ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရွှေတောင်မြို့ ရပ်ကွက်အချို့ ဒေသခံများ စိုးရိမ်လျှက်ရှိ


ရွှေတောင် ဇူလိုင် ၎

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၊ သရက်တောရပ်ကွက်၊ မင်းတဲလမ်း၊ ကမ်းနား ဘက်ခြမ်းရှိနေအိမ်များသည် ဧရာဝတီမြစ်ရေ တိုက်စားပြိုကျမှုများနီး ကပ်လာသည့်အတွက် ဒေသခံများ စိုးရိမ်လျက် ရှိကြောင်း သိရသည်။

 မြစ်ရေတိုက်စားမှုမှာ လွန်ခဲ့သည့်နှစ်များတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးလက်ရှိအခြေအနေပိုမိုဆိုးရွားလာကာအိမ်ခြေ(၄ဝ)ခန့်မှ စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း ဒေသခံများ ကပြောသည်။
 ''ဒီရေလှိုင်းလုံးတွေက တဝုန်းဝုန်းရိုက်ခတ်နေတော့ ကျွန်မတို့မှာ ညညဆိုအိပ်လို့မပျော်ပါ ဘူး ကလေးတွေကလည်းရှိတော့ ကိုယ့်အိမ်မှာတောင်ကိုယ်မအိပ်ရဲဘူး တခြားနေရာတွေမှာရွှေ့ ပြောင်းအိပ်နေရပါတာအဲဒါကြောင့်ကျွန်မတို့ကိုလိုအပ်သလိုအကူအညီလေးတွေပေးစေချင်ပါတယ်'' ဟု မင်းတဲလမ်းနေ မနွယ်နီဝင်း က ပြောသည်။

 ယခင်ကကမ်းပါးနှင့်ပေ(၃ဝဝ)ခန့်အကွာအဝေးရှိခဲ့ သော် လည်း မြစ်ရေတိုက်စားမှုသည် ဇွန်လနှောင်းပိုင်းလောက်ကစတင်၍ ရေစီးကြမ်းလာခြင်း၊ မြစ်ရေတက် ခြင်း များဖြစ်ကာ လူနေအိမ်များနှင့် ၂ ပေခန့်အထိနီးကပ်လာနေပြီဖြစ်ကြောင်း သိရှိရကာ အကူအညီ များလည်းလိုအပ်နေကြောင်း ဒေသခံများကဆက်လက်ပြောကြားသည်။

 လတ်တလောအားဖြင့် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးညွှန့်ဝေ နှင့်မြို့နယ်အဆင့်တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှု လျက်ရှိ ကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရွှေတောင်မြို့ ရပ်ကွက်အချို့ ဒေသခံများ စိုးရိမ်လျှက်ရှိ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ရွှေတောင်မြို့ ရပ်ကွက်အချို့ ဒေသခံများ စိုးရိမ်လျှက်ရှိ Reviewed by THITHTOOLWIN on 16:58 Rating: 5
Powered by Blogger.