ထိုင်ဝမ်အဖွဲ့ကို ကျန်းသစ္စာကျိန်ဆိုပွဲ တက်ခွင့်မပြုဖို့ တရုတ်ပြောကြား


အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဒေါ်နယ်လ် ထရမ့် အနေနဲ့ ထိုင်ဝမ်ကိုယ်စားလှယ်အဖွဲ့ကို သမ္မတ ကျန်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ခွင့်မပေးပါနဲ့လို့ တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

အဲဒီလိုတက်ရောက်ခွင့်ပြုရင် အမေရိကန် တရုတ် ၂ နိုင်ငံအကြား ဆက်ဆံရေးကို ထိခိုက်လိမ့်မယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်ကိုယ်စားလှယ်အဖွဲ့ဟာ ကျန်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ ဝါရှင်တန်ကို တနင်္လာနေ့က ထွက်ခွာလာခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ အမေရိကန်နိုင်ငံရေးသမားတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ထိုင်ဝမ်အဖွဲ့ကို ကျန်းသစ္စာကျိန်ဆိုပွဲ တက်ခွင့်မပြုဖို့ တရုတ်ပြောကြား ထိုင်ဝမ်အဖွဲ့ကို ကျန်းသစ္စာကျိန်ဆိုပွဲ တက်ခွင့်မပြုဖို့ တရုတ်ပြောကြား Reviewed by THITHTOOLWIN on 11:24 Rating: 5
Powered by Blogger.