ဘရာဇီး နိုင်ငံ တွင် လေယာဉ်ငယ် တစ်စင်း ပျက်ကျမှု ဖြစ်ပွား ခဲ့ပြီး ၄ ဦး သေဆုံး

Cessna အမျိုးအစား လေယာဉ်ငယ် တစ်စင်း အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ဘရာဇီးလီးယား ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

    ဘရာဇီး နိုင်ငံ မြောက်ပိုင်း Roraima ပြည်နယ် အစိုးရ က ဇူလိုင်လ ၃ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ပြည်နယ်မြောက်ပိုင်း ဒေသတွင် လေယာဉ်ငယ် တစ်စင်းပျက်ကျခဲ့ပြီး ၄ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်ပွား သည့် နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

ပျက်ကျခဲ့သည့် လေယာဉ်သည် Cessna အမျိုးအစား လေယာဉ်ငယ် တစ်စင်းဖြစ်ပြီး Roraima ပြည်နယ် ရှိ လေယာဉ် ငှားရမ်းပေးသည့် ကုမ္ပဏီ တစ်ခု မှ ပိုင်ဆိုင်သည့် လေယာဉ် ဖြစ်ကြောင်း ၊ လေယာဉ် သည် ပြေးလမ်း မှ စတင်ထွက်ခွာပြီး နောက်တွင် သစ်တော အတွင်းသို့ ပျက်ကျသွား ခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်း ၊ အခင်းဖြစ်ပွားစဉ် တွင် လေယာဉ်ပေါ်၌ လူ ၅ ဦး လိုက်ပါသွား ခဲ့ပြီး ၄ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ တစ်ဦး ကို နီးစပ်ရာ ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

လေယာဉ် ငှားရမ်းပေးသည့် ကုမ္ပဏီ မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် မိမိတို့အနေဖြင့် နေ့စဉ် လုံခြုံရေး စစ်ဆေးမှု နှင့် အရေးပေါ် ကယ်ဆယ်ရေး ကိရိယာ တို့ကို ပုံမှန်စစ်ဆေးခဲ့ပြီး လက်ရှိချိန်တွင် လေယာဉ်ပျက်ကျသည့် အကြောင်းရင်း ကို စုံစမ်းစစ်ဆေးနေကြောင်း ပါဝင် ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ဘရာဇီး နိုင်ငံ တွင် လေယာဉ်ငယ် တစ်စင်း ပျက်ကျမှု ဖြစ်ပွား ခဲ့ပြီး ၄ ဦး သေဆုံး ဘရာဇီး နိုင်ငံ တွင် လေယာဉ်ငယ် တစ်စင်း ပျက်ကျမှု ဖြစ်ပွား ခဲ့ပြီး ၄ ဦး သေဆုံး Reviewed by THITHTOOLWIN on 17:07 Rating: 5
Powered by Blogger.