တံခါးပိတ္ဝါဒ က်င့္သုံးလိုက္ရတဲ့ ကပ္ေရာဂါ

(Zawgyi)⤵⤵⤵
ကမာၻမွာ အရင္ကျဖစ္ပြားတဲ့ ကပ္ေရာဂါေတြအေၾကာင္းနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ထပ္မျပန႔္ပြားေအာင္ ႀကိဳးပမ္းတဲ့ အေနနဲ႔ ေလေၾကာင္းလိုင္းေတြ ဆိုင္းငံ့၊ နယ္စပ္ေတြလည္း ပိတ္ရတဲ့အေၾကာင္း ေဒၚစမ္းစမ္းတင္က တင္ျပထားပါတယ္။

တစ္ေနရာက စျဖစ္ပြားေပမယ့္ ကမာၻကို လ်င္လ်င္ျမန္ျမန္ ျပန႔္သြားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါကပ္ေၾကာင့္ တစ္ေန႔တစ္ေန႔ ကူးစက္သူဦးေရေရာ၊ ေသဆုံးရသူဦးေရပါ တိုးလို႔လာေနပါတယ္။ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ ၂၀၁၉ ဒီဇင္ဘာလကတည္းက ျဖစ္ေနၿပီး ၂၀၂၀ ဇန္နဝါရီလမွာ ကမာၻက စသိလာပါတယ္။ သိလာၿပီးတဲ့ေနာက္ တစ္ႏိုင္ငံၿပီးတစ္ႏိုင္ငံကို မယုံႏိုင္စရာ အျမန္ကူးစက္သြားတာမို႔ ကမာၻ႔ကပ္ေရာဂါအျဖစ္ WHO ကမာၻ႔က်န္းမာေရး အဖြဲ႕က သတ္မွတ္လိုက္ရပါတယ္။

သူတို႔ႏိုင္ငံကစၿပီး ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမယ္လို႔ တ႐ုတ္သိပၸံပညာရွင္ေတြ ကိုယ္တိုင္ သတိေပးထားတဲ့အျပင္ ကမာၻေက်ာ္ မိုက္က႐ိုေဆာ့ဖ္ သူေဌး Bill Gates ကလည္း ဒါကို ၂၀၁၅ ကတည္းက သတိေပးထားပါတယ္။ ကမာၻမွာ န်ဴကလီးယားအတြက္ ရင္းႏွီးျမႇဳပ္ႏွံေနေပမယ့္ ဗိုင္းရပ္စ္ ကပ္ေရာဂါ ရပ္တန႔္သြားေအာင္လုပ္မယ့္ စနစ္အတြက္ အနည္းအက်ဥ္းပဲ ျမႇဳပ္ႏွံတယ္လို႔ TED ဆိုတဲ့ နည္းပညာ၊ ပညာေရးနဲ႔ ေျဖေဖ်ာ္ေရးဆိုင္ရာ ေဟာေျပာပြဲမွာ ေျပာဖူးတာပါ။

ကြၽန္ေတာ္တို႔ဟာ ေနာက္လာမယ့္ ကမာၻ႔ကပ္ေရာဂါအတြက္ အဆင္သင့္မျဖစ္ေသးဘူးလို႔ ေျပာတာပါ။

ကမာၻမွာ ဒီလို ကပ္ေရာဂါမ်ိဳး ၁၉၁၈ က ၁၉၁၉ ထိ က်ေရာက္ခဲ့ခ်ိန္က ကမာၻ႔လူဦးေရ သုံးပုံတစ္ပုံျဖစ္တဲ့ လူ သန္း ၅၀၀ ေလာက္ H1N1 ဗိုင္းရပ္စ္ ကူးစက္ခံရပါတယ္။

