ကတော့ ဖမ်းဆီးထားခြင်းရှိမရှိ သတင်းအတိအကျ မရသေးဘူးလို့ RFA ကို ပြောပါတယ်။

ရသေ့တောင်မြို့နယ် ကုန်တန်းကျေးလက် ကျန်းမာရေးဌာနမှာ နေထိုင်ပြီး ကျေးလက်နေပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ဦးစိုးသူဝင်း ပျောက်ဆုံးနေတာ ဒီနေ့နဲ့ဆိုရင် ၁၀ ရက်ရှိနေပါပြီ ။

ကျန်းမာရေးမှူး ဦးစိုးသူဝင်းနဲ့အတူ ဆေးခန်းညစောင့် မိသားစုကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တာဖြစ်ပြီး ဦးစိုးသူဝင်းက လွဲလို့ ကျန်တဲ့သူတွေ ပြန်ရောက်လာကြတယ်လို့ ရသေ့တောင်မြို့နယ် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ တင်မြင့်ဦးက ပြောပါတယ်။

"၁၆ရက်နေ့က ပျောက်သွားတယ်။ ပျောက်သွားတဲ့အချိန်မှာ ဆေးခန်းညစောင့်ရယ်၊ သူ့မိန်းမရယ်၊ သူ့ သမီးရယ်၊ စိုးသူဝင်းရယ် လေးယောက်ပျောက်သွားတယ်။ ဆေးခန်းညစောင့်ရဲ့ သမီးက ပျောက်သွားတဲ့ ညနေမှာပဲ ပြန်ရောက်လာတယ်။ ဆေးခန်းစောင့် လင်မယားကတော့ ၂၁ ရက်နေ့ ပြန်ရောက်လာတယ်။ သူတို့လင်မယားကို ဆက်သွယ်ပြီး စစ်ဆေးချက်ယူတော့ သူတို့ကို ရက္ခိုင့်စစ်တပ်က ခေါ်သွားတယ်ပြောတယ်။"

ပြန်ရောက်လာတဲ့ ညစောင့် လင်မယားရဲ့ ပြောဆိုမှုအရ ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ ဦးစိုးသူဝင်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို စစ်ဆေးမေးမြန်းခဲ့တာတွေ ရှိတယ်လို့ ဒေါက်တာတင်မြင့်ဦးက ဆိုပါ တယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၊ ရဲစခန်းနဲ့သက်ဆိုင်ရာ တာဝန် ရှိသူတွေထံကို သတင်းပေးပို့ထားတယ်လို့ ပြောပါတယ်။

ဦးစိုးသူဝင်းဟာ ကုန်တန်းကျေးလက် ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတာ တစ်နှစ်နီးပါးရှိ နေပါပြီ။ ကျေးလက်နေ ပြည်သူတွေရဲ့ ပဏာမကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးမှူး တစ်ဦးဖြစ်တာကြောင့် ပြည်သူလူထု အကျိုးရှေးရှုပြီး ပြန်လွှတ်ပေးဖို့ အခြေခံကျန်းမာရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက မေလ ၂၄ ရက်မှာကြေညာချက်ထုတ် ပြန်တောင်းဆိုထားပါတယ်။

လက်ရှိအချိန်အထိတော့ ဘာသတင်းမှ မကြားရသေးတဲ့အတွက် စိတ်ပူမိတယ်လို့ အခြေခံကျန်းမာရေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

"၁၆ရက်နေ့ နေ့ခင်း ၁၂ နာရီလောက်က ဆေးခန်းစောင့် လင်မယား နှစ်ယောက်ရယ်။ ဦးစိုးသူဝင်းရယ် ပျောက်သွားတာ၊ ကြာသပတေးနေ့လောက်က ဆေးခန်းစောင့် လင်မယား နှစ် ယောက်ကတော့ ပြန်လာတယ်လို့ သိရတယ်။ ကိုစိုးသူဝင်းကတော့ ဘာသတင်းမှ မရသေးဘူးလို့ သိရတယ်။"

ဦးစိုးသူဝင်း ပျောက်ဆုံးနေတာ AA အဖွဲ့က ဖမ်းဆီးသွားတယ်လို့  သုံးသပ်မှုတွေ ရှိနေပေမယ့် ဘယ် အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့ RFA က သီးခြားအတည် မပြုနိုင်သေးပါဘူး။

AA က ဖမ်းဆီးသွားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မေးမြန်းရာမှာတော့ “AA အနေနဲ့ အခုလို ဖမ်းဆီးထားတာမရှိကြောင်း၊ ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းလည်း ရောက်လာတာမရှိကြောင်း၊ ဒါပေမဲ့ တချို့နေရာတွေမှာ လုံခြုံရေးအရ လိုအပ်လို့ ခဏတာ ခေါ်ယူမေးမြန်း တာတွေတော့ ရှိနိုင်ကြောင်း၊ ဒါပေမဲ့ တကယ်ခေါ်ယူ မေးမြန်းတာ ရှိ မရှိတော့ သူ့အနေနဲ့ အသေချာ ပြန်မေးပြီးမှ ပြောနိုင်ကြောင်း” RFA ကို ဖြေကြားပါတယ်။ AA အနေနဲ့ အစိုးရတပ်မတော်က တပ်သားတွေနဲ့အတူ အရပ်သားတွေ ရောနှောပါလာတာ ရှိခဲ့ဖူးကြောင်း၊ ဒါပေမဲ့ ဗမာအရပ်သားတွေကို လူမျိုးရေးအရ ပစ်မှတ်ထားပြီး ဖမ်းဆီးခေါ်ဆောင်တာ မရှိကြောင်းလည်း AA ပြောခွင့်ရှိသူ ခိုင်သုခက RFA ကို ပြောကြားပါတယ်။

တချိန်မှာလည်း ­ကျန်းမာရေးမှူး ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အတိအကျ သိရဖို့ လိုက်စုံစမ်းနေပေမယ့် သွားလာရခက်ခဲတဲ့ ဒေသဖြစ်တာကြောင့် သတင်းအချက်အလက် ရရှိဖို့ ခက်ခဲနေတယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆိုပါတယ်။

"အခု ဘေးနားက ရွာတွေကို လိုက်စုံစမ်းနေတာ မရသေးဘူး။ အဲဒီ နေရာက ရေကြောင်းနဲ့ပဲ သွားလို့ရတယ်။ တော်တော်ခေါင်တဲ့ နေရာ။ အဲဒါကြောင့် ခက်နေတာ။ စစ်မက်ဖြစ်ပွားရာ ဒေသမှာတော့ ဒါမျိုးကရှိမှာပဲ။ ဒါပေမဲ့ တရားဥပဒေကို လိုက်နာဖို့လိုတယ်။ ပြည်တွင်းက တည်ဆဲဥပဒေတွေ၊ နိုင်ငံတကာက ကျင့်သုံးနေတဲ့ ဥပဒေတွေကို အလေးအနက် လေးစားဖို့လိုတယ်။"

ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလအတွင်း အစိုးရဝန်ထမ်းတွေ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်တွေက မကြာခဏ ရှိခဲ့ပါတယ်။ AA ဘက်ကလည်း တပ်နဲ့ ဆက်စပ်မှုရှိတယ်၊ အစိုးရသတင်းပေး ဖြစ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးစစ်ဆေး တာတွေ လုပ်လေ့ရှိသလို တပ်မတော်ကလည်း AA အဖွဲ့နဲ့ သက်ဆိုင်တယ်လို့ ယူဆရ သူတွေကို ဖမ်းဆီးတာတွေ လုပ်လေ့ရှိကြပါတယ်။

ဖြူဖြူခိုင် / RFA Burmese
-----------------------------------------------

(Zawgyi)⤵⤵⤵
ရေသ့ေတာင္ ေက်းလက္က်န္းမာေရးမႉး AA ဖမ္းဆီးထားတယ္လို႔ ၿမိဳ႕နယ္တာဝန္ရွိသူေတြ ေျပာၾကား

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ကုန္တန္းေက်းလက္ က်န္းမာေရးဌာနမွာ တာဝန္ထမ္းေဆာင္ေနတဲ့ က်န္းမာေရးမႉး ဦးစိုးသူဝင္းဟာ ၿပီးခဲ့တဲ့ ေမလ ၁၆ ရက္ေန႔ကတည္းက ေပ်ာက္ဆုံးေနၿပီး လက္ရွိ အခ်ိန္အထိ ဘာသတင္းမွ မရေသးပါဘူး။ ရကၡိဳင့္တပ္ေတာ္ AA အဖြဲ႕က ဖမ္းဆီးသြားတယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားထားေပမယ့္ AA ဘက္ကေတာ့ ဖမ္းဆီးထားျခင္းရွိမရွိ သတင္းအတိအက် မရေသးဘူးလို႔ RFA ကို ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ကုန္တန္းေက်းလက္ က်န္းမာေရးဌာနမွာ ေနထိုင္ၿပီး ေက်းလက္ေနျပည္သူေတြအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈ ေပးေနတဲ့ ဦးစိုးသူဝင္း ေပ်ာက္ဆုံးေနတာ ဒီေန႔နဲ႔ဆိုရင္ ၁၀ ရက္ရွိေနပါၿပီ ။

