၆၀ ကျော်ဇရာအိုက ကညာပျိုမဟုတ်တဲ့ ဇရာအို ကို သားမယားပြုကျင့်


တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ၊ ရွှေပြည်စိုးကျေးရွာ ၆မိုင်ကုန်း နေ ဒေါ်------------- (၆၅) နှစ်သည်နေအိမ်တွင် တစ်ယောက် တည်းရှိနေစဉ် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၉ နာရီခွဲ ခန့် တွင် တစ်ရွာတည်းနေ ကရင်(ခ)အောင်မြင့် (၆၂)နှစ်၊ နေအိမ်သို့ရောက်ရှိလာပြီး ၄င်းအားနေအိမ်အတွင်းရှိ ရေချိုးခန်းအတွင်းသို့အတင်းဆွဲခေါ်ကာ ဆွဲလှဲ ခဲ့ပြီး သားမယားအဖြစ်ပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

သားမယားကျင့်ရန် ဆောင်ရွက်ခဲ့စဉ် ငြင်းဆန်ရုန်းကန်ဆောင်ရွက်နေချိန် သားဖြစ်သူပြန်လည်ရောက်ရှိလာ၍ ထွက်ပြေးသွားခဲ့ ကြောင်းနှင့် ၄င်းအား သားမယားအဖြစ်ပြုကျင့်ရန်ဆောင် ရွက်ခဲ့သူ ကရင် အား ဥပဒေအရအရေးယူပေနိုင်ပါရန် တိုင်တန်းချက်အရ ကော့သောင်းရဲစခန်း (ပ)၉၉၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိခဲ့ပါသည်။

ကရင်အား ဖမ်းဆီးရမိရေးအ တွက် ရဲအုပ်အောင်ဇော်မင်းထွန်းဦးစီးအဖွဲ့ နှင့် ဒုရဲအုပ်သက်ပိုင်ဦး ဦးအဖွဲ့တို့သည် ရွှေပြည်စိုးကျေး ရွာနှင့် ဆယ်မိုင်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း ၍၄င်း သွားလာတတ်သည့်နေရာများအား စစ်ဆေးရှာ ဖွေခြင်း ၄င်းတို့၏ဆွေမျိုးသားခြင်းများ နေထိုင်သည့် နေရာများအား စုံစမ်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ၁၀ မိုင်ကျေးရွာအနီးဥယျာဉ်ခြံတစ်ခုတွင် ၄င်း၏ဆွေမျိုး များအလုပ်လုပ်ကိုင်နေပြီး ၄င်နေရာမှာ သွားလာရေး ခက်ခဲ၍ ပုန်းခိုနေထိုင်နိုင်ကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ ၄င်းဥယျာဉ်ခြံအတွင်းမှပင် ကရင်အားဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်လျှက်ရှိပါသည်။

Aung Zaw Min Tun
၆၀ ကျော်ဇရာအိုက ကညာပျိုမဟုတ်တဲ့ ဇရာအို ကို သားမယားပြုကျင့် ၆၀ ကျော်ဇရာအိုက ကညာပျိုမဟုတ်တဲ့ ဇရာအို ကို သားမယားပြုကျင့် Reviewed by THITHTOOLWIN on 16:11 Rating: 5
Powered by Blogger.