ညောင်လေးပင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ စာသင်ကျောင်းနှင့် လူနေအိမ်များထိခိုက် ပျက်ဆီး


ညောင်လေးပင် ဇူလိုင် ၎

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်အတွင်း ဇူလိုင်လ ၃ ရက် ည ၁၂ နာရီမှစ၍ ဇူလိုင် ၄ ရက် မနက်၃နာရီထိလေပြင်းတိုက်ခတ်ခဲ့ရာ ကျေးရွာအချို့၌ စာသင်ကျောင်းများနှင့် လူနေအိမ်များထိခိုက်ပျက်ဆီး ခဲ့ကြောင်းငိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့်ညောင်လေးပင်မြို့နယ်ရေဖြူကန်ကျေးရွာ အုပ်စု ရေဖြူကန်ကျေးရွာရှိအလက (ခွဲ)စာသင်ကျေင်းရှိ(၃၀×၆၀)အုတ်ညှပ် သွပ်မိုးစာသင်ဆောင်တစ်ဆောင်ရှိမြားတန်း ၁၈ ပေ၃၆ ချောင်းသွပ်ချပ်ရေ ၁၀၈ ချပ်ခန့် အမိုးလန်ပျက်ဆီးခဲ့ပြီးလူနေအိမ်နှစ်လုံးသွပ် အမိုးလန် ထိခိုက်သဖြင့်ကာလတန်ဖိုးနှစ်ဆယ့်လေးသိန်းကျော်ခန့် ဆုံးရှုံးခဲ့သည်။

အလားတူညောင်လေးပင်မြို့နယ်ထင်းကုန်းကျေးရွာအုပ်စု ထင်းကုန်းကျေးရွာတွင်လည်းလူနေအိမ်နှစ်လုံးပြိုကျ၍လူနေအိမ်၁၀ လုံး သွပ်အမိုးလန်ခဲ့ပြီး ဒုံစရစ်ကျေးရွာတွင်လည်း လူနေအိမ် ၁၁ လုံး သွပ်အမိုး လန်ခဲ့ကာ ကျောက်ပုံကျေးရွာတွင်လည်းလူနေအိမ်၃ လုံးပြိုကျ၍ လူနေအိမ် ၁၄ လုံးသွပ်အမိုးလန်ကာထိခိုက်ခဲ့သည် စုစုပေါင်းအိမ်ခြေ ၄၀ ခန့်  ထိခိုက် ပျက်ဆီးခဲ့ပြီးကာလတန်ဘိုး ခြောက်ဆယ့်ခုနှစ်သိန်းကျော်ခန့်  ဆုံးရှုံးခဲ့သည်။

ရေဖြူကန်ကျေးရွာမှထိခိုက်ပျက်ဆီးသွားသောစာသင်ဆောင်မှကျောင်းသားများအား မထိခိုက်သောစာသင်ဆောင်များသို့ ခေတ္တပြောင်းရွေ့  ကာ စာဆက်လက်သင်ကြားနိင်ရေးအတွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျောင်းအုပ် ဆရာကြီးများပူပေါင်းဆောင်ရွက်လျက် ရှိကြောင်းနှင့် ထင်းကုန်းကျေးရွာ ဒုံစရစ်ကျေးရွာ ကျောက်ပုံကျေးရွာမှပြိုကျ အိမ်ခြေများနှင်အမိုးလန်အိမ်ခြေများအားသက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး များ ရပ်မိရပ်ဖများ ကျေးရွာသူ/သားများစုပေါင်း၍လိုအပ်သည် များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသတင်းရရှိသည်။

နေလင်း(ညောင်လေးပင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ညောင်လေးပင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ စာသင်ကျောင်းနှင့် လူနေအိမ်များထိခိုက် ပျက်ဆီး ညောင်လေးပင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်၍ စာသင်ကျောင်းနှင့် လူနေအိမ်များထိခိုက် ပျက်ဆီး Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.