က်န္းမာေရးမႉး ဦးစိုးသူဝင္းနဲ႔အတူ ေဆးခန္းညေစာင့္ မိသားစုကို ရကၡိဳင့္တပ္ေတာ္ AA က ဖမ္းဆီး ေခၚေဆာင္ သြားခဲ့တာျဖစ္ၿပီး ဦးစိုးသူဝင္းက လြဲလို႔ က်န္တဲ့သူေတြ ျပန္ေရာက္လာၾကတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ ကုသေရး ဦးစီးဌာနမႉး ေဒါက္တာ တင္ျမင့္ဦးက ေျပာပါတယ္။

"၁၆ရက္ေန႔က ေပ်ာက္သြားတယ္။ ေပ်ာက္သြားတဲ့အခ်ိန္မွာ ေဆးခန္းညေစာင့္ရယ္၊ သူ႔မိန္းမရယ္၊ သူ႔ သမီးရယ္၊ စိုးသူဝင္းရယ္ ေလးေယာက္ေပ်ာက္သြားတယ္။ ေဆးခန္းညေစာင့္ရဲ႕ သမီးက ေပ်ာက္သြားတဲ့ ညေနမွာပဲ ျပန္ေရာက္လာတယ္။ ေဆးခန္းေစာင့္ လင္မယားကေတာ့ ၂၁ ရက္ေန႔ ျပန္ေရာက္လာတယ္။ သူတို႔လင္မယားကို ဆက္သြယ္ၿပီး စစ္ေဆးခ်က္ယူေတာ့ သူတို႔ကို ရကၡိဳင့္စစ္တပ္က ေခၚသြားတယ္ေျပာတယ္။"

ျပန္ေရာက္လာတဲ့ ညေစာင့္ လင္မယားရဲ႕ ေျပာဆိုမႈအရ ဖမ္းဆီးေခၚေဆာင္သြားခ်ိန္မွာ ဦးစိုးသူဝင္းနဲ႔ ပတ္သက္တဲ့ အေၾကာင္းေတြကို စစ္ေဆးေမးျမန္းခဲ့တာေတြ ရွိတယ္လို႔ ေဒါက္တာတင္ျမင့္ဦးက ဆိုပါ တယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီးရေသ့ေတာင္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး႐ုံး၊ ရဲစခန္းနဲ႔သက္ဆိုင္ရာ တာဝန္ ရွိသူေတြထံကို သတင္းေပးပို႔ထားတယ္လို႔ ေျပာပါတယ္။

ဦးစိုးသူဝင္းဟာ ကုန္တန္းေက်းလက္ က်န္းမာေရးဌာနမွာ တာဝန္ထမ္းေဆာင္ေနတာ တစ္ႏွစ္နီးပါးရွိ ေနပါၿပီ။ ေက်းလက္ေန ျပည္သူေတြရဲ႕ ပဏာမက်န္းမာေရး ေစာင့္ေရွာက္မႈေပးေနတဲ့ က်န္းမာေရးမႉး တစ္ဦးျဖစ္တာေၾကာင့္ ျပည္သူလူထု အက်ိဳးေရွးရႈၿပီး ျပန္လႊတ္ေပးဖို႔ အေျခခံက်န္းမာေရး တကၠသိုလ္ေက်ာင္းသားမ်ား သမဂၢက ေမလ ၂၄ ရက္မွာေၾကညာခ်က္ထုတ္ ျပန္ေတာင္းဆိုထားပါတယ္။

လက္ရွိအခ်ိန္အထိေတာ့ ဘာသတင္းမွ မၾကားရေသးတဲ့အတြက္ စိတ္ပူမိတယ္လို႔ အေျခခံက်န္းမာေရး တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢရဲ႕ တာဝန္ရွိသူတစ္ဦးက ဆိုပါတယ္။

"၁၆ရက္ေန႔ ေန႔ခင္း ၁၂ နာရီေလာက္က ေဆးခန္းေစာင့္ လင္မယား ႏွစ္ေယာက္ရယ္။ ဦးစိုးသူဝင္းရယ္ ေပ်ာက္သြားတာ၊ ၾကာသပေတးေန႔ေလာက္က ေဆးခန္းေစာင့္ လင္မယား ႏွစ္ ေယာက္ကေတာ့ ျပန္လာတယ္လို႔ သိရတယ္။ ကိုစိုးသူဝင္းကေတာ့ ဘာသတင္းမွ မရေသးဘူးလို႔ သိရတယ္။"

ဦးစိုးသူဝင္း ေပ်ာက္ဆုံးေနတာ AA အဖြဲ႕က ဖမ္းဆီးသြားတယ္လို႔  သုံးသပ္မႈေတြ ရွိေနေပမယ့္ ဘယ္ အဖြဲ႕အစည္းက ဖမ္းဆီးေခၚေဆာင္သြားတယ္ ဆိုတာကိုေတာ့ RFA က သီးျခားအတည္ မျပဳႏိုင္ေသးပါဘူး။

AA က ဖမ္းဆီးသြားတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ပတ္သက္ၿပီး ရကၡိဳင့္တပ္ေတာ္ AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကို ေမးျမန္းရာမွာေတာ့ “AA အေနနဲ႔ အခုလို ဖမ္းဆီးထားတာမရွိေၾကာင္း၊ ဖမ္းဆီးထားတယ္ဆိုတဲ့ သတင္းလည္း ေရာက္လာတာမရွိေၾကာင္း၊ ဒါေပမဲ့ တခ်ိဳ႕ေနရာေတြမွာ လုံၿခဳံေရးအရ လိုအပ္လို႔ ခဏတာ ေခၚယူေမးျမန္း တာေတြေတာ့ ရွိႏိုင္ေၾကာင္း၊ ဒါေပမဲ့ တကယ္ေခၚယူ ေမးျမန္းတာ ရွိ မရွိေတာ့ သူ႔အေနနဲ႔ အေသခ်ာ ျပန္ေမးၿပီးမွ ေျပာႏိုင္ေၾကာင္း” RFA ကို ေျဖၾကားပါတယ္။ AA အေနနဲ႔ အစိုးရတပ္မေတာ္က တပ္သားေတြနဲ႔အတူ အရပ္သားေတြ ေရာေႏွာပါလာတာ ရွိခဲ့ဖူးေၾကာင္း၊ ဒါေပမဲ့ ဗမာအရပ္သားေတြကို လူမ်ိဳးေရးအရ ပစ္မွတ္ထားၿပီး ဖမ္းဆီးေခၚေဆာင္တာ မရွိေၾကာင္းလည္း AA ေျပာခြင့္ရွိသူ ခိုင္သုခက RFA ကို ေျပာၾကားပါတယ္။

တခ်ိန္မွာလည္း ­က်န္းမာေရးမႉး ေပ်ာက္ဆုံးေနတယ္ဆိုတဲ့ သတင္းနဲ႔ ပတ္သက္ၿပီး အတိအက် သိရဖို႔ လိုက္စုံစမ္းေနေပမယ့္ သြားလာရခက္ခဲတဲ့ ေဒသျဖစ္တာေၾကာင့္ သတင္းအခ်က္အလက္ ရရွိဖို႔ ခက္ခဲေနတယ္လို႔ ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ဆိုပါတယ္။

"အခု ေဘးနားက ႐ြာေတြကို လိုက္စုံစမ္းေနတာ မရေသးဘူး။ အဲဒီ ေနရာက ေရေၾကာင္းနဲ႔ပဲ သြားလို႔ရတယ္။ ေတာ္ေတာ္ေခါင္တဲ့ ေနရာ။ အဲဒါေၾကာင့္ ခက္ေနတာ။ စစ္မက္ျဖစ္ပြားရာ ေဒသမွာေတာ့ ဒါမ်ိဳးကရွိမွာပဲ။ ဒါေပမဲ့ တရားဥပေဒကို လိုက္နာဖို႔လိုတယ္။ ျပည္တြင္းက တည္ဆဲဥပေဒေတြ၊ ႏိုင္ငံတကာက က်င့္သုံးေနတဲ့ ဥပေဒေတြကို အေလးအနက္ ေလးစားဖို႔လိုတယ္။"

ရခိုင္ျပည္နယ္မွာ တိုက္ပြဲကာလအတြင္း အစိုးရဝန္ထမ္းေတြ ဖမ္းဆီးခံရတဲ့ ျဖစ္ရပ္ေတြက မၾကာခဏ ရွိခဲ့ပါတယ္။ AA ဘက္ကလည္း တပ္နဲ႔ ဆက္စပ္မႈရွိတယ္၊ အစိုးရသတင္းေပး ျဖစ္တယ္ဆိုတဲ့ သံသယနဲ႔ ဖမ္းဆီးစစ္ေဆး တာေတြ လုပ္ေလ့ရွိသလို တပ္မေတာ္ကလည္း AA အဖြဲ႕နဲ႔ သက္ဆိုင္တယ္လို႔ ယူဆရ သူေတြကို ဖမ္းဆီးတာေတြ လုပ္ေလ့ရွိၾကပါတယ္။

ျဖဴျဖဴခိုင္ / RFA Burmese
https://www.rfa.org/burmese/news/aa-arrested-health-officer-05252020083703.html
ရသေ့တောင် ကျေးလက်ကျန်းမာရေးမှူး AA ဖမ်းဆီးထားတယ်လို့ မြို့နယ်တာဝန်ရှိသူတွေ ပြောကြား ရသေ့တောင် ကျေးလက်ကျန်းမာရေးမှူး AA ဖမ်းဆီးထားတယ်လို့ မြို့နယ်တာဝန်ရှိသူတွေ ပြောကြား Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.