မလေးရှားနိုင်ငံ ပီနန်းပြည်နယ် ဂျောခ်ျ့တောင်းမြို့တော်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ မြေပြိုမှု ဖြစ်ပွားတာကြောင့် မြန်မာနိုင်ငံသား(၁)ဦးအပါအ၀င် လူ(၃)ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အောက်တိုဘာလ(၂၁)ရက် ဒီကနေ့ မနက်အစောပိုင်းကဖြစ်ပွားခဲ့တဲ့ အဲဒီ မြေပြိုမှုကြောင့် မြန်မာနိုင်ငံသား(၁)ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသား(၂)ဦး သေဆုံးခဲ့ပြီး လူ(၁၁)ဦး ပျောက်ဆုံးနေတယ်လို့ အရာရှိတွေက ပြောပါတယ်။
နောက်ထပ် အလုပ်သမား(၂)ဦးကတော့ ဒဏ်ရာအနည်းငယ်ရရှိသွား တယ်လို့ ဆိုပါတယ်။ ခန့်မှန်းခြေ(၁၀)မီတာ အမြင့်ရှိ မြေပုံပြိုကျမှုကြောင့် လူ(၂၀)လောက်ထိ နစ်မြုပ်သွားပုံရပြီး ရှာဖွေကယ်ဆယ်မှုတွေ လုပ်ဆောင်နေကာ မြေပြိုကျရတဲ့ အကြောင်းရင်းကိုလည်း စုံစမ်းနေတယ်လို့ ပီနန်းမီးသတ်နဲ့ ကယ်ဆယ်ရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့တာကို Channel News Asia သတင်းမှာဖော်ပြထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
5 PLUS NEWS
https://www.facebook.com/5plusnews/
မလေးရှားနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မြေပြိုမှုဖြစ်ပွား မြန်မာ(၁)ဦးအပါအ၀င် (၃)ဦးသေဆုံး
Reviewed by THITHTOOLWIN
on
18:44
Rating:
