ဟိုတယ္မွာမတည္းတဲ့ တ႐ုတ္ခရီးသြားကို ကူရွာေပးဖို႔ တိုက္တြန္း

(Zawgyi)⤵⤵⤵
တ႐ုတ္ခရီးသြားတခ်ိဳ႕ ဟိုတယ္ေတြမွာမတည္းဘဲ သာမန္အရပ္သားေတြလို ရပ္ကြက္ေတြမွာ တည္းခိုၾကတာရွိေန တာေၾကာင့္၊ ကိုဗစ္ (Covid) ေခၚ  ကို႐ိုနာဗိုင္းရပ္စ္ အသိပညာေပးလုပ္တဲ့အခါ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန က ကူညီရွာေဖြေပးဖို႔ က်န္းမာေရးဝန္ႀကီးဌာနက တိုက္တြန္းထားပါတယ္။

အဲလိုေနထိုင္တဲ့အထဲ တ႐ုတ္ေတြ ဝင္ထြက္သြားလာမႈမ်ားတဲ့ မႏၲေလးလည္းပါေနပါတယ္။ တနလၤာေန႔တုန္းက က်င္းပတဲ့ မႏၲေလးတိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးမွာ လူမွန္သမွ် ဝူဟန္ဗိုင္းရပ္စ္ကို ေၾကာက္လန႔္ေနရ တဲ့ အေနအထားျဖစ္ေနတာမို႔ တရားမဝင္လူေနထိုင္မႈေတြကို တင္းၾကပ္ေပးဖို႔ သာစည္ၿမိဳ႕နယ္ လႊတ္ေတာ္စား လွယ္ ဦးမိုးျမင့္သန္း က ေဆြးေႏြးခဲ့ပါတယ္။

"ကို႐ိုနာဗိုင္းရပ္စ္ဟာ ကမာၻ႔ေနရာအသီးသီးမွာ ပ်ံ႕ႏွံ႔ေနၿပီလို႔ သိရွိရပါတယ္။ ေပ်ာက္ကင္းကုသႏိုင္တဲ့ ေဆး မရွိေသးဘူးလို႔ သိရတဲ့အတြက္ အလြန္ထိတ္လန႔္ ေၾကာက္႐ြံ႕စရာေကာင္းတဲ့ေရာဂါပိုးျဖစ္ပါတယ္။ အခုအခ်ိန္က လူမွန္သမွ် ဝူဟန္အတြက္ ေၾကာက့္႐ြံေနရတဲ့အခ်ိန္ျဖစ္ပါတယ္။ တရားမဝင္လမ္းေၾကာင္းက ဥပေဒမဲ့ ခိုးဝင္လာ သူေတြထဲမွာ တကယ္လို႔မ်ား ဒီဗိုင္းရပ္စ္ပိုးကူးစက္ခံရသူပါလာမယ္၊ အဲဒီလူေတြ မႏၲေလးကို ေရာက္လာမယ္ဆိုရင္ ဘယ္ေလာက္မ်ား အႏၲရာယ္ႀကီးမလဲလို႔ မေတြးဝံ့စရာျဖစ္ရပါတယ္"

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီရဲ႕ ခ်မ္းျမသာစည္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအာင္ ကလည္း ေထာက္ခံေဆြးေႏြးပါတယ္။

"ဒီကိစၥက လဝက လုပ္ငန္းတစ္ခုတင္ ေျပာလို႔မရဘူး၊ အားလုံးဝိုင္းၿပီး ပူးေပါင္းေဆာင္႐ြက္မွရမယ္။ အကုန္လုံးမွာ တာဝန္ရွိတယ္။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးမွာလည္း တာဝန္ရွိတယ္။ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ကလည္း ပူးေပါင္းေဆာင္ ႐ြက္ရမယ္"

မႏၲေလးလႊတ္ေတာ္မွာ တရားမဝင္လူေနမႈေတြကို ကန႔္သတ္ဖို႔ တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉး ေအးလင္းထြန္း လည္း ပါဝင္ပါတယ္။
“ရပ္ထဲ႐ြာထဲမွာ ျပည္သူေတြရဲ႕ ေျပာၾကားခ်က္အရ တခ်ိဳ႕ ျမန္မာစကားမတက္တဲ့ ႏိုင္ငံျခားသားေတြဟာ စက္႐ုံ အလုပ္႐ုံေတြထဲမွာ၊ ရပ္ကြက္ေတြထဲမွာ တရားမဝင္ေရာက္ရွိေနၾကေၾကာင္း၊ အလုပ္လုပ္ကိုင္ေနၾကေၾကာင္း ေျပာၾကားမႈေတြရွိေနတာ ၾကားရပါတယ္။”

မႏၲေလးတိုင္းေဒသႀကီး လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ဦးေအာင္ၾကည္ ကို RFA က ဆက္သြယ္လို႔ မရရွိခဲ့ပါဘူး။

လူေနရပ္ကြက္ေတြမွာ တရားမဝင္ေနထိုင္တဲ့ တ႐ုတ္လူမ်ိဳးေတြလည္း ေတြ႕ေနရၿပီးေတာ့၊ အခုလို ဝူဟန္ဗိုင္းရပ္စ္ စိုးရိမ္ေနရခ်ိန္မွာ ထိေရာက္ေအာင္ အေရးယူေပးဖို႔ လိုတယ္လို႔ မႏၲေလးၿမိဳ႕သား စာေရးဆရာ လြတ္လပ္ၿငိမ္း က ေျပာပါတယ္။

“တ႐ုတ္လူမ်ိဳးေတြဟာ ကိုယ္ပိုင္အိမ္ေတြမွာ လူမသိ၊ သူမသိ ပုန္းပုန္းလွ်ိဳလွ်ိဳနဲ႔  ခိုေအာင္းေနထိုင္တဲ့သူေတြလည္း အမ်ားႀကီးရွိေနတယ္ဆိုတာ အရပ္သတင္းေတြအရ ၾကားသိရပါတယ္။ က်ေနာ္တို႔ တိုင္းျပည္က ဆင္းရဲတဲ့ တိုင္းျပည္ျဖစ္တဲ့အတြက္ တကယ္လို႔မ်ား ဝူဟန္ဗိုင္းရပ္စ္ ပ်ံႏွံ႔သြားရင္ ထိန္းခ်ဳပ္လို႔မရႏိုင္ေလာက္တဲ့ အေျခ အေနမ်ိဳးျဖစ္သြားႏိုင္တာေၾကာင့္ ႏိုင္ငံေတာ္အစိုးရ က်န္းမာေရးဝန္ႀကီးဌာနအေနနဲ႔ တ႐ုတ္လူမ်ိဳးေတြ ထင္သလို ဝင္ေရာက္ေနတာေတြ တားဆီးပိတ္ပင္သင့္တယ္"

၂၀၁၈-၁၉ တုန္းက မႏၲေလးကို ဇီး႐ိုးဘတ္ဂ်က္ခရီးသြား အစီအစဥ္နဲ႔ တ႐ုတ္တစ္ေသာင္းဝန္းက်င္ ဝင္ေရာက္ခဲ့ ပါတယ္။ လတ္တေလာျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကိစၥေၾကာင့္ ဇီး႐ိုးဘတ္ဂ်က္ခရီးသြားအုပ္စုလိုက္ ဝင္ေရာက္ မႈ မရွိေတာ့ဘူးလို႔ မႏၲေလး တ႐ုတ္ေကာင္စစ္ဝန္က ေျပာထားပါတယ္။

တကယ္လို႔ေတြ႕ရွိရင္လည္း ခ်က္ခ်င္းျပန္လႊတ္ဖို႔ တ႐ုတ္သံ႐ုံးကို အကူအညီေတာင္းႏိုင္တယ္လို႔လည္း မစၥ လီလီပဲ က ေျပာၾကားထားပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ကိုဗစ္ ေခၚ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔အထိ ေသဆုံးသူ ၁၃၀၀ ေက်ာ္ရွိလာပါၿပီ။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ဟိုတယ်မှာမတည်းတဲ့ တရုတ်ခရီးသွားကို ကူရှာပေးဖို့ တိုက်တွန်း

တရုတ်ခရီးသွားတချို့ ဟိုတယ်တွေမှာမတည်းဘဲ သာမန်အရပ်သားတွေလို ရပ်ကွက်တွေမှာ တည်းခိုကြတာရှိနေ တာကြောင့်၊ ကိုဗစ် (Covid) ခေါ်  ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးလုပ်တဲ့အခါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က ကူညီရှာဖွေပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

အဲလိုနေထိုင်တဲ့အထဲ တရုတ်တွေ ဝင်ထွက်သွားလာမှုများတဲ့ မန္တလေးလည်းပါနေပါတယ်။ တနင်္လာနေ့တုန်းက ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ လူမှန်သမျှ ဝူဟန်ဗိုင်းရပ်စ်ကို ကြောက်လန့်နေရ တဲ့ အနေအထားဖြစ်နေတာမို့ တရားမဝင်လူနေထိုင်မှုတွေကို တင်းကြပ်ပေးဖို့ သာစည်မြို့နယ် လွှတ်တော်စား လှယ် ဦးမိုးမြင့်သန်း က ဆွေးနွေးခဲ့ပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့နေရာအသီးသီးမှာ ပျံ့နှံ့နေပြီလို့ သိရှိရပါတယ်။ ပျောက်ကင်းကုသနိုင်တဲ့ ဆေး မရှိသေးဘူးလို့ သိရတဲ့အတွက် အလွန်ထိတ်လန့် ကြောက်ရွံ့စရာကောင်းတဲ့ရောဂါပိုးဖြစ်ပါတယ်။ အခုအချိန်က လူမှန်သမျှ ဝူဟန်အတွက် ကြောက့်ရွံနေရတဲ့အချိန်ဖြစ်ပါတယ်။ တရားမဝင်လမ်းကြောင်းက ဥပဒေမဲ့ ခိုးဝင်လာ သူတွေထဲမှာ တကယ်လို့များ ဒီဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပါလာမယ်၊ အဲဒီလူတွေ မန္တလေးကို ရောက်လာမယ်ဆိုရင် ဘယ်လောက်များ အန္တရာယ်ကြီးမလဲလို့ မတွေးဝံ့စရာဖြစ်ရပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ချမ်းမြသာစည် လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် ကလည်း ထောက်ခံဆွေးနွေးပါတယ်။

