သင်းခွေချပ်တွေနဲ့ အကြေးခွံအမြောက်အများ ထိုင်းအကောက်ခွန်ဌာန ဖမ်းဆီး

စားသောက်ဆိုင်မှာ ပန်းကန်ထဲထည့်ထားတဲ့ သင်းခွေချပ်လေးတွေကို တွေ့ရစဉ် (Photo credit: CNN)
ထိုင်းနိုင်ငံမှာ ပြည်ပကသယ်လာတဲ့ သင်းခွေချပ်အရှင် ၁ ရာကျော်နဲ့ အကြေးခွံ ပေါင်ချိန် ၁ ထောင်နီးပါးကို အကောက်ခွန်ဌာနက မနေ့ကဖမ်းဆီးလိုက်ပါတယ်။

အဲဒီရှားပါးတိရစ္ဆာန်တွေနဲ့ပစ္စည်းတွေကို မလေးရှားကနေ ကုန်တင်ကား ၂ စီးနဲ့ သယ်လာတာလို့ အကောက်ခွန်ဌာန ညွှန်ကြားရေးမှူးချုပ်ကပြောပါတယ်။

သင်းခွေချပ်အသားကို ဗီယက်နမ်နဲ့တရုတ် ဒေသတချို့မှာ အရသာထူးတဲ့ဟင်းအဖြစ် စားသုံးကြသလို၊ အကြေးခွံကို ရိုးရာတိုင်းရင်းဆေးဖေါ်တဲ့နေရာတွေမှာအသုံးပြုပါတယ်။

အာရှနဲ့ အာဖရိကက သင်းခွေချပ်မျိုးနွယ် ၈ မျိုးရောင်းဝယ်ဖေါက်ကားတာ ပိတ်ပင်တားမြစ်တဲ့ဆုံးဖြတ် ချက်ကို ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်အတည်ပြုထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
သင်းခွေချပ်တွေနဲ့ အကြေးခွံအမြောက်အများ ထိုင်းအကောက်ခွန်ဌာန ဖမ်းဆီး သင်းခွေချပ်တွေနဲ့ အကြေးခွံအမြောက်အများ ထိုင်းအကောက်ခွန်ဌာန ဖမ်းဆီး Reviewed by THITHTOOLWIN on 07:28 Rating: 5
Powered by Blogger.