ပုသိမ္ၿမိဳ႕မွာ အခ်ဳပ္ခန္းေဖာက္ၿပီး အခ်ဳပ္သား(၃)ဦးထြက္ေျပး

(Zawgyi)⤵⤵⤵
ပုသိမ္၊ ႏိုဝင္ဘာ ၁၀-၂၀၁၉

ပုသိမ္ၿမိဳ႕ရွိ၊ ပုသိမ္နယ္ေျမရဲစခန္းမွာ မေန႔ ႏိုဝင္ဘာ၉ရက္ညပိုင္းက အခ်ဳပ္ခန္းေဖာက္ၿပီး အခ်ဳပ္သား(၃)ဦးထြက္ေျပးသြားတယ္လို႔ ပုသိမ္နယ္ေျမရဲစခန္းကေန သိရပါတယ္။

အခ်ဳပ္ၾကေနတဲ့ အခ်ဳပ္တန္းစီး ေနာင္ေနာင္၊ ရဲေဇာ္၊ ေဇာ္ေဇာ္လိူင္ သုံးဦးဟာ နံနက္၁နာရီ အခ်ိန္က နယ္ေျမစခန္း ရဲ႕အခ်ဳပ္ကိုေဖာက္ပီး ထြက္ေျပးလႊတ္ေျမာက္သြားခဲ့ကာ နာရီပိုင္းအတြင္းမွာ ေနာင္ေနာင္နဲ႔ ရဲေဇာ္ကို ျပန္လည္ဖမ္းမိခဲ့တယ္လို႔ သိရပါတယ္။

“ ခုကတစ္ေယာက္လႊတ္ေနတာ ဆိုင္ကယ္ခိုးမူပုဒ္မနဲ႔ ဖမ္းဆီးထားတဲ့ တရားခံပါ ဘယ္လိုထြက္ေျပးတာလဲဆိုတာ စုံစမ္းေနတုန္းပါ ” လို႔ပုသိမ္နယ္ေျမစခန္းက တာဝန္က် ရဲအရာရွိကေျပာပါတယ္။

ခုလို တရားခံထြက္ေျပးလႊတ္ေျမာက္တဲ့အတြက္ ကင္းတာဝန္က်ရဲတပ္ဖြဲ႕ဝင္ေတြကို အခ်ဳပ္ျပစ္ဒဏ္ခ်ထားၿပီး လႊတ္ေျမာက္ေနတဲ့သူကို ဖမ္းဆီးနိင္ေရး ေဆာင္႐ြက္ေနတယ္လို႔ ပုသိမ္နယ္ေျမရဲစခန္းကေန သိရပါတယ္။

ကိုေအာင္(VOM)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-----------
(Unicode)⤵⤵⤵
ပုသိမ်မြို့မှာ အချုပ်ခန်းဖောက်ပြီး အချုပ်သား(၃)ဦးထွက်ပြေး

ပုသိမ်၊ နိုဝင်ဘာ ၁၀-၂၀၁၉

ပုသိမ်မြို့ရှိ၊ ပုသိမ်နယ်မြေရဲစခန်းမှာ မနေ့ နိုဝင်ဘာ၉ရက်ညပိုင်းက
အချုပ်ခန်းဖောက်ပြီး အချုပ်သား(၃)ဦးထွက်ပြေးသွားတယ်လို့ ပုသိမ်နယ်မြေရဲစခန်းကနေ သိရပါတယ်

အချုပ်ကြနေတဲ့ အချုပ်တန်းစီး နောင်နောင်၊ ရဲဇော်၊ ဇော်ဇော်လိူင် သုံးဦးဟာ နံနက်၁နာရီ အချိန်က နယ်မြေစခန်း ရဲ့အချုပ်ကိုဖောက်ပီး ထွက်ပြေးလွှတ်မြောက်သွားခဲ့ကာ နာရီပိုင်းအတွင်းမှာ နောင်နောင်နဲ့ ရဲဇော်ကို ပြန်လည်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။

“ ခုကတစ်ယောက်လွှတ်နေတာ ဆိုင်ကယ်ခိုးမူပုဒ်မနဲ့ ဖမ်းဆီးထားတဲ့ တရားခံပါ ဘယ်လိုထွက်ပြေးတာလဲဆိုတာ စုံစမ်းနေတုန်းပါ ” လို့ပုသိမ်နယ်မြေစခန်းက တာဝန်ကျ ရဲအရာရှိကပြောပါတယ်။

ခုလို တရားခံထွက်ပြေးလွှတ်မြောက်တဲ့အတွက် ကင်းတာဝန်ကျရဲတပ်ဖွဲ့ဝင်တွေကို အချုပ်ပြစ်ဒဏ်ချထားပြီး လွှတ်မြောက်နေတဲ့သူကို ဖမ်းဆီးနိင်ရေး ဆောင်ရွက်နေတယ်လို့ ပုသိမ်နယ်မြေရဲစခန်းကနေ သိရပါတယ်။

ကိုအောင်(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ပုသိမ္ၿမိဳ႕မွာ အခ်ဳပ္ခန္းေဖာက္ၿပီး အခ်ဳပ္သား(၃)ဦးထြက္ေျပး ပုသိမ္ၿမိဳ႕မွာ အခ်ဳပ္ခန္းေဖာက္ၿပီး အခ်ဳပ္သား(၃)ဦးထြက္ေျပး Reviewed by THITHTOOLWIN on 00:25 Rating: 5
Powered by Blogger.