ညောင်ပင်ကြီး လဲကျ၍ နေအိမ်နှစ်လုံးပေါ်ပိ


မော်လမြိုင် ဇူလိုင် ၎

မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဇူလိုင် ၄ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့် မုပွန်ရပ်ကွက် ကျောက်တန်းလမ်းမပေါ်ရှိ သက်တမ်းလွန် ညောင်ပင်ကြီးမှာလဲကျ၍ နေအိမ်အမှတ် (8/B)နေ ဒေါ်အေးအေးမာနေအိမ်နှင့် နေအိမ်အမှတ် 9A နေ ဒေါ်လချမီးနေအိမ်သို့ ပိမိသွားကြောင်း သိရသည်။


သက်တန်းလွန်ညောင်ပင်ကြီးပြိုလဲသည့်နေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်မြင့်နှင့်တပ်ဖွဲ့ဝင်များ၊ မုပွန်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်နှင့် တပ်ဖွဲ့ဝင်များ၊ မြိုင်သာယာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်တင်ထွန်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးတင်မောင်နီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဌာနမှ အမှုဆောင်အရာရှိ ဦးမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး ဝန်ထမ်းများရောက်ရှိ၍ ကရိန်းများ၊ လွှစက်များဖြင့် ဖြတ်တောက် လျက်ရှိကြောင်း သိရသည်။

၎င်းသစ်ပင်ပြိုလဲပြီး နေအိမ်နှစ်လုံးပေါ်ပိမိခဲ့သော်လည်း နေအိမ်ရှိလူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

တင်ထွဋ်(မော်လမြိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ညောင်ပင်ကြီး လဲကျ၍ နေအိမ်နှစ်လုံးပေါ်ပိ ညောင်ပင်ကြီး လဲကျ၍ နေအိမ်နှစ်လုံးပေါ်ပိ Reviewed by THITHTOOLWIN on 03:19 Rating: 5
Powered by Blogger.