သန်လျင်၌ လမ်းဖြတ်ကူးသူ အဖွားအိုတစ်ဦး သေဆုံး


ရန်ကုန် ဇူလိုင် ၎

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားလမ်း၊ သီဟဒီပအားကစားကွင်းအနီး ဇူလိုင် ၃ ရက် နံနက် ၈ နာရီ မိနစ် ၂၀ အချိန်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ လမ်းဖြတ်ကူးသူ အဖွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားလမ်း၊ သီဟဒီပအားကစားကွင်းအနီး သန်လျင်-ကျောက်တန်း လမ်းအတိုင်း သန်လျင်ဘက်မှ ကျောက်တန်းဘက်သို့ (မြောက်မှတောင်သို့) ယာဉ်မောင်း အောင်ပြည့်ဖြိုး အသက် (၂၅) နှစ်၊ အမှတ်(၁၀၃)၊ ညောင်ဝိုင်းကျေးရွာ၊ ကျောက်တန်းမြို့နယ်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 9B/---- MITSUBISHI ROSA Bus အပြာရောင် ကိုယ်ပိုင်ယာဉ်သည် သီဟဒီပအားကစားကွင်းအရောက် ကျိုက်ခေါက်ဘုရားလမ်းအား အရှေ့မှအနောက်သို့ လမ်းဖြတ်ကူးသူ ဒေါ်သန်းလှ အသက် (၇၀) နှစ်၊ စစ်တမ်းကျေးရွာ၊ ကျောက်တန်းမြို့နယ် နေသူအား ၀င်ရောက် တိုက်မိခဲ့သည်။

ထိုသို့ ၀င်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်သန်းလှ အသက် (၇၀) နှစ်၊ စစ်တမ်းကျေးရွာ၊ ကျောက်တန်း မြို့နယ် နေသူတွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ညာဘက်နား သွေးထွက်ဒဏ်ရာ၊ ညာဘက်ပါး ပွန်းဒဏ်ရာများဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်အား မဆင်မခြင် ပေါ့ဆစွာမောင်းနှင်၍ လူသေဆုံး၊ ယာဉ်ပျက်စီးစေသူ ယာဉ်မောင်း အောင်ပြည့်ဖြိုး အသက် (၂၅) နှစ်၊ အမှတ်(၁၀၃)၊ ညောင်ဝိုင်းကျေးရွာ၊ ကျောက်တန်းမြို့နယ်နေသူ အား သန်လျင်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သန်လျင်၌ လမ်းဖြတ်ကူးသူ အဖွားအိုတစ်ဦး သေဆုံး သန်လျင်၌ လမ်းဖြတ်ကူးသူ အဖွားအိုတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 17:11 Rating: 5
Powered by Blogger.