"ဒီကိစ္စက လဝက လုပ်ငန်းတစ်ခုတင် ပြောလို့မရဘူး၊ အားလုံးဝိုင်းပြီး ပူးပေါင်းဆောင်ရွက်မှရမယ်။ အကုန်လုံးမှာ တာဝန်ရှိတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာလည်း တာဝန်ရှိတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ပူးပေါင်းဆောင် ရွက်ရမယ်"

မန္တလေးလွှတ်တော်မှာ တရားမဝင်လူနေမှုတွေကို ကန့်သတ်ဖို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး အေးလင်းထွန်း လည်း ပါဝင်ပါတယ်။
“ရပ်ထဲရွာထဲမှာ ပြည်သူတွေရဲ့ ပြောကြားချက်အရ တချို့ မြန်မာစကားမတက်တဲ့ နိုင်ငံခြားသားတွေဟာ စက်ရုံ အလုပ်ရုံတွေထဲမှာ၊ ရပ်ကွက်တွေထဲမှာ တရားမဝင်ရောက်ရှိနေကြကြောင်း၊ အလုပ်လုပ်ကိုင်နေကြကြောင်း ပြောကြားမှုတွေရှိနေတာ ကြားရပါတယ်။”

မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည် ကို RFA က ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

လူနေရပ်ကွက်တွေမှာ တရားမဝင်နေထိုင်တဲ့ တရုတ်လူမျိုးတွေလည်း တွေ့နေရပြီးတော့၊ အခုလို ဝူဟန်ဗိုင်းရပ်စ် စိုးရိမ်နေရချိန်မှာ ထိရောက်အောင် အရေးယူပေးဖို့ လိုတယ်လို့ မန္တလေးမြို့သား စာရေးဆရာ လွတ်လပ်ငြိမ်း က ပြောပါတယ်။

“တရုတ်လူမျိုးတွေဟာ ကိုယ်ပိုင်အိမ်တွေမှာ လူမသိ၊ သူမသိ ပုန်းပုန်းလျှိုလျှိုနဲ့  ခိုအောင်းနေထိုင်တဲ့သူတွေလည်း အများကြီးရှိနေတယ်ဆိုတာ အရပ်သတင်းတွေအရ ကြားသိရပါတယ်။ ကျနော်တို့ တိုင်းပြည်က ဆင်းရဲတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် တကယ်လို့များ ဝူဟန်ဗိုင်းရပ်စ် ပျံနှံ့သွားရင် ထိန်းချုပ်လို့မရနိုင်လောက်တဲ့ အခြေ အနေမျိုးဖြစ်သွားနိုင်တာကြောင့် နိုင်ငံတော်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တရုတ်လူမျိုးတွေ ထင်သလို ဝင်ရောက်နေတာတွေ တားဆီးပိတ်ပင်သင့်တယ်"

၂၀၁၈-၁၉ တုန်းက မန္တလေးကို ဇီးရိုးဘတ်ဂျက်ခရီးသွား အစီအစဉ်နဲ့ တရုတ်တစ်သောင်းဝန်းကျင် ဝင်ရောက်ခဲ့ ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စကြောင့် ဇီးရိုးဘတ်ဂျက်ခရီးသွားအုပ်စုလိုက် ဝင်ရောက် မှု မရှိတော့ဘူးလို့ မန္တလေး တရုတ်ကောင်စစ်ဝန်က ပြောထားပါတယ်။

တကယ်လို့တွေ့ရှိရင်လည်း ချက်ချင်းပြန်လွှတ်ဖို့ တရုတ်သံရုံးကို အကူအညီတောင်းနိုင်တယ်လို့လည်း မစ္စ လီလီပဲ က ပြောကြားထားပါတယ်။ တရုတ်နိုင်ငံမှာ ကိုဗစ် ခေါ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ သေဆုံးသူ ၁၃၀၀ ကျော်ရှိလာပါပြီ။

RFA Burmese
https://www.rfa.org
ဟိုတယ္မွာမတည္းတဲ့ တ႐ုတ္ခရီးသြားကို ကူရွာေပးဖို႔ တိုက္တြန္း ဟိုတယ္မွာမတည္းတဲ့ တ႐ုတ္ခရီးသြားကို ကူရွာေပးဖို႔ တိုက္တြန္း Reviewed by THITHTOOLWIN on 22:45 Rating: 5
Powered by Blogger.