HRW အဖွဲ့က မှတ်တမ်းတင်ထားတဲ့ ရသေ့တောင်မြို့နယ်ထဲက ချိန်ခါလီ ကျေးရွာက အိမ်ခြေ ၇၀၀ လောက် မီးလောင်နေတဲ့ ဂြိုလ်တုရုပ်ပုံကို တွေ့ရစဉ်။ Photo: Human Rights Watch |
အဲဒီမီးလောင်မှုကို ဂြိုလ်တုရုပ်ပုံတွေထဲမှာ မြင်တွေ့ရတာဟာ ထင်ထားတာထက်တောင် ပိုဆိုးဝါးနေကြောင်း၊ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေကြောင်း စွပ်စွဲချက်တွေနဲ့ အခုမီးလောင်မှုဖြစ်စဉ်နဲ့ပါတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းလေ့လာသူတွေကို အမြန်ဆုံးသွားရောက် ခွင့်ပေးသင့်ကြောင်း HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Roberson က ပြောပါတယ်။
HRW အဖွဲ့အနေနဲ့ ရသေ့တောင်မြို့နယ်ထဲက ချိန်ခါလီ ကျေးရွာက အိမ်ခြေ ၇၀၀ လောက် မီးလောင်နေတဲ့ ဂြိုလ်တုရုပ်ပုံတွေကို သြဂုတ်လ ၃၁ ရက်နေ့က မှတ်တမ်းတင် ဆန်းစစ်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သြဂုတ် လ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ရခိုင်ပြည်နယ်မြောက်ပိုင်းက ၁၇ နေရာမှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ မှတ် တမ်းတွေရှိတယ်လို့လည်း HRW အဖွဲ့က ပြောပါတယ်။
ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမရဲ့ ထူးခြားပြောင်မြောက်တဲ့ အရည်အချင်းတွေကို အသုံးပြုပြီး ရိုဟင်ဂျာမွတ်ဆလင်တွေ အကြမ်းဖက်ခံနေရမှုကို အဆုံးသတ်သွားအောင် လုပ်ဆောင်ပေးဖို့ မျှော် လင့်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင် က စနေနေ့က ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
မွတ်ဆလင်ကျေးရွာ မီးရှို့ခံရကြောင်း HRW အဖွဲ့ ကြေညာချက်ထုတ်ပြန်
Reviewed by THITHTOOLWIN
on
19:12
Rating: