ရင်ကြပ်ဝေဒနာမခံစားနိုင်လို့ ပေါင်းသတ်ဆေး သောက် သေဆုံးမှု ဖြစ်ပွား


အောက်တိုဘာလ (၂၀)ရက်နေ့ နံနက်ပိုင်းက ပုလဲမြို့နယ် ၊ ကံပေါက်ကျေးရွာနေ အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ရင်ကြပ်ရောဂါဝေဒနာမခံစားနိုင်တော့လို့ဆိုပြီး ပေါင်းကေလာအမည်ရှိတဲ့ ပေါင်းသတ်ဆေးရည် သောက်ပြီး အဆုံးစီရင်ခဲ့တယ်လို့ မှုခင်းစာအရ သိရပါတယ် ။

 ပုလဲမြို့နယ် ပြည်သူ့ဆေးရုံကိုပို့ဆောင်ခဲ့ရပြီး ဆေးကုသခံယူနေစဉ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ် ။ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တဲ့ အမျိုးသားဟာ တောင်ယာ လုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး ရင်ကြပ်ရောဂါ ဝေဒနာကို ခံစာနေရတယ်လို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ရဲ့ မှုခင်းစာအရ သိရပါတယ် ။

 ဒီရောဂါ ဝေဒနာကို မခံစားနိုင်လို့ ဆိုပြီး ပေါင်းသတ်ဆေး အဖုံးတစ်ဝက်ခန့် သောက်ရာကနေ အခုလို သေဆုံးသွားခဲ့တာပါ ။ ဒီသေဆုံးဟာ ဓမ္မတာအတိုင်း သေဆုံးခဲ့တာ ဟုတ်မဟုတ် စစ်ဆေးပေးနိုင်ဖို့ ဒုရဲအုပ်ကျော်ထွန်းဦးက တရားလိုပြု လုပ်တိုင်တန်း ခဲ့တယ်လို့ သိရပါတယ် ။ လက်ရှိမှာ ပုလဲမြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၇ ) အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေပါတယ် ။

သတင်းထောက် …………. မျိုးဝင်းထွန်း (မုံရွာ)
5 PLUS NEWS
https://www.facebook.com/5plusnews/
ရင်ကြပ်ဝေဒနာမခံစားနိုင်လို့ ပေါင်းသတ်ဆေး သောက် သေဆုံးမှု ဖြစ်ပွား ရင်ကြပ်ဝေဒနာမခံစားနိုင်လို့ ပေါင်းသတ်ဆေး သောက် သေဆုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 18:43 Rating: 5
Powered by Blogger.