အမွေကိစ္စဖြင့် သားအဖချင်း စကားများရန်ဖြစ်ရာမှ သားဖြစ်သူသေဆုံး

ကျောက်ပန်းတောင်းမြို့ တမ္ပ၀တီရပ်ကွက်တွင် အမွေကိစ္စဖြင့် သားအဖချင်း စကားများရန်ဖြစ်ရာမှ သားဖြစ်သူသေဆုံး
ကျောက်ပန်းတောင်း၊ ဇူလိုင်-၎

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တမ္ပ၀တီရပ်ကွက်တွင် အမွေတောင်းသည့်ကိစ္စဖြင့် သားအဖချင်းစကားများရန်ဖြစ်ရာမှ ကတ်ကြေးဖြင့်ထိုးသဖြင့် သားဖြစ်သူသေဆုံးသွားသောအမှု ဇူလိုင်(၃)ရက်၊ ည၈နာရီ ခွဲကအဆိုပါရပ်ကွက်ရှိတရားခံ၏နေအိမ်တွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာတရားလိုဖြစ်သူ ဦးခင်မောင်ဝင်း ပွဲစား၊အောင်မင်္ဂလာရပ်ကွက်၊ ကျောက်ပန်းတောင်းမြို့ နေသူသည်၊တမ္ပ၀တီရပ်ကွက်ရှိ ဖခင်ဖြစ်သူဦးသိန်းရွှေ၏နေအိမ်သို့အလည်သွားရောက်စဉ် ညီဖြစ်သူစိုးမင်းထက်နှင့်ဖခင် ဦးသိန်းရွှေတို့မှာအမွေတောင်းခံသည့်ကိစ္စနှင့်ပတ်သက်ပြီးတစ်ယောက် တစ်ခွန်းစကားများနေကြရာမှ ဖခင်ဖြစ်သူဦးသိန်းရွှေက နေအိမ်ထရံတွင် ထိုးထားသောအရိုးအသွား(၈) လက်မခန့်ရှိကတ်ကြေးဖြင့် ဒေါသအလျှောက် ထိုးသတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ထိုသို့ အခင်းဖြစ်ပွားစဉ် သေဆုံးသူ ၏ မိခင်ဖြစ်သူ(တရားခံ၏ဇနီး)မှ ၀င်ရောက်ဖြန်ဖြေရာမိခင်ဖြစ်သူဒေါ်သန်းတင်မှာ ၀ဲဘက်ပခုံးပြတ်ရှဒဏ်ရာ(၁)ချက်၊၀ဲဘက်လည်ဂုတ်ပြတ်ရှဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)ရရှိ၍၊ စိုးမင်းထက် တွင် ၀ဲဘက်ရင်အုံအထက်တွင်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ယာတင်ပါးပွန်းပဲ့ဒဏ်ရာ(၁)ချက်ဒဏ်ရာရရှိခဲ့ပြီး၊ ဆေးရုံသို့ပို့အပ်ရာစိုးမင်းထက်မှာရရှိသည့်ဒဏ်ရာဖြင့်သေဆုံးသွားခဲ့သဖြင့် သေဆုံးသူ၏အကိုဖြစ်သူ ဦးခင်မောင်ဝင်း ကတရားလိုအဖြစ် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စခန်းမှူးဒုတိယရဲမှူးထွန်းတင်နှင့်တပ်ဖွဲ့ဝင်များကတရားလို၊တရားခံများ စစ်ဆေးခြင်း၊ သက်သေခံပစ္စည်းသိမ်းဆည်းခြင်း၊ အမှုဆေးစာပေးပို့ခြင်းနှင့် တရားခံဖမ်းဆီးခြင်းများကိုဆောင်ရွက်ပြီး၊ တရားခံဖြစ်သူဦးသိန်းရွှေ(၆၇)နှစ်အား အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

နေအောင်(iprd)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အမွေကိစ္စဖြင့် သားအဖချင်း စကားများရန်ဖြစ်ရာမှ သားဖြစ်သူသေဆုံး အမွေကိစ္စဖြင့် သားအဖချင်း စကားများရန်ဖြစ်ရာမှ သားဖြစ်သူသေဆုံး Reviewed by THITHTOOLWIN on 17:10 Rating: 5
Powered by Blogger.