ေအေအ လက္နက္ကိုင္အဖြဲ႕အား အၾကမ္းဖက္အုပ္စုႏွင့္ မတရားအသင္းအျဖစ္ ေၾကညာ

(Zawgyi)⤵⤵⤵

    ရန္ကုန္၊ မတ္ ၂၃ ရက္ (ဆင္ဟြာ)

    ေအေအ လက္နက္ကိုင္အဖြဲ႕အား အၾကမ္းဖက္တိုက္ဖ်က္ေရးဗဟိုအဖြဲ႕ႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာနတို႔မွ ယေန႔ မတ္ ၂၃ ရက္၌ အၾကမ္းဖက္အုပ္စုႏွင့္ မတရားအသင္းအျဖစ္ ေၾကညာခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာနက ထုတ္ျပန္ေသာ သတင္းအရ သိရသည္။

အၾကမ္းဖက္တိုက္ဖ်က္မႈဥပေဒ  ပုဒ္မ ၆၊ ပုဒ္မခြဲ (င)ႏွင့္ ပုဒ္မ ၇၂ ၊ ပုဒ္မခြဲ(ခ)ပါ လုပ္ပိုင္ခြင့္ကို က်င့္သုံးၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႕၏ သေဘာတူညီခ်က္ျဖင့္ အမိန႔္ေၾကာ္ျငာစာကို ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။

ေအေအ လက္နက္ကိုင္အဖြဲ႕သည္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းရွိ ျပည္သူမ်ားအား စည္း႐ုံး၍ လည္းေကာင္း၊ အေၾကာက္တရားျဖင့္ လႊမ္းမိုး၍ လည္းေကာင္း ေဒသခံျပည္သူမ်ားကို အကာကြယ္ယူ၍ လည္းေကာင္း ေဒသခံစစ္ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၏ လုံၿခဳံေရးစခန္းမ်ားကို တိုက္ခိုက္ျခင္း၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမ်ား၊ အစိုးရဝန္ထမ္းမ်ား၊ အျပစ္မဲ့အရပ္သားျပည္သူမ်ားအား ဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္း၊ ႏိုပ္စက္ျခင္း၊ ေက်း႐ြာမ်ားအတြင္း ပစ္ခတ္ျခင္း၊ မိုင္းေထာင္ျခင္းမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း၊ အဆိုပါ အၾကမ္းဖက္လုပ္ရက္သည္ အမ်ားျပည္သူ၏ လုံၿခဳံေရး အသက္အိုးအိမ္စည္းစိမ္ကိုလည္းေကာင္း အမ်ားျပည္သူ(သို႔) ပုဂၢလိကအတြက္အေရးႀကီးေသာ အေျခခံအေဆာက္အအုံမ်ားကိုလည္းေကာင္း၊ ႏိုင္ငံပိုင္အေဆာက္အအုံ၊ ယာဥ္ အသုံးအေဆာင္မ်ားကို ျပင္းထန္စြာ ထိခိုက္ဆုံးရႈံးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါ ေအေအ လက္နက္ကိုင္အဖြဲ႕သည္ တပ္မေတာ္အတြင္း မွတ္ပုံတင္ထားေသာ ေရယာဥ္ေလယာဥ္ အျခားစက္တပ္ယာဥ္မ်ားအေပၚ အၾကမ္းဖက္က်ဴးလြန္ခဲ့ၿပီး ႏိုင္ငံေတာ္အတြင္း အေျချပဳ၍ ႏိုင္ငံေတာ္ကို အၾကမ္းဖက္မႈမ်ား က်ဴးလြန္လ်က္ရွိေၾကာင္း၊ အၾကမ္းဖက္အမႈမ်ားက်ဴးလြန္ခဲ့သည့္ ေအေအလက္နက္ကိုင္အဖြဲ႕ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကညာလိုက္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အလားတူ ျပည္ထဲေရးဝန္ႀကီးဌာနကလည္း ေအေအလက္နက္ကိုင္အဖြဲ႕အား မတရားအသင္းအျဖစ္ ယေန႔ ေန႔စြဲျဖင့္ ထုတ္ျပန္ေၾကညာခဲ့ေၾကာင္း သိရသည္။ေအေအ လက္နက္ကိုင္အဖြဲ႕ႏွင့္ အဖြဲ႕ဝင္မ်ား၊ယင္းအဖြဲ႕၏ လက္ေအာက္ခံအဖြဲ႕မ်ား၊ ယင္းအဖြဲ႕ႏွင့္ ဆက္ႏြယ္သည့္ ပုဂၢိဳလ္မ်ား၏ ရည္႐ြယ္ခ်က္ႏွင့္ လုပ္ရက္မ်ားသည္ ျမန္မာႏိုင္ငံ၏ တရားဥပေဒစိုးမိုးေရးကိုလည္းေကာင္း ႏိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းျခင္းကိုလည္းေကာင္း အမ်ားျပည္သူတို႔၏ ေအးခ်မ္းသာယာေရးကို လည္းေကာင္း အေႏွာက္အယွက္ အႏၲရယ္ျဖစ္ေစသည္ဟု ယုံၾကည္၊ယူဆေသာေၾကာင့္ ႏိုင္ငံေတာ္သမၼတက မတရားအသင္းအက္ဥပေဒ ၁၆ အရ ယင္းအဖြဲ႕ႏွင့္ လက္ေအာက္ခံအဖြဲ႕မ်ားအား မတရားအသင္းမ်ား အက္ဥပေဒပုဒ္မ ၁၅ ၊ပုဒ္မခြဲ ၂ပါ အဓိပၸါယ္ေဖာ္ျပခ်က္မ်ားႏွင့္ အညီ မတရားအသင္းအျဖစ္ ေၾကညာလိုက္ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
အေအေ လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာ

    ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

    အေအေ လက်နက်ကိုင်အဖွဲ့အား အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ယနေ့ မတ် ၂၃ ရက်၌ အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အကြမ်းဖက်တိုက်ဖျက်မှုဥပဒေ  ပုဒ်မ ၆၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂ ၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အေအေ လက်နက်ကိုင်အဖွဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများအား စည်းရုံး၍ လည်းကောင်း၊ အကြောက်တရားဖြင့် လွှမ်းမိုး၍ လည်းကောင်း ဒေသခံပြည်သူများကို အကာကွယ်ယူ၍ လည်းကောင်း ဒေသခံစစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးစခန်းများကို တိုက်ခိုက်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးများ၊ အစိုးရဝန်ထမ်းများ၊ အပြစ်မဲ့အရပ်သားပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နိုပ်စက်ခြင်း၊ ကျေးရွာများအတွင်း ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ အဆိုပါ အကြမ်းဖက်လုပ်ရက်သည် အများပြည်သူ၏ လုံခြုံရေး အသက်အိုးအိမ်စည်းစိမ်ကိုလည်းကောင်း အများပြည်သူ(သို့) ပုဂ္ဂလိကအတွက်အရေးကြီးသော အခြေခံအဆောက်အအုံများကိုလည်းကောင်း၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ် အသုံးအဆောင်များကို ပြင်းထန်စွာ ထိခိုက်ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အေအေ လက်နက်ကိုင်အဖွဲ့သည် တပ်မတော်အတွင်း မှတ်ပုံတင်ထားသော ရေယာဉ်လေယာဉ် အခြားစက်တပ်ယာဉ်များအပေါ် အကြမ်းဖက်ကျူးလွန်ခဲ့ပြီး နိုင်ငံတော်အတွင်း အခြေပြု၍ နိုင်ငံတော်ကို အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိကြောင်း၊ အကြမ်းဖက်အမှုများကျူးလွန်ခဲ့သည့် အေအေလက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ပြည်ထဲရေးဝန်ကြီးဌာနကလည်း အေအေလက်နက်ကိုင်အဖွဲ့အား မတရားအသင်းအဖြစ် ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။အေအေ လက်နက်ကိုင်အဖွဲ့နှင့် အဖွဲ့ဝင်များ၊ယင်းအဖွဲ့၏ လက်အောက်ခံအဖွဲ့များ၊ ယင်းအဖွဲ့နှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့် လုပ်ရက်များသည် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကိုလည်းကောင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းခြင်းကိုလည်းကောင်း အများပြည်သူတို့၏ အေးချမ်းသာယာရေးကို လည်းကောင်း အနှောက်အယှက် အန္တရယ်ဖြစ်စေသည်ဟု ယုံကြည်၊ယူဆသောကြောင့် နိုင်ငံတော်သမ္မတက မတရားအသင်းအက်ဥပဒေ ၁၆ အရ ယင်းအဖွဲ့နှင့် လက်အောက်ခံအဖွဲ့များအား မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅ ၊ပုဒ်မခွဲ ၂ပါ အဓိပ္ပါယ်ဖော်ပြချက်များနှင့် အညီ မတရားအသင်းအဖြစ် ကြေညာလိုက်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ေအေအ လက္နက္ကိုင္အဖြဲ႕အား အၾကမ္းဖက္အုပ္စုႏွင့္ မတရားအသင္းအျဖစ္ ေၾကညာ ေအေအ လက္နက္ကိုင္အဖြဲ႕အား အၾကမ္းဖက္အုပ္စုႏွင့္ မတရားအသင္းအျဖစ္ ေၾကညာ Reviewed by THITHTOOLWIN on 00:56 Rating: 5
Powered by Blogger.