လန္ဒန္ၿမိဳ႕အနီး ထရပ္ကြားအတြင္း ေသဆုံးခဲ့သူ ၃၉ ဦးအတြက္ ဖေယာင္းတုိင္မီး ထြန္းညိႇဆုေတာင္းသည့္ျမင္ကြင္း။ (ေအာက္တုိဘာ ၂၄၊ ၂၀၁၉) |
(Zawgyi / Unicode)
ၿဗိတိန္ႏုိင္ငံ၊ လန္ဒန္ၿမိဳ႕အနီးက အလုံပိတ္ ထရပ္ကားတစင္းထဲမွာ ၿပီးခဲ့တဲ့ရက္ပုိင္းက ရွာေတြ႔ခဲ့တဲ့ အေလာင္း ၃၉ ေလာင္းဟာ တ႐ုတ္ႏုိင္ငံသားေတြ ျဖစ္မယ္လို႔ ၿဗိတိန္ရဲေတြက အေစာပိုင္းမွာ ေျပာထားေပမယ့္ ဗီယက္နမ္ႏု္ိ္င္ငံက မိသားစု ၂ ခုက သူတို႔မိသားစု၀င္ေတြ ျဖစ္ႏုိင္တယ္ဆိုၿပီး ေျပာဆိုလာပါတယ္။
ေသဆုံးသူေတြထဲမွာ အမ်ိဳးသား ၃၁ ဦးနဲ႔ အမ်ိဳးသမီး ၈ ဦး ပါ၀င္ပါတယ္။ ၿဗိတိန္ကိုသြားတဲ့ ခရီးလမ္းမွာ သူ႔သား ေသဆုံးသြားတယ္ဆိုၿပီး လူတေယာက္က ဖုန္းဆက္အေၾကာင္းၾကားလာတယ္လို႔ ဗီယက္နမ္အမ်ိဳးသားႀကီး တေယာက္က AFP သတင္းဌာနကို ဒီကေန႔ပဲ ေျပာဆိုပါတယ္။
၂၀၁၈ ခုႏွစ္ကတည္းက တ႐ုတ္ႏုိင္ငံမွာ တရားမ၀င္ ေနထုိင္ေနတဲ့ သားျဖစ္သူက ၿဗိတိန္ကိုသြားဖို႔ စီစဥ္ေနတယ္လို႔ ၿပီးခဲ့တဲ့ ၂ ပတ္ေလာက္မွာ ဖုန္းဆက္ေျပာခဲ့ေၾကာင္း Nguyen Dinh Gia က ေျပာပါတယ္။
အသက္ ၂၀ အရြယ္ သားျဖစ္သူ Nguyen Dinh Luong ဟာ အဲဒီခရီးစဥ္အတြက္ အေမရိကန္ေဒၚလာ တေသာင္းေလးေထာင္ ေပးရမယ္လို႔လည္း သူ႔ကို ေျပာျပခဲ့တယ္လို႔လည္း Gia က ေျပာပါတယ္္။
အေလာင္းေတြမေတြ႔ခင္ ၂ ရက္အလို၊ ေအာက္တိုဘာ ၂၁ ရက္ေန႔၊ ညေန ၃ နာရီေလာက္မွာပဲ ျပင္သစ္ကေန သူ႔သား ထြက္သြားၿပီလုိ႔ ထင္ေၾကာင္း ၿဗိတိန္ႏုိင္ငံက အဆက္အသြယ္တခုက သူ႔ကို ေျပာခဲ့တယ္လို႔ အေဖျဖစ္သူ Gia က ေျပာပါတယ္။
ေသဆုံးသူထဲမွာ ပါတယ္လို႔ ယူဆရတဲ့ အျခား ဗီယက္နမ္အမ်ိဳးသမီးတဦးျဖစ္တဲ့ အသက္ ၂၆ ႏွစ္အရြယ္ Thi Tra My ကလည္း သူ႔ရဲ႕ ျပည္ပခရီး မေအာင္ျမင္ေၾကာင္းနဲ႔ အသက္႐ွဴၾကပ္လို႔ သူေသရပါေတာ့မယ္၊ အေမနဲ႔အေဖကို ခ်စ္ပါတယ္လို႔ ႏႈတ္ဆက္စာတိုေလးကို တယ္လီဖုန္းမက္ေဆ့ခ်္ကေန ဗီယက္နမ္ကအေမဆီ ဗုဒၶဟူးေန႔က ေပးပို႔ခဲ့တာ ျဖစ္ပါတယ္။
------------------------------------
(Unicode)
ဗြိတိန်ကုန်တင်ကား သေဆုံးသူတွေထဲ ဗီယက်နမ်တွေ ပါပုံရ
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့အနီးက အလုံပိတ် ထရပ်ကားတစင်းထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရှာတွေ့ခဲ့တဲ့ အလောင်း ၃၉ လောင်းဟာ တရုတ်နိုင်ငံသားတွေ ဖြစ်မယ်လို့ ဗြိတိန်ရဲတွေက အစောပိုင်းမှာ ပြောထားပေမယ့် ဗီယက်နမ်နို်င်ငံက မိသားစု ၂ ခုက သူတို့မိသားစုဝင်တွေ ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုလာပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသား ၃၁ ဦးနဲ့ အမျိုးသမီး ၈ ဦး ပါဝင်ပါတယ်။ ဗြိတိန်ကိုသွားတဲ့ ခရီးလမ်းမှာ သူ့သား သေဆုံးသွားတယ်ဆိုပြီး လူတယောက်က ဖုန်းဆက်အကြောင်းကြားလာတယ်လို့ ဗီယက်နမ်အမျိုးသားကြီး တယောက်က AFP သတင်းဌာနကို ဒီကနေ့ပဲ ပြောဆိုပါတယ်။
၂၀၁၈ ခုနှစ်ကတည်းက တရုတ်နိုင်ငံမှာ တရားမဝင် နေထိုင်နေတဲ့ သားဖြစ်သူကဗြိတိန်ကိုသွားဖို့ စီစဉ်နေတယ်လို့ ပြီးခဲ့တဲ့ ၂ ပတ်လောက်မှာ ဖုန်းဆက်ပြောခဲ့ကြောင်း Nguyen Dinh Gia က ပြောပါတယ်။
အသက် ၂၀ အရွယ် သားဖြစ်သူ Nguyen Dinh Luong ဟာ အဲဒီခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ တသောင်းလေးထောင် ပေးရမယ်လို့လည်း သူ့ကို ပြောပြခဲ့တယ်လို့လည်း Gia က ပြောပါတယ်။
အလောင်းတွေမတွေ့ခင် ၂ ရက်အလို၊ အောက်တိုဘာ ၂၁ ရက်နေ့၊ ညနေ ၃ နာရီလောက်မှာပဲ ပြင်သစ်ကနေ သူ့သား ထွက်သွားပြီလို့ ထင်ကြောင်း ဗြိတိန်နိုင်ငံက အဆက်အသွယ်တခုက သူ့ကို ပြောခဲ့တယ်လို့ အဖေဖြစ်သူ Gia က ပြောပါတယ်။
သေဆုံးသူထဲမှာ ပါတယ်လို့ ယူဆရတဲ့ အခြား ဗီယက်နမ်အမျိုးသမီးတဦးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် Thi Tra My ကလည်း သူ့ရဲ့ ပြည်ပခရီး မအောင်မြင်ကြောင်းနဲ့ အသက်ရှူကြပ်လို့ သူသေရပါတော့မယ်၊ အမေနဲ့အဖေကို ချစ်ပါတယ်လို့ နှုတ်ဆက်စာတိုလေးကို တယ်လီဖုန်းမက်ဆေ့ချ်ကနေ ဗီယက်နမ်ကအမေဆီ ဗုဒ္ဓဟူးနေ့က ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ၿဗိတိန္ကုန္တင္ကား ေသဆံုးသူေတြထဲ ဗီယက္နမ္ေတြ ပါပံုရ
Reviewed by THITHTOOLWIN
on
02:55
Rating: