Coronavirus ကူးစက္မႈ အ႐ွိန္ေလ်ာ႔ေပမဲ႔ မေပါ႔ဆဖို႔ WHO သတိေပး

(Zawgyi)⤵⤵⤵
တ႐ုတ္ႏုိင္ငံ ၀ူဟန္ၿမိဳ႕က စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ ကုိ႐ုိနာဗုိင္းရပ္စ္ အႏၱရာယ္ဟာ အဆုိးဆုံး အေျခအေနကုိ ေက်ာ္လႊားၿပီလုိ႔ ေျပာဖုိ႔ အခ်ိန္ေစာေသးေၾကာင္း ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) ကေျပာလုိက္ပါတယ္။

လြန္ခဲ့တဲ့ သီတင္းပတ္အတြင္း တ႐ုတ္ႏုိင္ငံမွာ ဗုိင္းရပ္စ္ပုိး ကူးစက္သူ အေရအတြက္ တည္ၿငိမ္စျပဳလာေပမဲ့ သတိႀကီးႀကီးထား ေစာင့္ၾကည့္သြားဖုိ႔ လုိတဲ့အေၾကာင္း WHO အႀကီးအကဲက ေျပာဆုိလုိက္တာပါ။ ကူးစက္မႈ မီးေတာက္တခု ၿငိမ္းစျပဳတဲ့အခ်ိန္မွာပဲ ေနာက္ထပ္ ၅ ေနရာေလာက္မွာ ရင္ဆုိင္ေနရဆဲျဖစ္ေၾကာင္း WHO ညႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus က ဆြစ္ဇာလန္ႏုိင္ငံ ဂ်နီဗာၿမိဳ႕မွာ ေျပာဆုိလုိက္တာပါ။

COVID-19 လုိ႔ တရား၀င္ အမည္ေပးထားတဲ့ ဗုိင္းရပ္စ္ပုိးေၾကာင့္ တ႐ုတ္ႏုိင္ငံမွာ ေသဆုံးသူ အေရအတြက္ဟာ ဂ်နီဗာစံေတာ္ခ်ိန္ ဗုဒၶဟူးေန႔မနက္ပုိင္းအထိ ၁,၁၁၄ ေယာက္ရွိခဲ့ၿပီး၊ ကူးစက္သူ ၄၄,၇၃၀ အထိ ရွိခဲ့သလုိ၊ တ႐ုတ္ႏုိင္ငံ ျပင္ပက ႏုိင္ငံေပါင္း ၂၄ ႏုိင္ငံမွာ ေသဆုံးသူတစ္ဦးနဲ႔ ကူးစက္သူ ၄၄၁ ေယာက္ ရွိေၾကာင္းလည္း ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ အေမရိကန္ အေပ်ာ္စီးသေဘၤာ Westerdam ကုိ ကေမာၻဒီးယားႏုိင္ငံက ကမ္းကပ္ခြင့္ျပဳဖုိ႔ သေဘာတူခဲ့တဲ့ အေပၚမွာလည္း ခ်ီးက်ဳးခဲ့တာပါ။

ဗုိင္းရပ္စ္ပုိး ကူးစက္မွာ စုိးရိမ္မႈေတြေၾကာင့္ အာရွေဒသက ဆိပ္ကမ္း ေတာ္ေတာ္မ်ားမ်ားက လက္မခံခဲ့ပဲ ျဖစ္ခဲ့ၿပီး အခုေနာက္ဆုံး ကေမာၻဒီးယားႏုိင္ငံက လက္ခံခဲ့တာဟာ ႏုိင္ငံတကာမွာ ညီညြတ္မႈကုိ ျပသတဲ့ နမူနာေကာင္းတခု ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ေရာဂါကူးစက္ပ်ံ႕ပြားမႈ အႏၱရာယ္ကုိ တုံ႔ျပန္ရာမွာ လူပုဂၢိဳလ္ တဦးခ်င္းကုိပဲျဖစ္ျဖစ္၊ ႏုိင္ငံတခုခုကုိပဲျဖစ္ျဖစ္ ခဲြျခားသတ္မွတ္ ဆက္ဆံတာမ်ဳိးဟာ အေကာင္းထက္ အဆုိးေတြကုိသာ ဦးတည္ေစႏုိင္တယ္လုိ႔လည္း WHO အႀကီးအကဲက သတိေပးခဲ့ပါတယ္။

(Unicode)

Coronavirus ကူးစက်မှု အရှိန်လျော့ပေမဲ့ မပေါ့ဆဖို့ WHO သတိပေး

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ဟာ အဆိုးဆုံး အခြေအနေကို ကျော်လွှားပြီလို့ ပြောဖို့ အချိန်စောသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်သူ အရေအတွက် တည်ငြိမ်စပြုလာပေမဲ့ သတိကြီးကြီးထား စောင့်ကြည့်သွားဖို့ လိုတဲ့အကြောင်း WHO အကြီးအကဲက ပြောဆိုလိုက်တာပါ။

ကူးစက်မှု မီးတောက်တခု ငြိမ်းစပြုတဲ့အချိန်မှာပဲ နောက်ထပ် ၅ နေရာလောက်မှာ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြောဆိုလိုက်တာပါ။ COVID-19 လို့ တရားဝင် အမည်ပေးထားတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ အရေအတွက်ဟာ ဂျနီဗာစံတော်ချိန် ဗုဒ္ဓဟူးနေ့မနက်ပိုင်းအထိ ၁,၁၁၄ ယောက်ရှိခဲ့ပြီး၊ ကူးစက်သူ ၄၄,၇၃၀ အထိ ရှိခဲ့သလို၊ တရုတ်နိုင်ငံ ပြင်ပက နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ သေဆုံးသူတစ်ဦးနဲ့ ကူးစက်သူ ၄၄၁ ယောက် ရှိကြောင်းလည်း ပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန် အပျော်စီးသင်္ဘော Westerdam ကို ကမ္ဘောဒီးယားနိုင်ငံက ကမ်းကပ်ခွင့်ပြုဖို့ သဘောတူခဲ့တဲ့ အပေါ်မှာလည်း ချီးကျုးခဲ့တာပါ။ ဗိုင်းရပ်စ်ပိုး ကူးစက်မှာ စိုးရိမ်မှုတွေကြောင့် အာရှဒေသက ဆိပ်ကမ်း တော်တော်များများက လက်မခံခဲ့ပဲ ဖြစ်ခဲ့ပြီး အခုနောက်ဆုံး ကမ္ဘောဒီးယားနိုင်ငံက လက်ခံခဲ့တာဟာ နိုင်ငံတကာမှာ ညီညွတ်မှုကို ပြသတဲ့ နမူနာကောင်းတခု ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရောဂါကူးစက်ပျံ့ပွားမှု အန္တရာယ်ကို တုံ့ပြန်ရာမှာ လူပုဂ္ဂိုလ် တဦးချင်းကိုပဲဖြစ်ဖြစ်၊ နိုင်ငံတခုခုကိုပဲဖြစ်ဖြစ် ခွဲခြားသတ်မှတ် ဆက်ဆံတာမျိုးဟာ အကောင်းထက် အဆိုးတွေကိုသာ ဦးတည်စေနိုင်တယ်လို့လည်း WHO အကြီးအကဲက သတိပေးခဲ့ပါတယ်။

VOA (Burmese)
https://burmese.voanews.com
Coronavirus ကူးစက္မႈ အ႐ွိန္ေလ်ာ႔ေပမဲ႔ မေပါ႔ဆဖို႔ WHO သတိေပး Coronavirus ကူးစက္မႈ အ႐ွိန္ေလ်ာ႔ေပမဲ႔ မေပါ႔ဆဖို႔ WHO သတိေပး Reviewed by THITHTOOLWIN on 12:14 Rating: 5
Powered by Blogger.