အင်ဒိုနီးရှားတွင် မီးတောင်ကြောင့် ဖြစ်ပေါ်လာသည့် ဆူနာမီ ရေလှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးသူ ၃၇၃ဦးအထိ မြင့်တက်လာ
အင်ဒိုနီးရှားတွင် ဆူနာမီရိုက်ခတ်မှုကြောင့် ကျန်ရစ်ခဲ့သည့် အပျက်အစီးများအားတွေ့ရစဉ် (ဆင်ဟွာ) |
အင်ဒိုနီးရှားနိုင်ငံ တွင် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆူနာမီရေလှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ သည် ၃၇၃ဦးအထိ မြင့်တက်လာပြီး အခြားလူ ၁,၄၅၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ကပြောကြားခဲ့သည်။
မီးတောင်ပေါက်ကွဲရာမှ ရေအောက် မြေပြိုမှုကြောင့်ဖြစ်ပေါ်လာသော ဆူနာမီရေလှိုင်းဒဏ်ခံရသူများအတွက် ကယ်ဆယ်ရေး နှင့် ရှာဖွေရေး လုပ်ငန်းများကို ဆူနာမီအဆိုးရွားဆုံး ရိုက်ခတ်ခဲ့သည့် Banten ပြည်နယ်ရှိ Pandeglang နှင့် Serang ခရိုင်၊ Lampung ပြည်နယ် ရှိ Lampung Selatan၊ Panawaran နှင့် Tenggamus ခရိုင်များတွင် လုပ်ဆောင်နေဆဲဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသို့ပြောကြားခဲ့သည်။
ဆူနာမီသတိပေးချက်အား ဆောလျင်စွာထုတ်ပြန်ရန် ပျက်ကွက်ခဲ့မှုကြောင့် လူအများသည် ရွှေ့ပြောင်းရန် အခွင့်အရေးမရရှိခဲ့ဘဲ သေဆုံးသူများပြားခဲ့ရကြောင်း Sutopo ကပြောကြားခဲ့သည်။
ဆူနာမီရေလှိုင်းများကြောင့် စုစုပေါင်း နေအိမ် ၆၈၁လုံး၊ ဟော်တယ် နှင့် တည်းခိုအဆောက်အအုံ ၆၉လုံး၊ သင်္ဘော နှင့် လှေ အစီး ၄၂၀ ပျက်စီးခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။
၂၀၀၄ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ကလည်း အိန္ဒိယသမုဒ္ဒရာတစ်လျှောက်ရှိ နိုင်ငံများအား ဆူနာမီ ဝင်ရောက်တိုက်ခတ်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းစွန်း Aceh ပြည်နယ် မှ လူ ၁၇၀,၀၀၀ ဦး အပါအဝင် လူ ၂၂၆,၀၀၀ ဦး သေဆုံးခဲ့သေးကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
အင်ဒိုနီးရှားတွင် မီးတောင်ကြောင့် ဖြစ်ပေါ်လာသည့် ဆူနာမီ ရေလှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးသူ ၃၇၃ဦးအထိ မြင့်တက်လာ
Reviewed by THITHTOOLWIN
on
14:01
Rating: