YBS ယာဉ်လိုင်းအားလုံးက (၁၉၉၅)မော်ဒယ်အောက်ကားတွေအတွက် CNG ထုတ်ယူခွင့်ကို မနက်ဖြန်မှာ တိုင်းဒေသကြီးအစိုးရက ရပ်ဆိုင်းတော့ မှာဖြစ်ပါတယ်။ ဒါကြောင့် လစ်လပ်သွားတဲ့ (၁၉၉၅)မော်ဒယ်အောက် ကားတွေနေရာမှာ ယာဉ်လိုင်းအချင်းချင်းက အခြားယာဉ်တွေက အစားထိုးပြေးဆွဲပေးဖို့ စီစဉ်ထားတယ်လို့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကတော့ YBS ယာဉ်လိုင်းတွေမှာ ပြေးဆွဲဖို့ ကားအသစ် အစီးရေ (၁၀၀၀)ကို မှာယူထားပြီး ပြင်ဆင်မှုတွေ ပြုလုပ်ပေးနေပါတယ်။ ဒီကားတွေကို လစ်လပ်သွားတဲ့ (၁၉၉၅)မော်ဒယ်အောက် ကားတွေနေရာမှာ အစားထိုးပြေးဆွဲဖို့ စီစဉ်ထားပေမယ့် တိုင်းဒေသကြီးအစိုးရအဖွဲ့က လိုအပ်တာတွေ လုပ်ဆောင်ဖို့ အနည်းငယ်ကျန်သေးတာကြောင့် အခုလို အချိန်မီမပြေးဆွဲနိုင်သေးတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီကားအသစ်တွေကို ဇူလိုင်လဆန်းပိုင်းမှာပဲ ဘယ်ယာဉ်လိုင်းတွေမှာ ပြေးဆွဲမယ်ဆိုတာ ဆုံးဖြတ်ပြီး ပါဝင်ပြေးဆွဲသွားမှာဖြစ်တယ်လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။
(YBS ဘတ်စ်ကားတစ်စီး ပြေးဆွဲနေမှုကို တွေ့ရစဉ်)
5 PLUS NEWS
https://www.facebook.com/5plusnews
(၉၅) မော်ဒယ်အောက်ကားတွေ CNG ထုတ်ယူခွင့် မနက်ဖြန် ရပ်ဆိုင်းမယ်
Reviewed by THITHTOOLWIN
on
18:59
Rating: