(၂၂)ဘီးတွဲယာဉ်က တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်အား တိုက်မိသဖြင့် တစ်ဦးသေဆုံး


နေပြည်တော်၊ စက်တင်ဘာ ၂

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့နယ်၊ ဟဲဟိုး-အောင်ပန်းသွား ပြည်ထောင်စုလမ်းပေါ်တွင် (၂၂)ဘီးတွဲယာဉ်က တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်အား တိုက်မိသဖြင့် တစ်ဦးသေဆုံး ခဲ့ကြောင်း သိရပါသည်။

ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အေးသာယာမြို့သစ်နေ လင်းနိုင်ထွန်း(၃၀)နှစ်မောင်းနှင်ပြီး တစ်မြို့နယ်တည်းနေ ချစ်သန်း(၂၈)နှစ် လိုက်ပါလာသည့် HYUNDAI (၂၂)ဘီးနောက်တွဲယာဉ်သည် အင်းခေါင်းကျေးရွာအနီး မိုင်တိုင် အမှတ်(၈၉/၁-၂)ကြားအရောက် အရှိန်မထိန်းနိုင်ဘဲတစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ အင်းခေါင်း ကျေးရွာနေ ဦးစံငြိမ်း(ခ)ဦးမောင်ပု(၆၅)နှစ်မောင်းနှင်လာသည့် ၂၆ယ/××××× လော်ဂျား-၁၁၀ ဆိုင်ကယ်အား မျက်နှာချင်းဆိုင်တိုက်မိသဖြင့် ဦးစံငြိမ်း(ခ)ဦးမောင်ပု တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

 လင်းနိုင်ထွန်း အား ဟဲဟိုးနယ်မြေရဲစခန်းယာဉ်(ပ)၁၆/၂၀၁၇၊ ရာဇသတ် ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရပါသည်။

သစ်ထူးလွင်

(၂၂)ဘီးတွဲယာဉ်က တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်အား တိုက်မိသဖြင့် တစ်ဦးသေဆုံး (၂၂)ဘီးတွဲယာဉ်က တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်အား တိုက်မိသဖြင့် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.