ဒါကို စပိန္တုပ္ေကြးလို႔လည္း ေခၚေဝၚၿပီး ကမာၻတစ္ဝန္း အနည္းဆုံး လူ သန္း ၅၀ ေလာက္ ေသဆုံးခဲ့ရပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာတင္ ေျခာက္သိန္း ခုႏွစ္ေသာင္းခြဲေလာက္ ေသဆုံးရတာပါ။ ခု ကမာၻမွာ ရင္ဆိုင္ ေနရတဲ့ ကိုလို႐ိုနာဗိုင္းရပ္စ္က အသက္ ၆၀ ေက်ာ္အ႐ြယ္ေတြအတြက္ စိုးရိမ္ရတယ္လို႔ ေျပာထားေပမယ့္ အေမရိကန္ျပည္ေထာင္စု CDC - ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန စာရင္းအရ ဒီေရာဂါနဲ႔ ေဆး႐ုံတက္ရတဲ့ လူ စုစုေပါင္းရဲ႕  ၄၀% ဟာ အသက္ ၂၀ က ၅၄ ႏွစ္႐ြယ္ေတြျဖစ္ၿပီး ကြယ္လြန္ရသူေတြက သက္ႀကီး႐ြယ္အိုေတြ၊ နဂိုေရာဂါအခံရွိသူေတြလို႔ ေဖာ္ျပပါတယ္။

စပိန္တုပ္ေကြးတုန္းကေတာ့ အသက္ ၁၅ ႏွစ္က ၃၄ က်န္းမာသန္းစြမ္းတဲ့ လူငယ္လူ႐ြယ္ေတြ အမ်ားဆုံး ေသဆုံးရပါတယ္။ စျဖစ္ျဖစ္ခ်င္း ပထမသီတင္း ၂၅ ပတ္မွာ လူ ၂၅ သန္းေသဆုံးရတာမို႔ အဲဒိ စပိန္ကပ္ေရာဂါဟာ ရာဇဝင္မွာ စာတင္ရတဲ့ တုပ္ေကြးေရာဂါျဖစ္ၿပီး ေနာက္ရာဇဝင္တြင္မယ့္ ခု ျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကေတာ့ အရွိန္ေကာင္းေနတုန္းပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ကူးစက္ေသဆုံးတဲ့ႏႈန္းက အခ်ိန္နဲ႔ အမွ်ေျပာင္းေနပါတယ္။

တ႐ုတ္ႏိုင္ငံကေန ၁၉၅၆ ခုႏွစ္မွာ စျဖစ္ပြားၿပီး ၁၉၅၈  မွာမွ တစခန္းရပ္သြားတဲ့ H2N1 အာရွတုပ္ေကြးဟာ စင္ကာပူ၊ ေဟာင္ေကာင္နဲ႔ အေမရိကန္ျပည္ေထာင္စုအထိ ေရာက္သြားၿပီး လူ ႏွစ္သန္းေလာက္ ေသဆုံးရပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ တင္ လူ ‌ေျခာက္ေသာင္းကိုးေထာင္ေက်ာ္ ေသဆုံးရတာပါ။

၁၉၉၉ မွာ မေလးရွားမွာ ျဖစ္ပြားတဲ့ နီပါး ဗိုင္းရပ္စ္၊ ၂၀၀၂ မွာ တ႐ုတ္ႏိုင္ငံက ျဖစ္ပြားတဲ့ ဆားစ္၊ ၂၀၀၃ မွာ တ႐ုတ္ႏိုင္ငံကပဲ စျဖစ္တဲ့ H5N1 ၾကက္ငွက္တုပ္ေကြး၊ ၂၀၁၂ မွာ အေရွ႕အလယ္ပိုင္း ေဆာ္ဒီအာေရဗ်က စျဖစ္ပြားတဲ့ မားစ္၊ ၂၀၁၃ မွာ တ႐ုတ္ႏိုင္ငံကပဲ စျဖစ္ပြားတဲ့ h7n9  ၾကက္ငွက္တုပ္ေကြး၊ ၂၀၀၉ ခုႏွစ္မွာ စျဖစ္ၿပီး  ျမန္မာႏိုင္ငံလည္း မလြတ္တဲ့ H1N1 ဝက္တုပ္ေကြး  စတာေတြေၾကာင့္ လူ အေသအေပ်ာက္ရွိပါတယ္။

ျမန္မာႏိုင္ငံမွာလည္း ႀကဳံေနရတဲ့ ရာသီတုပ္ေကြးကိုလည္း ႏွစ္စဥ္ လူ သန္းတစ္ေထာင္ခံစားရၿပီး လူ ႏွစ္သိန္း ကိုးေသာင္းကေန ေျခာက္သိန္းခြဲ ေသဆုံးရပါတယ္။ ေသဆုံးႏႈန္းက သုညဒႆမတစ္ ရာခိုင္ႏႈန္းေအာက္ ရွိပါတယ္။

ခု ကမာၻမွာ ရင္ဆိုင္ေနရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ လူကလူခ်င္း ကူးစက္တဲ့အျပင္ စကူးကူးခ်င္း ေရာဂါလကၡဏာ မျပတဲ့ဘဲ ေရာဂါပ်ိဳးခ်ိန္က သီတင္းႏွစ္ပတ္ရွိတာမို႔ လူတစ္ေယာက္က ေနာက္လူတစ္ေယာက္၊ အဲဒီတစ္ေယာက္က ေနာက္တစ္ေယာက္ ထပ္ဆင့္ကူးသြားတာမို႔  စိုးရိမ္ရတာပါ။

ဒီလို ေရာဂါကပ္ေနာက္မွာ စီးပြားေရးကပ္ တြဲပါလာေပမယ့္ ေလာေလာဆယ္ေတာ့ စီးပြားေရး နာလန္ထူမယ့္ အေရးထက္ ဒီေရာဂါ မျပန႔္ပြားဖို႔ ႏိုင္ငံအစိုးရေတြက နည္းမ်ိဳးစုံနဲ႔ ႀကိဳးစားေနရပါတယ္။ ဒီထဲ ေလယာဥ္ခရီးစဥ္ ေတြလည္း ျဖတ္ေတာက္ ပိတ္ပင္၊ ႏိုင္ငံနယ္စပ္ေတြလည္း ပိတ္ပစ္တဲ့အျပင္ ဥပေဒအရလည္း တင္းက်ပ္တာမို႔ ကမာၻမွာ တံခါးဖြင့္ဝါဒက်င့္သုံးတဲ့ ႏိုင္ငံေတြဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ မလႊဲမေရွာင္သာဘဲ တံခါးပိတ္ဝါဒ က်င့္သုံးရပါေတာ့တယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
တံခါးပိတ်ဝါဒ ကျင့်သုံးလိုက်ရတဲ့ ကပ်ရောဂါ

ကမ္ဘာမှာ အရင်ကဖြစ်ပွားတဲ့ ကပ်ရောဂါတွေအကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ထပ်မပြန့်ပွားအောင် ကြိုးပမ်းတဲ့ အနေနဲ့ လေကြောင်းလိုင်းတွေ ဆိုင်းငံ့၊ နယ်စပ်တွေလည်း ပိတ်ရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

တစ်နေရာက စဖြစ်ပွားပေမယ့် ကမ္ဘာကို လျင်လျင်မြန်မြန် ပြန့်သွားတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကပ်ကြောင့် တစ်နေ့တစ်နေ့ ကူးစက်သူဦးရေရော၊ သေဆုံးရသူဦးရေပါ တိုးလို့လာနေပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ၂၀၁၉ ဒီဇင်ဘာလကတည်းက ဖြစ်နေပြီး ၂၀၂၀ ဇန်နဝါရီလမှာ ကမ္ဘာက စသိလာပါတယ်။ သိလာပြီးတဲ့နောက် တစ်နိုင်ငံပြီးတစ်နိုင်ငံကို မယုံနိုင်စရာ အမြန်ကူးစက်သွားတာမို့ ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်လိုက်ရပါတယ်။

သူတို့နိုင်ငံကစပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမယ်လို့ တရုတ်သိပ္ပံပညာရှင်တွေ ကိုယ်တိုင် သတိပေးထားတဲ့အပြင် ကမ္ဘာကျော် မိုက်ကရိုဆော့ဖ် သူဌေး Bill Gates ကလည်း ဒါကို ၂၀၁၅ ကတည်းက သတိပေးထားပါတယ်။ ကမ္ဘာမှာ နျူကလီးယားအတွက် ရင်းနှီးမြှုပ်နှံနေပေမယ့် ဗိုင်းရပ်စ် ကပ်ရောဂါ ရပ်တန့်သွားအောင်လုပ်မယ့် စနစ်အတွက် အနည်းအကျဉ်းပဲ မြှုပ်နှံတယ်လို့ TED ဆိုတဲ့ နည်းပညာ၊ ပညာရေးနဲ့ ဖြေဖျော်ရေးဆိုင်ရာ ဟောပြောပွဲမှာ ပြောဖူးတာပါ။

ကျွန်တော်တို့ဟာ နောက်လာမယ့် ကမ္ဘာ့ကပ်ရောဂါအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ပြောတာပါ။

ကမ္ဘာမှာ ဒီလို ကပ်ရောဂါမျိုး ၁၉၁၈ က ၁၉၁၉ ထိ ကျရောက်ခဲ့ချိန်က ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံဖြစ်တဲ့ လူ သန်း ၅၀၀ လောက် H1N1 ဗိုင်းရပ်စ် ကူးစက်ခံရပါတယ်။


ဒါကို စပိန်တုပ်ကွေးလို့လည်း ခေါ်ဝေါ်ပြီး ကမ္ဘာတစ်ဝန်း အနည်းဆုံး လူ သန်း ၅၀ လောက် သေဆုံးခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတင် ခြောက်သိန်း ခုနှစ်သောင်းခွဲလောက် သေဆုံးရတာပါ။ ခု ကမ္ဘာမှာ ရင်ဆိုင် နေရတဲ့ ကိုလိုရိုနာဗိုင်းရပ်စ်က အသက် ၆၀ ကျော်အရွယ်တွေအတွက် စိုးရိမ်ရတယ်လို့ ပြောထားပေမယ့် အမေရိကန်ပြည်ထောင်စု CDC - ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန စာရင်းအရ ဒီရောဂါနဲ့ ဆေးရုံတက်ရတဲ့ လူ စုစုပေါင်းရဲ့  ၄၀% ဟာ အသက် ၂၀ က ၅၄ နှစ်ရွယ်တွေဖြစ်ပြီး ကွယ်လွန်ရသူတွေက သက်ကြီးရွယ်အိုတွေ၊ နဂိုရောဂါအခံရှိသူတွေလို့ ဖော်ပြပါတယ်။

စပိန်တုပ်ကွေးတုန်းကတော့ အသက် ၁၅ နှစ်က ၃၄ ကျန်းမာသန်းစွမ်းတဲ့ လူငယ်လူရွယ်တွေ အများဆုံး သေဆုံးရပါတယ်။ စဖြစ်ဖြစ်ချင်း ပထမသီတင်း ၂၅ ပတ်မှာ လူ ၂၅ သန်းသေဆုံးရတာမို့ အဲဒိ စပိန်ကပ်ရောဂါဟာ ရာဇဝင်မှာ စာတင်ရတဲ့ တုပ်ကွေးရောဂါဖြစ်ပြီး နောက်ရာဇဝင်တွင်မယ့် ခု ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကတော့ အရှိန်ကောင်းနေတုန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကူးစက်သေဆုံးတဲ့နှုန်းက အချိန်နဲ့ အမျှပြောင်းနေပါတယ်။

တရုတ်နိုင်ငံကနေ ၁၉၅၆ ခုနှစ်မှာ စဖြစ်ပွားပြီး ၁၉၅၈  မှာမှ တစခန်းရပ်သွားတဲ့ H2N1 အာရှတုပ်ကွေးဟာ စင်ကာပူ၊ ဟောင်ကောင်နဲ့ အမေရိကန်ပြည်ထောင်စုအထိ ရောက်သွားပြီး လူ နှစ်သန်းလောက် သေဆုံးရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တင် လူ ‌ခြောက်သောင်းကိုးထောင်ကျော် သေဆုံးရတာပါ။

၁၉၉၉ မှာ မလေးရှားမှာ ဖြစ်ပွားတဲ့ နီပါး ဗိုင်းရပ်စ်၊ ၂၀၀၂ မှာ တရုတ်နိုင်ငံက ဖြစ်ပွားတဲ့ ဆားစ်၊ ၂၀၀၃ မှာ တရုတ်နိုင်ငံကပဲ စဖြစ်တဲ့ H5N1 ကြက်ငှက်တုပ်ကွေး၊ ၂၀၁၂ မှာ အရှေ့အလယ်ပိုင်း ဆော်ဒီအာရေဗျက စဖြစ်ပွားတဲ့ မားစ်၊ ၂၀၁၃ မှာ တရုတ်နိုင်ငံကပဲ စဖြစ်ပွားတဲ့ h7n9  ကြက်ငှက်တုပ်ကွေး၊ ၂၀၀၉ ခုနှစ်မှာ စဖြစ်ပြီး  မြန်မာနိုင်ငံလည်း မလွတ်တဲ့ H1N1 ဝက်တုပ်ကွေး  စတာတွေကြောင့် လူ အသေအပျောက်ရှိပါတယ်။

မြန်မာနိုင်ငံမှာလည်း ကြုံနေရတဲ့ ရာသီတုပ်ကွေးကိုလည်း နှစ်စဉ် လူ သန်းတစ်ထောင်ခံစားရပြီး လူ နှစ်သိန်း ကိုးသောင်းကနေ ခြောက်သိန်းခွဲ သေဆုံးရပါတယ်။ သေဆုံးနှုန်းက သုညဒဿမတစ် ရာခိုင်နှုန်းအောက် ရှိပါတယ်။

ခု ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူကလူချင်း ကူးစက်တဲ့အပြင် စကူးကူးချင်း ရောဂါလက္ခဏာ မပြတဲ့ဘဲ ရောဂါပျိုးချိန်က သီတင်းနှစ်ပတ်ရှိတာမို့ လူတစ်ယောက်က နောက်လူတစ်ယောက်၊ အဲဒီတစ်ယောက်က နောက်တစ်ယောက် ထပ်ဆင့်ကူးသွားတာမို့  စိုးရိမ်ရတာပါ။

ဒီလို ရောဂါကပ်နောက်မှာ စီးပွားရေးကပ် တွဲပါလာပေမယ့် လောလောဆယ်တော့ စီးပွားရေး နာလန်ထူမယ့် အရေးထက် ဒီရောဂါ မပြန့်ပွားဖို့ နိုင်ငံအစိုးရတွေက နည်းမျိုးစုံနဲ့ ကြိုးစားနေရပါတယ်။ ဒီထဲ လေယာဉ်ခရီးစဉ် တွေလည်း ဖြတ်တောက် ပိတ်ပင်၊ နိုင်ငံနယ်စပ်တွေလည်း ပိတ်ပစ်တဲ့အပြင် ဥပဒေအရလည်း တင်းကျပ်တာမို့ ကမ္ဘာမှာ တံခါးဖွင့်ဝါဒကျင့်သုံးတဲ့ နိုင်ငံတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မလွှဲမရှောင်သာဘဲ တံခါးပိတ်ဝါဒ ကျင့်သုံးရပါတော့တယ်။

RFA Burmese
https://www.rfa.org
တံခါးပိတ္ဝါဒ က်င့္သုံးလိုက္ရတဲ့ ကပ္ေရာဂါ တံခါးပိတ္ဝါဒ က်င့္သုံးလိုက္ရတဲ့ ကပ္ေရာဂါ Reviewed by THITHTOOLWIN on 00:51 Rating: 5
Powered by Blogger.